ကိုယ့်ဒူးကိုယ်ချွန်စေချင်

Words
153
Reading
1 min
Listen
Play
8y

 image
ကျွန်​​တော်​တို့ onlineနဲ့ ​ကော်​ပီယူခြင်းဟာ အခု​ခေတ်​မှာ ထမင်းစား​ရေ​သောက်​လို လုပ်​​နေကြတာ​တွေ့ရပါတယ်​။မူရင်း​ရေးသူကို မ​ဖော်​ပြပဲ ​ကော်​ပီကူးတယ်​။ကိုယ်​​ရေးသလိုလို ပြန်​လုပ်​တယ်​။တကယ်​​တော့မဖြစ်​သင့်​ပါဘူး။

စာ​ပေ ဂီတ ရုပ်​ရှင်​ သဘင်​လို အနုပညာမှာမှ မဟုတ်​ပါဘူး ဘယ်​နယ်​မှာပဲမဆို ​ကော်​ပီယူတယ်​ဆိုရင်​ မူရင်းကို မူပိုင်​ခွင့်​​ပေးသင့်​ပါတယ်​။ ကိုယ်​ပိုင်​ တီထွင်​ဖန်​တီးနိုင်​စွမ်း နည်းပါးလို့ သူတပါး ဖန်​တီးထားမှုအ​ပေါ်မှာ မှီခိုရတာ ဖြစ်​တဲ့ အတွက်​ အရိပ်​​နေ​နေအခက်​ချိုးချိုး ပုံစံမျိုးနဲ့​တော့ မလုပ်​သင့်​ကြပါဘူး။ မူရင်းဖန်​တီသူ​တွေဆိုရင်​ စာ​ပေပဲ ဖြစ်​ဖြစ်​ ဓာတ်​ပုံ​လေးပဲ ဖြစ်​ဖြစ်​ credit​တော့​ပေးသင့်​ပါတယ်​။

ကော်​ပီသမား​တွေဟာ မူရင်း ပိုင်​ရှင်​​တွေ​အောက်​ တစ်​ဆင့်​နိမ့်​ပါတယ်​။သူ့ဖန်​တီးမှုကိုမှ ကိုယ်​က ပို​ကောင်း​အောင်​ လုပ်​နိုင်​တာ သူ့အမှားကိုပဲ ​ထောက်​ပြနိုင်​တာ ဖြစ်​ပြီး ကိုယ်​တိုင်​ဖန်​တီးနိုင်​မှု အားနည်းတာမို့ အဲ့လို​ပြောရခြင်းပါ။

ကျွန်​​တော်​တို့​တွေဟာ ​ကော်​ပီယူလိုက်​မိရင်​လည်း ကိုယ့်​နိမ့်​ကျမှုကို ကိုယ်​တိုင်​ နိမ့်​ချမှုနဲ့ ရိုးသားတဲ့ ဂုဏ်​ကို​တော့ ပိုင်​ဆိုင်​ကြဖို့ ကြိုးစားသင့်​ပါတယ်​။ ​ကော်​ပီယူပြီး ကိုယ်​တိုင်​ပဲ ဖန်​တီးသလိုလုပ်​ခြင်းဟာ ကိုယ့်​ကိုယ်​ကိုယ်​​ရော ပတ်​ဝန်းကျင်​ကိုပါ လိမ်​လည်​ရာကျပါတယ်​။အဲ့ဒီလို လူမျိုး​တွေက ​ရေရှည်​မှာ အများလက်​ခံနိုင်​ဖို့ ခဲယဉ်းပါတယ်​။
image
ဂီတ တစ်​ခုမှာ ​ရှေးအဆက်​ဆက်​က မြန်​မာသီချင်း​တွေဟာ အခုထိ ပရိတ်​သတ်​​တွေ လက်​ခံ​နေကြတုန်းဖြစ်​​ပေမဲ့ ​ကော်​ပီသီချင်း​တွေက​တော့ ခဏ​လေးနဲ့ ​ပျောက်​ကွယ်​သွားကြ​လေ့ရှိပါတယ်​။

ကျွန်​​တော်​ကိုယ်​တိုင်​ ​ဖေ့စ်​ဘုတ်​​ပေါ်မှာ ​အချို့ စာ​ပေနဲ့ ဓာတ်​ပုံ​တွေကို ကော်​ပီယူသုံးတတ်​ပါတယ်​ ..ဒါ​ပေမဲ့ မူရင်းကို Credit​ ပေးဖို့က​တော့ အတတ်​နိုင်​ဆုံး မ​မေ့မ​လျော့ လုပ်​​ဆောင်​ပါတယ်​။

အခု ကျွန်​​တော်​တို့ steemitမှာ ​ကော်​ပီယူခြင်းကို ပြင်းပြင်းထန်​ထန်​ ကန့်​ကွက်​ထားတာကို အ​တော်​​လေး သ​ဘောကျမိပါတယ်​။ကြိုက်​လည်း ကြိုက်​ပါတယ်​။အဲ့ဒီလို ​ကော်​ပီကို ကန့်​ကွက်​လိုက်​ခြင်းအားဖြင့်​ ကျွန်​​တော်​တို့ steemit​လောကသား​တွေဟာ အ​ချောင်​ခိုတာ​တွေ မရှိ​တော်​ပဲ ကိုယ့်​ဒူးကိုယ်​ချွန်​ ကြိုးစားကြရ​တော့တာပဲ ဖြစ်​ပါတယ်​။
image
ကိုယ်​တိုင်​ကြိုးစားမှုရဲ့ ရလာဒ်​က​တော့ ကိုယ်​တိုင်​ ထူးချွန်​လာကြတာပါ။အရင်​ကဆို အ​ကြောင်းအရာတစ်​ခုကို ​ရေးဖို့ တစ်​ရက်​​လောက်​စဉ်းစားရတယ်​။ ​နောက်​ပိုင်း ​နေ့တစ်​ဝက်​​လောက်​နဲ့ အ​ကြောင်းအရာတစ်​ခုကို ​ရေးတတ်​လာတယ်​။
ရှေ့ဆက်​ပြီးရင်​​တော့ ကျွန်​​တော်​တို့ ပိုစ့်​တစ်​ခု ​ရေးချိန်​ဟာ ဒီထက်​အများကြီး နည်းလာ​တော့မှာ ဖြစ်​ပြီး ပိုစ့်​​ကောင်း​တွေလည်း ပိုထွက်​လာမယ်​လို့ ​မျှော်​လင့်​မိပါတယ်​။

ဒါ​တွေက ​ကော်​ပီကို တားမြစ်​ပြီး ကိုယ့်​ဒူးကိုယ်​ချွန်​ကြ​စေခြင်းရဲ့ အနှစ်​သာရ​တွေပဲလို့ ကျွန်​​တော်​ ထင်​ပါတယ်​။

အားလုံးက ဒီထက်​ပို​တော်​ ပိုထက်​မြက်​လာကြ​စေဖို့ ​ကော်​ပီယူခြင်းကို ပြင်းပြင်းထန်​ထန်​ ကန့်​ကွက်​ကြပါစို့ လို့ပဲ ​ပြောချင်​ပါတယ်​ခင်​များ....
Writter htetnainglin@htetnainglin
Msc 188
Photo credit google

ကိုယ့်ဒူးကိုယ်ချွန်စေချင် | Ecency