JOKER

Words
113
Reading
1 min
Listen
Play
9y

FB_IMG_1515896801291.jpg

ချစ်သူနဲ့ အတူ ကြည့်ရှုသင့်တဲ့ ဇာတ်ကားများ
ဗယ်လင်တိုင်းဒေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးနေတဲ့ ဒီကဏ္ဍကနေ ဗယ်လင်တိုင်းဒေးနေ့မှာချစ်သူနဲ့ အတူကြည့်ရှုသင့်တဲ့ အချစ်ဇာတ်ကားလေးတွေအကြောင်း တင်ပြချင်ပါတယ်။
၁။ Valentine’s Day

၂ဝ၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ရိုမန်တစ်ဟာသရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီး အမေရိကန်ဒါရိုက်တာ ဂယ်ရီမာရှယ်က ရိုက်ကူးထားတာဖြစ်ပါတယ်။ ချစ်ခြင်းသင်္ကေတဖြစ်တဲ့ ဗယ်လင်တိုင်းဒေးနေ့မှာ တစ်ဦးနဲ့ တစ်ဦးကြား ချစ်ခြင်းမေတ္တာတွေ ရောင်ပြန်ပုံကို ဟာသနဲ့ ရောနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ တေလာဆွစ်၊ ဘရက်ဒလေကူးပါး၊ ဂျူလီယာရောဘတ်၊ အန်နီဟာသဝေး စတဲ့ အနုပညာရှင်တွေက ပါဝင်ထားပါတယ်။

၂။ The Proposal

၂ဝဝ၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေအကြား ချစ်ခြင်းမေတ္တာတွေ ပိုမိုသက်ဝင်စေမယ့် ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုလိုက်ခြင်းဖြင့် အချစ်စစ်နဲ့ပတ်သက်တဲ့ မတ်ဆေ့တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဆန်ဒရာဘူးလော့၊ ရိုင်ယန်ရေးနိုး၊ ဘတ်တီဝှိုက်၊ မာရီစတင်ဘာဂန်း၊ ခရိုင်တီနယ်လ်ဆင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

၃။ Titanic

တိုက်တန်းနစ်ဇာတ်ကားကတော့ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ ဂျိမ်းကင်မရွန်းရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး လီယိုနာဒိုဒီကာပီယိုနဲ့ ကိတ်ဝင်းစလတ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ တိုက်တန်းနစ်လို့ အမည်ရတဲ့ သင်္ဘောကြီးနဲ့ အပျော်ခရီးထွက်ရင်း ချစ်ကြိုက်ခဲ့တဲ့ ချစ်သူစုံတွဲအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး သင်္ဘောရေခဲတောင်နဲ့ တိုက်မိပြီးနောက် သင်္ဘောဝမ်းကွဲပြီး ဘေးဒုက္ခတွေနဲ့ ကြုံတွေ့ရပုံတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲရဲ့ ဘဝကို ဖော်ပြထားတာလည်းဖြစ်ပါတယ်။

၎။ A Walk to Remember

ဒီဇာတ်ကားကတော့ ၂ဝဝ၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်တွေရဲ့ ချစ်ဇာတ်လမ်းကို ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင် ရှိန်းဝက်၊ မန်ဒီမိုး၊ ပီတာကိုရုတ်နဲ့ ဒိုင်ရယ်ဟန်နာ တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

JOKER | Ecency