ကျွန်တော်ကြောက်သော ကျွန်တော်

Words
62
Reading
1 min
Listen
Play
6y

FB_IMG_1588054905829.jpg

မပြည့်စုံလွန်းတဲ့ ကျွန်တော်ဟာ
ပြည့်စုံတဲ့ သူတွေကြားမှာ
မျက်နှာငယ်ငယ်ပါ.....

နှိုင်းယှဉ်ဖို့ မလွယ်တဲ့ဘဝမှာ
အတင်း နှိုင်းယှဉ်ခံရတာလဲ
အားပျက်ဖွယ်

တခါတေလ
ဘယ်သူနဲ့မှ နိူင်းယှဉ်မခံရပဲ
ကိုယ့်စိတ်နဲ့ကိုယ် ရှင်သန်လိုက်ချင်တယ်...

ရက်ရှည်ရှည် မရယ်မောလိုက်ရတဲ့ ဘဝ
ရက်ကြာကြာ တည်မလာတဲ့ သံယောဇဉ်တွေနဲ့
ကျွန်တော့ဘဝဟာ
အဝင်အထွက်လောက်ပဲ
လူသိခံရတဲ့ တံခါးပေါက်ပမာ.......

မျှတမှုဆိုတာ
ကိုယ်နဲ့ အဝေးဆုံးမှာ.......

ကျေနပ်ရတယ်ဆိုတာ
ကိုယ့်အတွက်တော့ ပုံပြင်ပါပဲ..........

ကူစရာမရှိတဲ့သူပါ
ဒါပေမဲ့
ယူဖို့လာသူတွေနဲ့ပဲ တွေ့ရတယ်....

ပေးစရာမရှိတဲ့သူပါ
ဒါပေမဲ့
တံတွေးထွေးဖို့ လာသူတွေနဲ့ပဲ တွေ့ရတယ်....

ဘယ်သွားသွား ဘာလုပ်လုပ်
ကိုယ့်စိတ်နဲ့ကို မအုပ်နိုင်တဲ့အခါ
ကျွန်တော့ဘဝကို ကျွန်တော် မျက်မုန်းကျိုးရ..

ပေးစရာရှိတာ ပေးပြီး
ပြေးလာနိုင်စွမ်း ရှိချင်တယ်...

ခံစရာရှိတာ ခံပြီး
ပြန်လာနိုင်စွမ်း ရှိချင်တယ်....

အခုတော့
ပျော့ညံ့လွန်းတဲ့ ကျွန်တော်ဟာ
ပြတ်သားနိုင်စွမ်းတွေမဲ့
ကိုယ့်ကိုကိုယ်ပဲ မုန်းတတ်ခဲ့ရတယ်......

---------------ဘုန်းပညာ(တညင်မော်)

ကျွန်တော်ကြောက်သော ကျွန်တော် | Ecency