လွန်ခဲ့တဲ့တစ်လနီးပါးလောက်ကကျွန်တော့်သူငယ်ချင်းတစ်ယောက်လာ ပြောတယ် Steemitလေးသုံးရတာမဆိုးဘူး စာအရေးအသားလည်းတိုးတက်တယ် ကိုယ့်အတွက်လည်းအကျိုးရှိတယ်၊ ကိုယ်ရေးနိုင်ရင် ရေးသားနိုင်တဲ့အလျှောက် ကိုယ့်ရဲ့အရည်းချင်း အပေါ်မှာ မူတည်ပြီး $ လေးတွေလည်းရတယ်ဆိုတော့ စသုံးဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော် စသုံးတော့သူကကျွန်တော်သူငယ်ချင်းကဘယ်လိုတွေသုံးရမယ်ပြောပြတာပေါ့။ ဒါပေမယ့်လည်း အစပိုင်းဆိုတော့ ဆောင်းပါးတွေသတင်းတွေ သိပ်မရေးတတ်ဘူးလေ အဲ့ဒီတော့ googleထဲကနေ ရှာ ပြီးရင် Copyလေးယူပြီးတင်တယ် အဲ့ဒီမှာ Cheetah ထိတော့တာပါပဲ။
အစပိုင်းကတော့ ဘာမှမဖြစ်ဘူးဆိုပေမယ့် ။သုံးတာ တစ်ပတ်နှစ်ပတ်လောက်ကြာတော့ steemit မှာ Friends တွေရလာတယ် followerတွေရှိလာတဲ့အခါမှာတော့ cheetah ထိရင် စိတ်ထဲတော့ တစ်မျိုးဖြစ်မိတယ်။ ကျန်ခဲ့တဲ့တစ်ပတ်လောက်တုန်းကဆိုရင် ကျွန်တော် စာမေးပွဲရှိနေတော့ Facebookမှာ ကိုဒီးဒီး တင်တဲ့ Video fileလေးကိုကြည့်မိတယ် ။ သူက video fileလေးနဲ့တင်တာဆိုတော့ Cheetah မထိလောက်ပါဘူးဆိုပြီးတွေးမိပါတယ်။အဲ့တော့ သူပြောတဲ့စာသားတွေကို ဆောင်းပါးတစ်ပုဒ်ပုံစံရေးပြီး တင်မိလိုက်တယ် ။အမှန်တိုင်းဝန်ခံရရင်တော့ တင်သာတင်ရတာပါ စိတ်ထဲတော့ဘတကယ်ကိုမလုံမလဲဖြစ်ခဲ့ပါတယ်။
Steemitမှာတော့ System Cheetah မထိခဲ့ပါ ဘူး။ဒါပေမယ့် မြန်မာ Steemit userတွေ အတွေးအခေါ်အရေးအသားတိုးတက်ဖို့ရည်ရွယ်ပြီး promotion လေးတွေလုပ်ပေးနေတဲ့ Myanmar steemit Newbies Page မှာ ကျွန်တော်ရဲ့ Copy postကို Comment ပေးမိခဲ့ပါတယ် ။ အဲ့တော့ Cheetah ထိတော့တာပါပဲ။ အရင်တုန်းကတော့ cheetah ထိတာဘယ်လိုမှ စိတ်ထဲသိပ်မရှိပေမယ့် ဒီတစ်ခါထိတာတော့ စိတ်ထဲ ရှက်မိပါတယ်။ ကျွန်တော့ Accountထဲမှာ Followerတွေလဲရှိနေပြီ postတွေလည်း တင်နေပြီဆိုတော့ သူတို့ရဲ့စိတ်ထဲမှာ ကျွန်တော့် ကို တစ်မျိုးတွေထင်သွားကြမှာ(အထင်သေးသွားကြမှာ) စိုးရိမ်သလိုဖြစ်မိပါတယ်။Cheetah ထိတော့လှောင်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ရှက်လဲရှက်မိခဲ့တယ်။
အရင်တုန်းကတော့ မိတ်ဆက်စာရယ် တခြား post နှစ်ခုနဲ့ ဘာသာပြန် ဆောင်းပါးတစ်ပုဒ် တင်ထားခဲ့ပါတယ်။Myanmar cheetah ထိပြီးတဲ့နေ့ကနေစပြီး ပထမဆုံးဒီ postလေးကိုပြန်ပြီးရေးမိတာပါ။Steemit ရဲ့ ရည်ရွယ်ချက်ကလည်း အရမ်းကိုကောင်းပါတယ် အထုးသဖြင့်လူငယ်တွေ အတွက်ဆိုရင် တကယ်ကို အကျိုးရှိတဲ့ Social application တစ်ခုပါ။ သုံးတတ်မယ်ဆိုရင် internetသုံးရင်းနဲ့ ဝင်ငွေလေးလည်းရတယ် ဗဟုသုတလည်းရတယ် ကိုယ့်အတွက်လည်း စာရေးအသား အတွေးအခေါ်တွေ ကိုတိုးတက်စေဖို့ရည်ရွယ်ထားတာကြောင့် လူငယ်တိုင်း သုံးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ Myanmar Steemit Newbies Page ကိုလည်း ကျေးဇူးတင်မိပြန်ပါတယ်။ သူတို့သာကျွန်တော့်ကို Cheetah မထိစေခဲ့ရင် ကျွန်တော့်ရဲ့ Copy ဘဝထဲမှာ ခေတ္တပဲဖြစ်ဖြစ် အချိန်ကာလတစ်ခုထိပဲဖြစ်ဖြစ် ရှိနေအုံးလောက်မယ်ထင်ပါတယ်။အဲ့ဒီနေ့ကနေစပြီး ဆုံးဖြတ်လိုက်တာက နောက်နောင်ဘယ်တော့မှ သူများဆီကနေ Copy မယူတော့ဘူးဆိုတာပါပဲ။ဆောင်းပါးတွေ သတင်းတွေမှ မဟုတ်ပါဘူး တခြားအရာတွေကိုလည်း copyတတ်တယ်ယူတယ်ဆိုတာ ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်တစ်ခုပါ။ဒါကြောင့် မိတ်ဆွေတို့မှာ အဲ့ဒီစိတ်လေးရှိနေတယ်ဆိုရင်တော့ ဖျောက်ဖျက်ထားလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။(ကောင်းမွန်တဲ့ အကျင့်စရိုက်များကို ဆိုလိုခြင်းမဟုတ်ပါ။)
ကျွန်တော် Copyလုပ်မိခဲ့တဲ့အတွက်လည်း Steemitမှ သူငယ်ချင်းတွေနဲ့ Myanmar Steemit Newbies pageကို တောင်းပန်အပ်ပါတယ်ခင်ဗျာ။ Myanmar user တွေအတွက်လည်း တကယ်ကို အကျိုးကျေးဇူးရှိနေတဲ့ page တစ်ခုပါ။ Steemit သုံးတဲ့ Myanmar User တိုင်း Likeလုပ်ထားသင့်တဲ့ Pageတစ်ခါပဲဖြစ်ပါတယ်။
ကျွန်နော်နောက်ဆုံးပြောချင်တာလေးကတော့
New Userတွေကိုလည်း copyမယူပဲ ကိုယ်ပိုင်အတွေးအခေါ်လေးနဲ့ ကြိုးစားပြီးရေးကြပါ။ပြီးတော့ စာများများဖတ်ပါလို့ ပြောချင်ပါတယ်။ သူများတွေရဲ့အရေးအသား ရေးတဲ့အကြောင်းအရာအပေါ်မှာ စိတ်စီးဝင်ခံစားမှု ဆိုလိုရင်းသဘောတို့ကို မြင်အောင်သာဖတ်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်းရေးတဲ့အခါ ဘယ်လိုပြင်ဆင်ရမယ်၊ ဘယ်လိုတွေခံစားပြီး ရေးရမယ် တွေးရမယ်ဆိုတာ သိလာမှာပါ။
တစ်ယောက်ရဲ့ အတွေးအခေါ် မမြင်များ ရေးသားဖော်ပြချက်များအား တစ်ယောက်ကိုတစ်ယောက် မျှဝေပြီး တစ်ယောက်အပေါ်တစ်ယောက် ရိုင်းပင်းကူညီကြမယ်ဆိုရင် အောင်မြင်မှုတွေကို ကျိန်းသေ(မြေကြီးလက်ခတ်လျှင် မလွဲသကဲ့သို့)ပိုင်ဆိုင်လာနိုင်ကြမှာဖြစ်ပါတယ်ခင်ဗျာ။
အမှားများကိုပြုပြင်ပြီး အမှန်များကိုပြင်ဆင်ရင်း
အတွေးအခေါ်အရေးအသားများကိုလင်းလက်လာအောင်
ကြိုးစားရင်းဖြင့်...................................
ဆက်လက်ရေးသားပါအုံးမည်......
Author -Aung Ko Oo(HenryBa)
Photo Credit;Facebook and Google.
27.9.2017
Steemitမှ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။