အကြော်တစ်ခုလုပ်စားကြည့်ရအောင်

Words
104
Reading
1 min
Listen
Play
8y

IMG_20180405_094744.jpg

မင်္ဂလာပါခင်ဗျ ယခုတစ်ပါတ်ပို့စ်အတွက် အတွေးကောင်းကောင်း
ရေးမယ်စိတ်ကူးထားသော်လည်း စိတ်ညစ်စရာအများအပြား
ကြူံနေသောကြောင့် စာကောင်းပေကောင်းမစဉ်းစားနိုင်ပါဘူး
ဒါကြောင့် ကျွန်တော်ဒီအပါတ်မှာ ချက်စားဖြစ်တဲ့ ဟင်းတစ်မျိုး
ချက်ပြူတ်နည်းလေးကိုပြန်လည် ဝေမျှပါမယ် မြန်မာလူမျိုးများနှင့်
မစိမ်းသော ဟင်းတစ်ခွင်ဆိုလျှင်လည်းမမှား သလို ထိုဟင်း
တစ်ခွက်ရှိယုံဖြင့် ထမင်းစားမြိန်စေမှာ ဖြစ်ပါတယ် ကြိုက်တဲ့
ဟင်းလျှာများနှင့်တွဲဖက် စားသောက်နိုင်သလို လူကြီးလူငယ်
အရွယ်စုံကြိုက်တဲ့ဟင်းလျှာတစ်မျိုးပါ ဒါကတော့ အမဲသားကြော်ပါ

IMG_20180405_002020.jpg

ပထမဆုံးပြင်ဆင်စရာများကတော့
၁. အမဲသား အသားချည်းဘဲ ၅၀ သား
၂.ကြက်သွန်ဖြူ ၈ မြှောင့်
၃. ဂျင်း လက်နှစ်ဆစ်
၎.ရှောက်သီး တစ်လုံး

ချက်ပြူတ်ရန်ပြင်ဆင်စရာများမှာ
၁.အမဲသားအား အနေတော်အတုံးလေးများ တုံးထားပါ
၂.ဂျင်း နှင့် ကြက်သွန်ဖြူ ရော၍ ညှပ်နေအောင်ထောင်းပါ
၃.ရှောက်သီးအား အပြားတစ်ခုခုပေါ်တင်၍ လှိမ့်ထားပါ

ဤကဲ့သို့ပြင်ဆင်ပီးလျှင်ဖြင့်

တုံးထားသော အမဲသား ဇလုံထဲသို့ ဆား အနည်းငယ်
ဟင်းခတ်အချိုမှူ၃့်အနည်းငယ် နှင့် ဂျင်းကြက်သွန်ဖြုထောင်း
တို့အား ရောသမနှယ်ပီး လှိမ့်ထားသော ရှောက်သီးမှ
ရှောက်စေ့အား ဖယ်ထုတ်၍ အရည်ညှစ်ထည့်ကာ ရောသမမွှေ
နှယ်၍ ၁၅မိနစ်ခန့် နှပ်ထားပါ

၁၅မိနစ်ခန့်နှပ်၍ ပီးသော် ဒယ်အိုးထဲသို့ ရေအနည်းငယ်ထည့်၍
မီးအေးအေးဖြင့် နူးအောင်အရင်ပြူတ်ပါ

ပြူတ်ထားသော ပြူတ်ရေ ခန်းခြောက်လာပီဆိုလျှင်
ဆီအနည်းငယ်မျှသာထည့်၍ တဖန်ပြန်၍ ကြော်ပါ
၁၅ မိနစ်ခန့်ကြော်ပီးလျှင်တော့ အလွန်ကောင်းမွန်သော
အမဲသားကြော် ဟင်းတစ်ခွက်ရရှိပီဖြစ်ပါ၍ မိမိကြိုက်နှစ်သက်သော
ဟင်းလျှာနှင့်အတူတွဲဖက်စားသုံး နိုင်ပါပီခင်ဗျ

ဒီကြော်နည်းဟာ တကယ်ကိုကောင်းမွန်တဲ့ အမဲသားကြော်ကို
ရရှိစေမှာဖြစ်ပါတယ်ခင်ဗျားးးးးး

Post writer : ThiHaKo(gelatofresco@gelatofresco)
MSC 019

အကြော်တစ်ခုလုပ်စားကြည့်ရအောင် | Ecency