Credit-org-source
လူမှုရေးမရှိတဲ့ လူအချို့နဲ့ ကြုံဖူးတယ်။ညံ့ဖျင်းလွန်းတဲ့ပေါင်းသင်းဆက်ဆံရေးအပြင် တစ်ဖက်သားကို မခံချိမခံသာဖြစ်အောင်လည်း ပြောတတ်ပါသေးတယ်။
အဲ့ဒီလိုလူမှာ လူမှုရေးမရှိခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အပေါင်းအသင်းမရှိတဲ့..။သူများတွေက မခေါ်မပြောချင်ကြဘူး..အဲ့ဒီလိုနဲ့တဖြည်းဖြည်း အဲ့ဒီလိုလူဟာ သူချည်းပဲ ဖြစ်လာတော့တာပါပဲ။
ကျွန်တော်ကြုံဖူးတဲ့ လူတစ်ယောက်ဆို အပေါင်းအသင်း မိတ်ဆွေမရှိဘူး။တစ်ဖက်သားနဲ့ ဘယ်လိုပြောဆိုရမှန်းလည်းမသိဘူး။ ပိုဆိုးတာက သူက ကပ်စီးကလည်း ကုပ်ပါသေးတယ်။
Credit-org-source
သူ့ကိုကူညီတဲ့လူတွေကိုလည်း ကူတယ်လို့မထင် ကျေးဇူးမတင် ဖင်လှန်ပြပုံစံမျိုး လုပ်လေ့ရှိပါသေးတယ်။ တော်တော် စိတ်ယားစရာ ကောင်းပါတယ်။ မကောင်းတတ်လို့ ကူညီနေကြရတာတောင် ကူတယ်လို့ အထင်မခံရ ကျေးဇူးအတင်မခံရတဲ့ အခါ စိတ်တိုဒေါသထွက်လာကြတော့တာပါပဲ။
ဒီလိုပါ သူ့သားကို ရှင်ပြုပွဲလုပ်တဲ့အခါ ကြုံရတာတွေပါ။
ကုန်မှာလည်းစိုးရဲ့ ပွဲမလှမှာလည်း ကြောက်ရဲ့နဲ့ လာကူညီပေးသူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကိုလည်း ပြောသင့်မှန်းမပြောသင့်မှန်းမသိပဲ ပြောလိုက ပြောနဲ့ သူ့အမျိုးသမီးခမျာ သနားစရာကောင်းလောက်အောင် ပျာယာခတ်နေရတော့တာပဲ။
သူ့အမျိုးသမီးကြောင့်သာ ပွဲကလှသွားတယ်လို့ ဆိုလို့ရပေမဲ့ အဲ့ဒီလူမှုရေးမရှိတဲ့ လူလိုသာဆို အဲ့ဒီပွဲ အတော်ရုပ်ဆိုးဆိုးနဲ့ပြီးသွားမယ် ထင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်တောင် လူမှုရေးမရှိတဲ့ လူတွေဆို အတော်လေးချဉ်သွားမိတဲ့အထိပါပဲ။ စိတ်လည်းပျက်စရာကောင်းတယ်။
နောက်ဆို ဘယ်တော့မှ လူမှုရေးမရှိတဲ့ လူတွေနဲ့မဆက်ဆံဘူး..။အပေါင့းအသင်းမလုပ်ဘူးလို့တောင် တွေးမိလိုက်တယ်။
ဘယ်လိုစိတ်နေစိတ်ထားကြောင့် အဲ့ဒီလို လူမှုရေးမရှိရတာလဲ ကျွန်တော်လည်း မတွေးတတ်အောင်ပါပဲ။ပြောချင်စိတ် မရှိတော့လောက်အောင် လူမှုရေးခေါင်းပါးချက်ကတော့ ကမ်းကုန်ပဲဗျာ...
အဲ့ဒီလိုလူမျိုးတွေ ဈေးများရောင်းစားရင် ခဏလေး ငတ်မှာပဲလို့လည်း တွေးခဲ့မိပါသေးတယ်။လူအများနဲ့ပေါင်းသင်းဆက်ဆံရမယ့် လူမှုရေးပညာကို နည်းနည်းလေးမှမသိမှတော့ လူတွေနဲ့လက်တွဲ့ပြီး လုပ်ရမဲ့အလုပ်တွေနဲ့ဆို သေချာပေါက် ငတ်မှာပဲ။
Credit-org-source
ကျွန်တော်ကိုယ်တိုင် လူမှုရေးပြည့်ဝနေတယ်လို့ မဆိုချင်ပါဘူး။အဲ့ဒီလူကတော့ သေချာပေါက် ကျွန်တော့လောက်တောင် လူမှုရေးရှိမယ်မထင်ပါဘူး..။
သူတို့ဖိတ်လို့ သွားရတာတောင် ပြန်လှည့်ပြန်ချင်စိတ်ပေါက်လောက်အောင် ဖြစ်နေလို့ပါ။
လူမှုရေး ညံ့ဖျင်းလွန်းတဲ့ လူတွေနဲ့ ကျွန်တော့်မိတ်ဆွေတွေကိုရော ကျွန်တော် ကိုယ်တိုင်ရော ဘယ်တော့မှ မတွေ့ကြပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတော့တယ်ဗျာ...
Writter @htetnainglin
Msc 188