Bitcoin ဆိုသောအရာ

Words
145
Reading
1 min
Listen
Play
8y

Bitcoin ဆိုတာဘာလဲ သေချာမသိရင်တောင်မှ
လူပြောသူပြောများနေတဲ့ bitcoin သို့မဟုတ် BTC ဆိုတဲ့စကားလုံးကို သင်ရင်းနှီးပြီးသား ဖြစ်နေမှာပါ။
မသိရင်လည်း ကိစ္စမရှိပါဘူး၊ Google မှာ ရိုက်နှိပ်ပြီး သင်ရှာဖွေကြည့်နိုင်ပါတယ်။ ဒါပေမယ့် သင်ဖတ်ရမယ့် သတင်းတွေကတော့ များသောအားဖြင့်
''Bitcoin ဟာအလားအလာမရှိတော့ဘူး''
''Bitcoin ဈေးနှုန်းဟာလက်ရှိဒေါ်လာဈေးထက် အဆမတန်များပြားနေတယ်၊ မကြာခင် ဘောလုံးကြီးပေါက်တော့မယ်''
ဘာညာသာရကာ.....
စတဲ့ အဆိုးမြင်ဝါဒဖြန့်တဲ့ သတင်းတွေဖတ်ကြည့်ပြီး
Bitcoin ဆိုတာကြီးကို ကိုင်တွယ်ဖို့ သင့်အနေနဲ့ လန့်ကောင်းလန့်နေမိမှာ အမှန်ပါ။


Image Source> Genesis Mining

Bitcoin ဆိုတာ....
ငွေကြေးတစ်မျိုးလား?
ရင်းနှီးမြှုပ်နှံမှုတစ်မျိုးလား?
စတော့ရှယ်ယာတစ်မျိုးလား?
စသဖြင့် မေးမြန်းခြင်းခံရမယ်ဆို ကျွန်တော့်အနေနဲ့
''ဟုတ်ပါတယ်ခင်ဗျာ၊
မှန်ပါတယ် ခင်ဗျာ'' လို့ပဲ ဝန်ခံရပါလိမ့်မယ်။

bitcoin ကို
"Satoshi Nakamoto'' ကတီထွင်ခဲ့တယ်၊
၂၀၀၉ခုနှစ်အစောပိုင်းမှာ Nakamoto က ပထမဆုံး 50 bitcoin ကို မိုင်းတူးပြီးသည့်နောက် စက်ရုံတစ်ခု ဖန်တီးခဲ့ပါတယ်။

နောက်ထပ်တစ်နှစ်နဲ့နှစ်ဝက်လောက်အကြာမှာ.......
''Laszlo Hanyecz'' လို့အမည်ရတဲ့သူတစ်ဦးဟာ
ပီဇာနှစ်ချပ်ကို 10,000 bitcoins ပေးပြီးဝယ်စားခဲ့ပါတယ်။
ဒါဟာ ပထမဆုံး cryptocurrency သုံးပြီး ပစ္စည်းဝယ်ယူမှုအဖြစ် သမိုင်းတွင်ခဲ့ပါတယ်၊
အဲ့ဒီတုန်းကတော့ 1btc ကို ဘယ်လောက်မှတန်ကြေးမရှိခဲ့ဘူးလေ။ ဒီနေ့ခေတ်ပေါက်ဈေးနဲ့ တွက်မယ်ဆိုရင်တော့ဗျာ....
ပီဇာနှစ်ခုကို 70$ မီလီယံကျော်ကျော်ပေးပြီး ဝယ်စားလိုက်တဲ့သဘောပါပဲ။
ပီဇာရောင်းလိုက်တဲ့သူဟာ ကျွန်တော်သာလျှင်ဖြစ်လိုက်ချင်ပါရဲ့။
နောက်တာ 😁

၂၀၁၁ ခုနှစ်အရောက်မှာ bitcoin တန်ဖိုးဟာ တစ်ဒေါ်လာနဲ့အထက်ကို စတင်ရောက်ရှိလာပြီ။
နောက်ထပ်နှစ်နှစ်လောက်အကြာမှာ bitcoin ဝယ်ယူမှု ၊ ရောင်းချမှုအပေါ်မူတည်ပြီး ဈေးနှုန်းတွေက တက်လိုက် ကျလိုက်နဲ့ပေါ့ဗျာ။
၂၀၁၃ ခုနှစ်နှောင်းပိုင်းမှာတော့ ဈေးနှုန်းဟာ အတက်ဈေးမှာပဲ တည်ငြိမ်စပြုလာပါတယ်။


Image Source >leaksource.wordpress.com

၂၀၁၇ ခုနှစ်အရောက်မှာတော့1 bitcoin ကို အမေရိကန်
ဒေါ်လာနှစ်သောင်းကျော်တန်ဖိုးရှိနေပါပြီ။
ဒီလိုနဲ့ bitcoin ဟာ လူသိများထင်ရှားလာပြီး အားလုံးရဲ့ အသည်းကျော် ''ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးတစ်ခိုင်'' ဖြစ်လာပါတော့တယ်။
ကဲ ဒီလောက်ဆို
bitcoin ရဲ့ သမိုင်းကြောင်းလေး အနည်းငယ် တီးမိခေါက်မိရှိသွားလောက်ပါပြီ။

အားလုံးကို ကျေးဇူးပါ။
honeysara@honeysara
MSC-040

Bitcoin ဆိုသောအရာ | Ecency