နေတက် ရေတက်ဖွားများ ( ၁ )

Words
255
Reading
2 min
8y
Listen to this post
~2 min

image

" အမေရေ ကိုကြီး တင်သိန်း ပြန်လာပြီ ကိုကြီးတင်သိန်းပြန်လာပြီ " ဆိုပြီး

ပြေးလွှားအော်ဟစ်လာသည့် မြီးကောင်းပေါက်စ ခလေးမလေး၏ အသံစာစာကြောင့် အမေဖြစ်သူ ဒေါ်ညာသူ အလန့် တကြား ထွက်ကြည့်မိသည် ။
အညာမှာမွေးပြီး ရန်ကုန်မှာ ကြီးပြင်းလာသော်လည်း ရှင်းရှင်းဘွင်းဘွင်းနှင့် ဒဲ့ဒိုးပြောတတ်သောကြောင့် ဒေါ်ညာသူဟူ၍သာ လူသိများကြလေသည် ။

" ဟဲ့ သေနာမ အပမှီလာတာလား မဟုတ်ကဟုတ်က လျှောက်အော်နေတာ "

တကယ်ဟုတ် မဟုတ်တော့ မသိပေ ။ ခလေးမလေး၏ အော်သံကြောင့် အိမ်နီးနားချင်းတွေ အကုန်လုံး ရွာထဲလမ်းကိုသာ စပ်စုသည့်စိတ်ဖြင့် ဝိုင်းပြုံကြည့်နေကြသည် ။

တင်သိန်း ဆိုသည်မှာ ဒေါ်ညာသူ၏ ဒုတိယမြောက်သား ခလေးမ၏ဒုတိယမြောက် အကိုလည်းဖြစ်ပေသည် ။ သို့ သော် လွန်ခဲ့သည့်ရက်ကမှ တင်သိန်းရက်လည် ပြီးသွားခဲ့လေသည် ။ ထို့ ကြောင့် ဒေါ်ညာသူရော အိမ်နီးနားချင်းများပါ မယုံကြည်ခြင်းများစွာဖြင့် ရွာထဲလမ်းကိုသာ ကြည့်နေကြသည် ။

တင်သိန်း သေသွားသည်မှာ ယနေ့ နှင့်ဆို ၁၅ ရက်မျှရှိလေသည် ။ အလောင်းကိုတော့ ရှာမတွေ့၍ မြေမချလိုက်ရပေ ။ တင်သိန်းကား ညဘက်ဆိုလျှင် ငါးထောင် ကြွက်ထောင်လေ့ရှိသည် ။ ရွာ၏ မူလတန်းကျောင်းရှေ့ ရေကန်ကြီးအတွင်း ငါးထောင်ရင်း ပျောက်သွားခဲ့သောကြောင့်သာ သေပြီဟု ယူဆပြီး ရည်စူး၍ ရက်လည်ဆွမ်းသွပ်ခဲ့ရခြင်းဖြစ်သည်။ အလောင်ကိုမူကားမတွေ့ရပေ ။ ရေကန်ကြီးဘေးတွင် တင်သိန်းဖိနပ်နှင့် ငါးထောင်သည့်မြုံးများ ငါးမြှားတံများ တွေ့သောကြောင့်သာ တင်သိန်းအရက်မူးပြီး ရေကန်ထဲပြုတ်ကျ၍ သေဆုံးရသည်ဟုသာ ထင်ကြသည် ။ ထိုရေကန်ကြီးဘေးတွင် လူကြီးခြောက်ယောက်ဖက်စာမျှရှိသော ကုက္ကိုပင်ကြီးတစ်ပင်လည်းရှိသေးသည် ။ ထိုအပင်ကြီးကား သက်တမ်းရာနှင့်ချီပြီး အစောင့်အရှောင့်များ နာနာဘာဝများ မှီတင်းနေထိုင်ကြသည်ဟုလည်း သိရသည် ။ ထိုအပင်အောက်မှာ တင်သိန်း၏ ပစ္စည်းများ တွေ့သောကြောင့် ရွာသူရွာသားများအားလုံးက တစ်ထစ်ချ သေပြီဟုသာ သတ်မှတ်ထားခဲ့ကြသည်။

ယခု တင်သိန်းပြန်လာပြီ ဟူသော အော်သံကြောင့် မိခင်ဒေါ်ညာသူနှင့်တကွ အိမ်နီးနားချင်းတွေ အားလုံး ယုံရခက် မယုံရခက်ဖြင့် ဇဝေဇဝါမျက်နှာများဖြင့် ရွာထဲလမ်းကိုသာ မျှော်ကြည့်နေကြသည် ။ သူတို့ လိုချင်သော အဖြေတစ်ခုခုကို ရှာဖွေနေကြသည် ။

" တင်သိန်း မသေဘူးတော့ တင်သိန်းမသေသေးဘူး " ဆိုသည့် ရွာဝင်လမ်းထိပ်က မိန်းမကြီးတစ်ဦးအော်သံကြောင့် ဒေါ်ညာသူ အပြေးလေးဆင်းကြည့်မိသည် ။ အိမ်ကထွက်သွားတုန်းကအဝတ်အစားနှင့်ပင် ကြောင်တောင်တောင်ဖြင့်ပြန်လာသော သူမ၏ သားကိုတွေ့တော့ " ဟဲ့ သေနာ နင်ဘယ်ကပြန်လာတာတုန်း ဖုတ်တွေဘာတွေ ဝင်လာတာလား " ဆိုပြီး ဂရုဏာဒေါသဖြင့် ဆဲဆိုတော့မှ တင်သိန်း ထံမှ ယခုမှ အမူးပြေစအသံဖြင့် အဖြေထွက်လာသည် ။

" အမေကလည်းဗျာ ခါတိုင်းလည်း ဒီအချိန်ပြန်လာနေကြပဲဟာ ဘာတွေပြောနေတာလဲ "

" ဟဲ့ ခါတိုင်းပြန်လာတာ ဟုတ်တယ် အခုက နင့် ရက်လည်တောင်ဆွမ်းသွပ်ပြီးပြီး နင်ပျောက်နေတာ ၁၀ ရက်ကျော်နေပြီဟဲ့ နင်က အခုမှ ဘယ်အလေလိုက်ပြီး ပြန်လာတာတုန်း " နောက်မှ ပြောမယ်အမေရာ အခုအရမ်းအိပ်ချင်နေပြီ။ သားအိပ်ဦးမယ်ဆိုပြီး အိမ်ရှေ့ကြမ်းပြင်တွင် လှဲချလိုက်သည်နှင့် ခူး ခလော ဟူသော ဟောက်သံများ ထွက်လာလေသည် ။ " မိခင်ဖြစ်သူကတော့ စိုးရိမ်သော မျက်လုံးများဖြင့်ကြည့်နေမိသည် ။ အဘယ်ကြောင့်ဆိုသော် တင်သိန်း၏ ခန္ဓာကိုယ်မှ အလွန်းမွှေးကြိုင်သည့် ရနံ့တစ်မျိုးမျိုး ရနေသည် ။ ပန်းရနံ့တော့ ပန်းရနံ့ သို့ ပေမဲ့ မည်သည့်ပန်းရနံ့မျိုးမှန်းမသိပေ ။ လာရောက်စူးစမ်းသူများလည်း တင်သိန်းမသေသေးဘူး ဟူသောကြောင့် တီးတိုးတွတ်တွတ် စကားများပြောကြလျက် အလျိုလျို ပြန်ကြကုန်သည် ။ ဒေါ်ညာသူကတော့ သူသားအိပ်ရာနိုးတိုင်း ဗိုက်ဆာပြီး အိုးခွက်လှန်လှောစားတတ်သည်ကို သိသောကြောင့် ထမင်းချက်ဖို့  ပြင်ဆင်လေတော့သည် ။

ဆက်ရန် . . .

မိမိအား ချစ်သူ , မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ ။

MSC-181
Author gunapeya@gunapeya

နေတက် ရေတက်ဖွားများ ( ၁ ) | Ecency