အရိပ်အကဲ

Words
127
Reading
1 min
Listen
Play
8y

image
ကျွန်တော်တို့ မြန်မာစာပေထဲမှာ ရှေးလူကြီးတွေပြောလေ့ရှိတဲ့ "အရိပ်သုံးပါ နားလည်ရတယ်"ပြောကြ ဆိုဆုံးမခဲ့ကြပါတယ်။အရိပ်သုံးပါးနားမလည်ပါက "ချေသူငယ်၊ကျားစားဖြစ်တတ်သည်"ဟူ၏။ထိုစကားလုံး စကားရပ်သည် မှန်ကန်တဲ့ တန်ဖိုးရှိတဲ့ စကားရပ်တစ်ခုလဲ ဖြစ်ပေသည်။ယဉ်ကျေးမှုဆိုတာ သူ့အရပ်ဒေသနဲ့အတူ လူမျိုးတိုင်းတွင်ရှိကြပါသည်။လူမျိုးတိုင်းမှာ ယဉ်ကျေးမှုရှိသလို မြန်မာလူမျိုးတွေမှာလဲ မြန်မာ့ယဉ်ကျေးမှုဆိုတာရှိပါသည်။မိမိယဉ်ကျေးမှုကို မိမိတန်ဖိုးထားထိမ်းသိမ်းမှ တန်ဖိုးရှိမှာပါ။မိမိကိုယ်တိုင် တန်ဖိုးထားမှ သူတပါး တိုင်းတပါးသားတို့ တန်ဖိုးထားကြမည်။သို့ပါသော်လည်း အသိခေါက်ခက်အဝင်နက်ဆိုသလို တစ်ယောက်နဲ့တစ်ယောက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အနှောက်အယှက် ဖြစ်စေတတ်သော အမူအကျင့်လေးများသည်လည်း မထင်မှတ်ထားဘဲ မိမိစိတ်သဘောတွင်မပါသော်လည်း တစ်ခါတစ်လေပြုမူတတ်ကြပေသည်။ထိုအမူအကျင့်လေးများကို ဂရုစိုက်ကာ ပြုပြင်တတ်ဖို့လဲလိုပါသည်။
images (4).jpeg
သူတစ်ပါးမသ်စေချင်တာကို ဝင်ရောက်စွတ်ဖက်တတ်တဲ့သူ၊သူတစ်ပါးဖိတ်ခေါ်မှုမရှိဘဲ အိမ်အလည်အပတ်သွားတတ်သောသူ အလည်အပတ်နေသော်လည်း ကြာမြင့်စွာ နေတတ်ကြသောသူ၊အပေါင်းသင်းမိတ်ဆွေများကြား စကားပြောမပြတ်သေးဘဲနဲ့ ဝင်ရောက်ပြီး အလိုက်မသိစွာ ဝင်ရောက်ပြောဆိုတတ်တဲ့သူ၊သမီးရီးစားစာ တွေကို အလိုက်မသိစွာ ခိုးဖောက်ဖတ်တတ်တဲ့သူ၊ဖုန်းပြောသည်ကို ခိုးကြောင်ခိုးဝှက်နားထောင်တတ်တတ်သူတွေဟာ လူမျိုးတို့ယဉ်ကျေးမှုကို ဥပေက္ခာပြုလျက် အရိပ်သုံးပါးနားမလည်တတ်ကြသူတွေ အလိုက်မသိနားမလည်တတ်ကြသော လူများဖြစ်ပေသည်။
လူဆိုသည်မှာ ပညာဗဟုသုတ အသိပညာ အတတ်ပညာတွေကို သင်ယူတတ်မြောက်ချင်ကြသည်မှာ ကောင်းမွန်တဲ့အရာဖြစ်သည်။လိုလိုလားလားတတ်မြောက်ချင်တာဟာလဲ ကောင်းတဲ့သဘောဖြစ်သည်။အများသူငှါ မိတ်ဆွေအရောင်းအရင်းများရဲ့ ခင်မင်မှု နှစ်ခြိုက်မှုကို လိုလားချင်ရင်တော့ ယဉ်ကျေးမှုရှိဖို့လိုအပ်သလို မိမိပြုသင့်ပြုထိုက်တဲ့ အမူအရာတွေဟာ အရိပ်သုံးပါးကို အကဲခပ်နားလည်ပြီး ပြုမူနေထိုင်တတ်ဖို့လဲ လိုအပ်ပါသည်။ယဉ်ကျေးမှုရှိသူသည် နေရာတကာဝင်ဆင့်သည် အပေါင်းအသင်း လူချစ်လူခင်ပေါများပါသည်။လူတကာရဲ့ လိုလားနှစ်သက်မှုကို လည်းခံယူရသည်။
download (3).jpeg
ယဉ်ကျေးမှုမရှိဘဲ လူတကာရဲ့အရိပ်အကဲ အရိပ်သုံးပါးကိုနားမလည်ပါက လူတကာရဲ့ ငြူဆူမှုကိုခံရတတ်သလို အပေါင်းအသင်းမိတ်ဆွေများကလဲ တဖြည်းဖြည်းရှောင်ရှားလာတတ်ကြပါသည်။အရိပ်အကဲ နားမလည်ခြင်းသည် ရိုင်းပြသော အပြုအမူတာဖြစ်ပေသည်။မိမိပြုမူလိုက်တာ ဘာတိဘာသာ သဘောအနေဆိုပေမဲ့ တဖက်လူစိတ်ထဲတွင် မိမိကိုရိုင်းသည်ဟု ထင်မှတ်သွားတတ်ကြသည်။ပြုပြင်တတ်ဖို့ လိုအပ်လှပါသည်။
ဥပဒေ၊စည်းကမ်း ဆိုသည်မှာလည်း အရိပ်သုံးပါးအပေါ်အခြေခံ၍ ထွက်ပေါ်လာခဲ့သော အကြောင်းအရာဖြစ်ပေသည်။
ရုံးခန်း၊ဌာနဆိုင်ရာ စာကြည့်တိုက်တို့တွင် "စကားကိုတိုးတိုးပြောပါ""ဆေးလိပ်မသောက်ရ""ရိုသေစွာကိုင်တွယ်ပါ""အမှိုက်များကို အမှိုက်ပုံးတွင် စွန့်ပစ်ပါ"စသည့် ကြောင်းချင်းအရာများဟာလည်း စည်းကမ်းမရှိတဲ့သူ အရိပ်အကဲ မသိတတ်သူတို့ကြောင့် ရေးထားရသော သတိပေးထားရသော စာသားများဖြစ်ပါသည်။
နေရာတိုင်း အရပ်ဒေသတိုင်းမှာလည်း သူ့စည်းကမ်းနဲ့သူရှိကြသည်။ကျောင်းကလဲ ကျောင်းစည်းကမ်း၊ရုံးကလည်းရုံးစည်းကမ်း။စည်းကမ်းကို တန်ဖိုးထားပြီး အရိပ်သုံးပါးနားလည်ပြီး ဘဝတွေတိုးတက်အောင် ဆောင်ရွက်ကြမည်။

Writter htetnainglin@htetnainglin
Msc 188
Photo credit google