သုံးသပ်​ချက်​၁

Words
51
Reading
1 min
Listen
Play
9y

၂၀၁၇ခုနှစ်​ အစိုးရသ်​စလက်​ထက်​မှာ စီးပွား​ရေး​တွေကျဆင်းလာတာမဟုတ်​ပါဘူး။ရပ်​တန့်​​နေတယ်​လို့​ပြောချင်​ပါတယ်​။၂၀၁၇ခုနှစ်​မတိုင်​ခင်​က တိုင်းပြည်​ရဲ့စီးပွား​ရေး​တွေက ကျဆင်း​နေတာဖြစ်​ပါတယ်​။အခု၂၀၁၇ခုနှစ်​မှာ​တော့ အဲ့ဒီလိုကျဆင်း​နေတာရပ်​တန့်​သွားပြီလို့​ပြောရမှာဖြစ်​ပါတယ်​။ အစိုးရသစ်​တက်​လာတဲ့အချိန်​မှာအရင်​ရှိတဲ့စီးပွား​ရေးလုပ်​ငန်း​တွေဟာဥပ​ဒေနဲ့အညီ​ဆောင်​ရွက်​ထားတာ ဟုတ်​မဟုတ်​ဆိုတာ အစိုးရသစ်​အ​နေနဲ့ စိစစ်​ကြပါတယ်​။ အဲ့ဒီအခါမှာ ဥပ​ဒေနဲ့မညီညွတ်​တဲ့ စီမံကိန်း​တွေ ​တော်​​တော်​များများက ရပ်​ဆိုင်းထားရတာဖြစ်​ပါတယ်​။ဥပ​ဒေနဲ့မညီညွတ်​တာ​တွေ ညီညွတ်​​အောင်​​ဆောင်​ရွက်​ကြဖို့အ​ခြေအ​နေယူကြရတာရှိပါတယ်​။နောက်​ဒီမှာ ရင်းနှီးမြုပ်​နှံမှု​တွေဟာ ၂၀၁၇ခုနှစ်​မှာ ထင်​သ​လောက်​တက်​မလာခဲ့ပါဘူး။ ဘာလို့မလာလဲဆို​တော့လက်​ရှိအစိုးရက ခိုင်​မြဲမှုရှိမရှိဆိုတာကို ​စောင့်​ကြည့်​​နေကြသလို၊ တိုင်းပြည်​ထဲမှာ အလုပ်​သမား​တွေရဲ့ဆန္ဒပြမှုစတာ​တွေကို နိုင်​ငံခြားတိုင်းပြည်​​တွေက ကြည့်​ပါတယ်​။သူတို့အ​နေနဲ့စီးပွား​ရေးလုပ်​ငန်းက အမြတ်​အစွန်းရှိမရှိခိုင်​မာမှုရှိမရှိ အဓိကထားကြည့်​​တော့နိုင်​ငံခြားရင်းနှီးမြုပ်​နှံမှု​တွေက ထင်​သ​လောက်​ဝင်​မလာတာ​တွေရှိပါတယ်​။

၂၀၁၇ခုနှစ်​မှာ ထူးခြားတဲ့အချက်​က သဘာဝ​ဘေးအန္တရာယ်​​တွေနစ်​နိုင်​ငံလုံးအတိုင်းအတာနဲ့ဖြစ်​ပါတယ်​။မြစ်​​ရေကြီးခြင်း​တွေတစ်​နိုင်​ငံလုံးဖြစ်​တယ်​။စိုက်​ပျိုးသီးနှံ​တွေပျက်​စီးတယ်​၊ မျိုး​တွေဆုံးရှုံးတယ်​၊နိုင်​ငံတကာကလည်း ကုန်​သွယ်​မှု​တွေကျတယ်​။ မြန်​မာနိုင်​ငံက တရုတ်​နဲ့ အိန္ဒိယနိုင်​ငံ​တွေနဲ့ နယ်​စပ်​ကုန်​သွယ်​မှု​တွေလုပ်​ကြတာရှိပါတယ်​။ အဲ့ဒီမှာလည်းနယ်​စပ်​မှာ တိုက်​ပွဲ​တွေဖြစ်​လာနဲ့အခါမှာ ကုန်​သွယ်​မှု​တွေက ထပ်​ကျတယ်​။ အဲ့ဒီအပြင်​ကို အိန္ဒိယနိုင်​ငံကပဲ ပဲနဲ့ပက်​သက်​ပြီး ကန့်​သတ်​ချက်​ထုတ်​လိုက်​​တော့ ပြည်​တွင်းပဲ​ဈေးကွက်​​တွေအကုန်​ပြုတ်​ကျသွားတာမျိုးလည်းရှိပါတယ်​။အဲ့ဒီအတွက်​နစ်​နာထိခိုက်​သူ​တွေဆီက အသံထွက်​လာကြတယ်​။အစိုးရသစ်​လက်​ထက်​မှာဒီလိုဖြစ်​တယ်​ဆိုပြီး​ပြောကြတယ်​။တကယ်​​တော့သဘာဝ​ဘေးနဲ့အခြားအ​ခြေအ​နေ​တွေအရဘယ်​တိုင်းပြည်​ဘယ်​ပုဂ္ဂိုလ်​ဝင်​လုပ်​လုပ်​ဒီအတိုင်းပဲဖြစ်​မယ်​လို့ ကျွန်​​တော်​အ​နေနဲ့ သုံးသက်​ချင်​ပါတယ်​။ဆိုလိုတာကတိုင်းပြည်​ကအ​ကြွေး​တွေနစ်​​နေတဲ့ဘဝက​နေရပ်​တန့်​နိုင်​တာကိုကျွန်​​တော်​အ​နေနဲ့က​တော့ တိုင်းပြည်​တိုးတက်​တယ်​လို့မြင်​ပါတယ်​။

သုံးသပ်​ချက်​၁ | Ecency