မှတ်သားစရာဗဟုသုတ

Words
160
Reading
1 min
Listen
Play
9y

image
ပိလက္ခဂူမှာနေတဲ့ ပရိဗိုဇ်ငါးရာသည် စကားကို ကျယ်ကျယ်လောင်လောင် ပြောကြလေသည်။ သူတို့ကို ဦးဆောင်သော ခေါင်းဆောင်၏ အမည်မှာ သန္ဒက ဟုခေါ်တွင်ပါသည်။
ထိုစဉ်အခါတွင် ရှင်အာနန္ဒာနှင် ရဟန်းတော်အခြို့သည် ဒေဝကတ လှိုဏ်ဂူတော်သို့ တခြားသော ရဟန်းတော်များနှင့်အတူ ကြွချီတော်မူလေသည်။
အိုင်ကြီးရဲ့အနီး ပိလက္ခဂူ မရောက်ခင်အချိန်လေးတွင် သန္ဒက ပရိဗိုဇ်က ကြွချီတော်မူလာသော ရှင်အာနန္ဒာကို အဝေးမှ လှမ်းမြင်သောအခါတွင် ''ငါ့ရှင်တို့ တိတ်တိတ်နေကြပါ | အသံမပြုပါနှင့် | ရဟန်းဂေါတမရဲ့ တပည့်ဖြစ်တဲ့ အရှင်အာနန္ဒာ ကြွလာနေတယ် | ကောသမ္ဗီပြည်မှာ နေကြသမျှသော ရဟန်းဂေါတမရဲ့တပည့်တွေမှာ ဒီရဟန်းအာနန္ဒာဟာ တစ်ပါးအပါအဝင်ဖြစ်တယ်။ သူတို့တွေဟာ တိတ်ဆိတ်တာကို ကြိုက်တယ်။ မြတ်ဗုဒ္ဓကဆုံးမထားတယ်။ တိတ်ဆိတ်တဲ့ဂုဏ်ကို ပြောဆိုလေ့ရှိတယ်။ ပရိသတ် အသံတိတ်ဆိတ်နေတာကိုသိရင် ဘာရောက်သင့်တယ်လို့ အောက်မေ့တယ်'' ဆို၍ သူ့ရဲ့ပရိတ်သတ်ကို သေဝပ်အောင်နေဖို့ ပြောပြလေသည်။ အဲ့သည့်လိုပြောပြလို့ သူ၏ပရိတ်သတ်သည်လည်း တိတ်တိတ်ကလေး နေကြပါတော့သည်။
အရှင်အာနန္ဒာ ကြွရောက်လာသော အခါတွင် သန္ဒက ပရိဗိုဇ်က '' အရှင် အာနန္ဒာ ကြွလာတော်မူပါ | ကောင်းသောလာခြင်းပါ | ဒီအရပ်ကို ကြွရောက်လာဖို့ အလှည့်ကို ကြာကြာမှ ပေးတော်မူတာကိုး | ထိုင်တော်မူပါ။ ဒီနေရာပြင်ထားပါတယ်'' ဟုလျောက်လေသည်။ ထို့နောက် ပြင်ဆင်ထားသောနေရာတွင် ရှင်အာနန္ဒာသည် ထိုင်တော်မူလေသည်။ ထိုင်စရာ ခုံအနိမ့်လေးတစ်ခုတွင် သန္ဒက ပုရ်ဗိုဇ်က ထိုင်နေလေသည်။
'ဘာစကားတွေပြောကြလဲ | မပြီးဆုံးသေးတဲ့ စကားတွေဟာ ဘာတွေလဲ'' ပြောဆိုပါလို့ အရှင်အာနန္ဒာက သန္ဒက ပုရိဗိုဇ် ကိုမေးတော်မူလေသည်။ ''ငါတို့ပြောဆိုနေတဲ့ စကားတွေကို ထားလိုက်ပါဦး | နောင်အခါကြားနာရဖို့ ခဲယဉ်းမည်မဟုတ်ပါ | တောင်းပန်ပါတယ် | မိမိဆရာရဲ့ အယူပါဝင်တဲ့ တရားစကားကို ငါတို့အား ဟောကြားပေးပါ '' ဟူ၍ ရှင်အာနန္ဒာအား သန္ဒက ပုရိဗိုဇ် ကပြန်လည်၍ လျှောက်တင်တော်မူလေသည်။
ထိုအခါ အရှင်အာနန္ဒာက ''သန္ဒက. . . မြတ်ဗုဒ္ဓသည် မမြတ်သော အကျင့်ကို ကျင့်သုံးမှုလေးမျိုးနှင့် သက်သာရာကို မရစေနိုင်သော မြတ်သောလအကျင့် လေးမျိုးကိုသာ ဟောကြားတော်မူသည်ဆိုသော အကြောင်းကို ပြောပြလေသည်။
ထိုအကျင့်သည် သိနားလည်သော ယောင်္ကျားသည် မြတ်သောအကျင့်ကို စင်စစိမကျင့်သုံးပါ ။ ကျင့်သုံးသော်လည်း နည်းလမ်းမှန်သောကျင့်သုံးမှု ကုသိုလ်တရား မပြည့်စေနိုင်ပါ'' ဟူသော အကြောင်းကိုလည်း အရှင်အာနန္ဒာက သန္ဒက ပုရိဗိုဇ်အား ကြိုတင်ရှင်းလင်းထားပါသည်။
အရှင်အာနန္ဒာလည်း အဆုံးအစွန်သော တရားကို ဟောကြား ပေးတော်မူပြီး သန္ဒက ပုရိဗိုဇ်နှင့်အတူ သူ၏တပည့်တွေကိုပါ အားလုံးကို မြတ်သော အကျင့်ကိုကျင့်သုံးဖို့ မြတ်ဗုဒ္ဓထံ စေလွှတ်တော်မူခဲ့လေသည်။
မြတ်သောအကျင့်တရားကို မြဲမြံဖို့ ကြိုးစားပြရမည်။
မဇ္ဈိမပဏ္ဏာသပဠိတော် | ၃-ပရိဗ္ဗာဇကဝဂ် | ၆-သန္ဒကသုတ်။ ကိုလေ့လာရန်ဖြစ်ပါသည်။
image
evernew@evernewသည် တောင်ကလေးဆရာတော်၏ တရားတော်ကို ရေးသားပူဇော်ခြင်းဖြစ်ပါသည်။
evernew@evernew HSF-4
MSC 116

မှတ်သားစရာဗဟုသုတ | Ecency