မိုးရွာခဲ့လျှင်

Words
79
Reading
1 min
Listen
Play
7y

"မေမေရာ ပူလိုက်တာ။ဘယ်လိုအိပ်လို့အိပ်ရမလဲကို မသိတော့ဘူး။ရေပဲထချိုးချင်လာပြီ။"
"နင်ကပဲ ပူတယ်ပြောရသေးတယ်ဟယ်။ငါတစ်ချိန်လုံးနင့်ကိုပဲ ယပ်ခတ်ပေးနေရတာ ဒါတောင်ပူတုံးလား။အိပ်မှာရှိ မြန်မြန်အိပ်စမ်းပါဟယ်။ မနက်ကျောင်းသွားရဦးမယ်မလား။"
"မေမေ အခုချိန်မိုးရွာရင် သိပ်ကောင်းမှာပဲနော်။ဒါဆိုသားသားအေးအေးလေးကွေးရပြီ။"
ပြောချင်ရာပြောပြီး ပူပူနဲ့အိပ်ပျော်သွားတဲ့ သားလေးကိုကြည့်ပြီး မအိပ်နိုင်သူက ကျွန်မပါ။

သားလေးပြောသွားတဲ့ "အေးအေးလေးကွေးရပြီ"ဆိုတဲ့ စကားက ကျွန်မကိုအိပ်မပျော်အောင်လုပ်ပေးထားတယ်။
ကျွန်မလည်းသားသားလိုပဲ မိုးကိုတောင့်တမိတာပေါ့။ဒါပေမယ့် မဖြစ်သေးပါဘူးလေ။

မိုးတွေအရမ်းရွာရင် မခံနိုင်တဲ့ ကျွန်မတို့ရဲ့ အိမ်အမိုး၊ လေပါတိုက်ရင် အချိန်မရွေးပြိုလဲနိုင်တဲ့ ကျွန်မတို့ရဲ့အိမ်တိုင်သေးသေး၊ မိုးရောလေပါတိုက်ရင် ထရံပေါက်တွေကနေ ကြမ်းပြင်ထိယိုစီးကျမယ့် မိုးရေစက်တွေ။ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ။မိုးယိုတာကို အောက်ကလိုက်ခံရတဲ့ ခွက်တွေကလည်း အမျိုးအစားစုံလင်လှပါတယ်။ထမင်းအိုး ကော်ခွက် ရေခွက် အင်တုံ များစွာပါပဲ။မိုးတစ်ခါရွာတိုင်း အိမ်ကြမ်းပြင်က ခွက်ပြခန်းဖြစ်ရပါတယ်။ပြင်မယ်လို့ရည်စူးပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝတောင် အနိုင်နိုင်။

အိမ်အမိုးတွေက လုံတယ်ပဲထားပါဦး။အေးအေးလေးနဲ့ ကွေးဖို့ကမဖြစ်နိုင်။မိသားစုသုံးယောက်ပေါင်းမှ စောင်ကတစ်ထည်။အချမ်းကြောက်တဲ့ ကျွန်မနဲ့သားသားလေးကို ဦးစားပေးပြီး ပုဆိုးလေးနဲ့အမြဲနှစ်ပါးသွားကွေးရတဲ့ အိမ်ဦးနတ်ကြီးကိုလည်း အားနာလှပါတယ်။သြော် နောက်ဆုံးတော့လည်း မိုးမရွာသေးတာပဲကောင်းပါတယ်လေ။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

မိုးရွာခဲ့လျှင် | Ecency