တိဘက်

Words
75
Reading
1 min
Listen
Play
9y

image
တိဘက် နိုင်ငံဆိုတာ..
တိဘတ်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်လေးတွေကို steemit ပရိသတ်တွေအတွက် ပြောပြပေး လိုက်ပါတယ်။
(၁) တိဘတ်နိုင်ငံဟာဆိုရင် ကုန်းမြင့်ဒေသဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄၀၀၀ ကနေ ၁၆၀၀၀ ကြားမြင့်မားစွာ တည်ရှိပါတယ်။

image

(၂) တရုတ်နိုင်ငံဟာ ၁၉၅၀ ခုနှစ်မှာ တိဘတ်ဒေသကို ကျုးကျောဝင်ရောက်ခဲ့ပြီး တိဘတ်နိုင်ငံရဲ့ အရင်း အမြစ်တွေ ကိုသိမ်းပိုက်ခဲ့ပါတယ်။

image

(၃) ၁၉၅၉ ခုနှစ်မှာ ဒလိုင်လားမားက တိဘတ်ကိုလွတ်မြောက်အောင် လုပ်ဆောင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံရဲ့ အယ်ရမ်ရှလာ မြို့မှာ အခြေချနေထိုင်ခဲ့ပါတယ်။

image

(၄) ၁၉၈၉ ခုနှစ်မှာ ဒလိုင်လားမားက ငြိမ်းချမ်းရေးနိုဗယ်ဆုကို ရရှိခဲ့ပါတယ်။
image

(၅) တိဘတ်နိုင်ငံမှာဆိုရင် နိုင်ငံရေးအကျဉ်းသားဦးရေ (၈၀၀) ကျော်ရှိပါတယ်။

(၆) ကမ္ဘာအမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ဟာဆိုရင် တိဘတ်နဲ့နီပေါနိုင်ငံ နယ်နိမိတ်ကြားမှာတည်ရှိတာ ဖြစ်ပါတယ်။

image

(၇) တိဘတ်လူမျိုးတွေရဲ့ ဘာသာစကားက ယဉ်ကျေးသိမ်မွေ့ပြီးတော့ နှုတ်ဆက်တဲ့အခါမှာလည်း အင်မတန် ယဉ်ကျေးပျုငှာကြပါတယ်။

(၈) တိဘတ်နွားရိုင်းဟာဆိုရင် တိဘတ်လူမျိုးတို့ အမြတ်တနိုးထားတဲ့ တိရိစ္ဆာန်ဖြစ်ပါတယ်။
image

တိဘတ်နိုင်ငံဟာဆိုရင်တော့ ရိုးရာယဉ်ကျေးမှုထွန်းကားပြီး ကြင်နာတတ်တဲ့လူမျိုးတွေဖြစ်တာကြောင့် အခွင့်အခါသင့်ရင် တိဘတ်ဒေသကိုအလည်အပတ်သွားရောက်ပြီး တိဘတ်နိုင်ငံအကြောင်းလေ့လာ သင့်ပါတယ်။။

တိဘက်​ | Ecency