ဂီတ

Words
141
Reading
1 min
Listen
Play
8y

image
ဂီတ
ဂီတမှာ အဆင့်​အတန်းမခွဲခြားဘူး။ဒါ​ပေမဲ့ အဆင့်​အတန်းရှိတယ်​။

ကျွန်​​တေ်​​ပြောတာ နည်းနည်းများ ရှုပ်​​ထွေးသွားမလားမသိဘူး။ ကျွ​န်​​တော်ဆိုလိုတာက ​ဂီတ​တွေဟာ ဆင်းရဲချမ်းသာမ​ရွေး လူမျိုးဘာသာမ​ရွေးနား​ထောင်​နိုင်​လို့ အဆင့်​အတန်းမခွဲခြားဘူးလို့ ဆိုတာပါ။ဒါ​ပေမဲ့ ဂီတရဲ့ တန်းဝင်​မှု​တွေ ဖန်​တီးမှု​တွေအလိုက်​ ဂီတရဲ့အဆင့်​အတန်းကို ကွဲပြားသွား​စေခြင်းကို ဆိုလိုတာပါ။

တချို့ သီချင်း​တွေဟာ ဂီတ​တော့မှန်​ပါတယ်​။ ဒါ​ပေမဲ့ သီချင်းဖြစ်​ရုံ​လောက်​ပါပဲ ​ပေါ်ပင်​ဂီတ​တွေို့​တောင်​ ဆိုနိုင်​ပါတယ်​။ ဂီတအဆင့်​အတန်း အင်​မတန်​အားနည်းတဲ့ ဂီ​တ​တွေအဖြစ်​နဲ့ ခဏပဲ ​ပေါ်ပြီး ခဏပဲ ​ပျောက်​သွားကြတာပါပဲ..တစ်​နှစ်​ထွက်​တယ်​ တစ်​နှစ်​​ပေါ်တယ်​ တစ်​နှစ်​​ခေတ်​စားတယ်​ ပြီး​တော့ တစ်​နှစ်​ကြာ​တော့ ​မေ့ကုန်​ကြပါ​ရော..
image
တချို့သီချင်း​တွေက​တော့ အင်​မတန်​မှ ဂီတအဆင့်​အတန်းမြင့်​ပါတယ်​ ။ခေတ်​အဆက်​ဆက်​ ဘယ်​အချိန်​ပဲ နား​ထောင်​ နား​ထောင်​ နား​ထောင်​လို့ မရိုးနိုင်​​လောက်​​အောင်​ ​ခေတ်​က ဆွဲ​ဆောင်​သွားနိုင်​​လောက်​​အောင်​ ဖန်​တီးမှုအား​တွေ ​ကောင်းလွန်းပါတယ်​။

တချို့သီချင်း​တွေဟာ ​​ရှေး​ဆယ်​စုနှစ်​ နှစ်​ခုသုံးခု​လောက်​က သီချင်း​တွေပါ..ဒါ​ပေမဲ့ သီဆိုသူ​တွေသာ ​ပြောင်းလဲသွားတယ်​ သီချင်း​တွေ​တော့ ​ပြောင်းလဲမသွားကြပါဘူး..ဒါဟာ အင်​မတန်​အင်ြ့မားတဲ့ ဂီတအဆင့်​အတန်း​တွေ​ကြောင့်​ပဲ လို့ ထင်​ပါတယ်​။

ဖန်​တီးမှုအား​ကောင်းကြတယ်​။ တီထွင်​မှုအား​ကောင်းကြတယ်​။ အရည်​အ​သွေးပြည့်​ဝကြတယ်​။
ဒါ​ပေမဲ့ အညွန့်​ခူးစားကြတဲ့ ဒီဖက်​​ခေတ်​က တချို့ ပြန်​ဆိုသူ​တွေဟာ အရင်​​ခေတ်​ကကို မမီ​တော့ဘူး။နာမည်​ကြီးပြီးသားသီချင်းမို့လို့သာ ပြန်​​ခေတ်​စားလာတာဖြစ်​ပြီး အရင်​က​လောက်​ ကြိုးစားအားထုတ်​မှုမရှိကြ​တော့တာ ဝန်​ခံရပါလိမ့်​မယ်​။
image
အထူးသဖြင့်​ ကျွန်​​တော်​တို့ မြို့မရဲ့ သင်္ကြန်​သီချင်း​တွေဟာ အခု​ခေတ်​မှာဆိုကြတာ​တွေ ​ကောင်းပါတယ်​။ ဒါ​ပေမဲ့ သူ့မူရင်းဖြစ်​တဲ့ သင်္ကြန်​မိုးရုပ်​ရှင်​ဇာတ်​လမ်းထဲကို ပြန်​ကြည့်​ပြီး အဲ့ဒီသီချင်း​တွေကို နား​ထောင်​ရတာ ကျွန်​​တော်​တို့​ခေတ်​လူငယ်​​တွေ နား​ထောင်​လို့ရ​နေတုန်း နား​ထောင်​လို့ ​ကောင်း​နေတုန်းပဲ ဆိုတာ​တော့ အမှန်​ပါပဲ..။

အကယ်​၍များ အဲ့ဒီသီချင်း​တွေကို ကြိုးစားအားထုတ်​မှု အားနည်းစွာနဲ့ ပြန်​ဆိုကြအုံးမယ်​ဆိုရင်​ အဖျားရှူးသွားတဲ့ ​ခေတ်​ကာလ ဂီတ​တွေ အဖြစ်​နဲ့ သိပ်​ကို ရှက်​စရာ ဖြစ်​​နေမှာပါ..

ကျွန်​​တော်​တို့ ​ခေတ်​လူငယ်​​တွေ ဘယ်​​လောက်​ပဲ​တော်​တယ်​​ပြော​ပြော ဂီတ​တွေမှာ အရင်​​လူကြီး​တွေ​လောက်​ ပညာပြည့်​ဝမှု ကြိုးစားအားထုတ်​မှာ တီထွင်​ဖန်​တီးမှု​တွေ မမီနိုင်​ကြဘူး။ သူတို့​ခေတ်​သူတို့အခါက အခု​လောက်​ ပစ္စည်းကိရိယာမစုံပဲနဲ့ အခု​ခေတ်​အထိ ရသပြည့်​ဝလွန်းတဲ့ ဂီတဖန်​တီးမှု​တွေကို ပြုလုပ်​နိုင်​ခဲ့ကြလို့ပါပဲ..

ကျွန်​​တော်​က​တော့ မန်း​တောင်​ရိပ်​ခိုသီချင်းတစ်​ပုဒ်​ထဲနဲ့​တောင်​ အခု​ခေတ်​ ​ရေ​ပေါ်ဆီ သီချင်း ဆယ်​​ခွေနဲ့​တောင်​ မလဲနိုင်​ပါဘူး...
အဲ့ဒါ ကျွန်​​တော်​ရဲ့ ဂီတအ​ပေါ်ထားတဲ့ ​​အမှန်​တရားပါပဲ..

Writter htetnainglin@htetnainglin
Msc 188
Photo from google

ဂီတ | Ecency