တပို့တွဲလထမင်းနှဲပွဲ
ပတ်ရာမှ မြန်မာလ ဆယ့်နှစ်လရှိ တပို့တွဲလသို့
ရောက်ရှိလာတော့လေမည်။တပို့တွဲလသည်
ဆောင်း အကုန်နွေအကူး လေပြေရူးတဲ့လက
လေးလည်းဖြစ်ပေသည်....။တပို့တွဲလ ဟုပြော
လိုက်သည်နှင့် ကျွန်တော်အပါအဝင် မြန်မာ
ပြည်သူပြည်သားတိုင်း အရင်းဆုံးသတိရသည်မှာ...ထမင်းနှဲပွဲ ပင်ဖြစ်ပေလိမ့်မည်ဟု ထင်ပါ
သည်...။ထမင်းနှဲပွဲ ပြုလုပ်ခြင်းဓလေ့သည်ဟိုးအရင်ကတည်းကအခုအချိန်ထိ တပို့တွဲလတွင်သာစုပေါင်းညီညာစွာ ထမင်းနှဲထိုးကြလေ
သည်။ထမင်းနှဲသည် လူတစ်ဦးတစ်ယောက်
တည်း ပြုလုပ်ရန် ခက်ခဲသဖြင့် လူလေး
ယောက် ၊ငါးယောက် စသည်ဖြင့် စုပေါင်ညီညာစွာပြုလုပ်မှသာ မြန်ဆန်သက်သာစေ
သည်...။ထို့ကြောင့်ထမင်းနှဲပွဲသည် မြန်မာ
ပြည်သူပြည်သား များရဲ့စည်းလုံးညီညွှတ်မှုကို
ပြသောပွဲဟု ဆိုလျှင်လည်း မှားမည်ဟုမထင်ပါ.....။
ကျန်များ ပြင်းထန်စွာကျဆင်းပြီး လွန်စွာအေး
ချမ်းလှသောလဖြစ်ပေသည်.....။တပို့တွဲလ
သည် စပါးများပေါ်ချိန်ဖြစ်၍ အထူးသဖြင့်
မြန်မာနိုင်ငံ အနှံ့အပြားရှိ ကျေးရွာများတွင်
တပို့တွဲ လဆန်းမှ လပြည့်နေ့ အထိတိုင်အောင်
ကျင်းပလေ့ရှိပါသည်။ ထမင်းနှဲသည် ကောက်
ညှင်းဆန်ကို နှမ်းဆီ ၊ပဲဆီ၊မြေပဲ စသည်တို့
နှင့်ပြုလုပ်ထားသော မြန်မာ့ရိုးရာ အစားအစာ
တစ်ခုဖြစ်လေသည်...။တပို့တွဲလသည်
ထမင်းနှဲ ရာသီဖြစ်သည့်အလျောက် သူ့ရာသီ
နှင့် သူ့အချိန်အခါ အစားအစာကို စားရသည်
ကပို၍ကောင်းသည်...။တပို့တွဲလမဟုတ်ဘဲ
အခြားလတွင် ထမင်းနှဲလုပ်ပါက ရာသီအချိန်
အခါစားရသည်လောက် ကောင်းသည်မထင်ပါ....။အခြားဒေသများတွင် ထမင်းနှဲကို
ယာဂု ဟုလည်းခေါ်ကြပါသည်....။
အချိန်လောက်ပင်ကြို၍ ကောက်ညှင်းဆန်များ
ကိုရေစိမ်ထားရသည်....။ကျေးရွာများတွင်
မနက်ပိုင်းထမင်းနှဲထိုးပွဲကျင်းပတော့မည် ဆို
လျှင် ညဦးပိုင်းတွင် ရွာလယ်၌လူကြီးများသာမက လူငယ်များပါစုဝေးကာ ကြက်သွန် လှီးသူကလှီး ၊ထင်းပေါက်သူကပေါက် စသည်ဖြင့်
စည်းလုံးညီညာစွာလုပ်ကိုင်ကြသည်မှာ ပျော်စရာကောင်လှသကဲ့သို့ ချစ်စရာဓလေ့လေးတခုလည်းဖြစ်ပေသည်.....။
လေသည်....။ထမင်းနှဲသည် စားကောင်းသည်
မကောင်းသည်မှာ ထမင်းနှဲကိုင်ဆရာသည်
အဓိကကြသည်....။သုံးပေခန့်ရှိသော ဒယ်ကြီး
ထဲတွင် ရေစိမ်ထားသော ကောက်ညှင်းဆန်ကို
ဦးစွာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အား
ကောင်း မောင်းသန် လူကြီးများ ဒယ်ကိုလှည့်
ပတ်၍ လူတစ်ရပ်ခန့်ရှိသော သစ်သားယောင်းမကြီးများဖြင့် မွှေကြရသည်...။အချိန်အနည်းငယ်ကြာမှ ထမင်းနှဲကိုင်ဆရာက ဆီ၊ကြက်သွန်
ဖြူ ၊ကြက်သွန်နီ ၊ဂျင်း၊မြေပဲ ၊စသည်တို့ကို လိုအပ်သလို ထည့်ပေးရသည်...။ထမင်းနှဲကို
ပျော့စီးစီးလေး ဖြစ်စေရန်မှာ ထမင်းနှဲထိုးသား
များ၏တာဝန်ဖြစ်ပေသည်...။ထို့ကြောင့် ထ
မင်းနှဲထိုးရာတွင် အားကောင်းမောင်းသန်လူ
များကိုရွေး၍ထမင်းနှဲမွှေခိုင်းလေ့ရှိကြသည်..။
အင်တိုက်အားတိုက်ဖြင့် ချွေးများဒီးဒီးကျ
သည်အထိ သစ်သားယောင်းမကြီးများကို ဆုပ်
ကိုင်ကာ ဇွဲမလျှော့ဘဲ ကြိုးစားကြရသည်..။
ထမင်းနှဲထိုးပွဲ ကျင်းပပြီးပါက ရွာရှိကလေးသူ
ငယ်များကအစ တရွာလုံးလာရောက်စားကြ
သည်...။ ထမင်းနှဲများ ကျန်နေသေးပါက
အိမ်များကိုလှည့်လည်၍ ဝေနှပေးကာဒါနပြု
ကြလေသည်...။
ဆောင်းရာသီအတွက် ဆေးဖက်ဝင်အစားအစာ
လည်းဖြစ်သည်ဟူ၍ ဆိုပါသည်...။ဆေးလည်း
အစာ အစာလည်းဆေးဟုပင် ဆိုရပေမည်..။
ထို့ကြောင့် တပို့တွဲလရှိ ထမင်းနှဲပွဲသည် မြန်မာ
လူမျိုးတို့၏ ချစ်စရာဓလေ့ တစ်ခုဖြစ်သကဲ့သို့
စည်းလုံးညီညွတ်မှု့ကို ရရှိစေပြီး ပျော်ရွှင်ဖွယ်
အလှူအတန်းတခုလည်းဖြစ်ပေသည်......။
@htetlinaungg
Photo credit facebook
MSC, 078