ဂယက်

Words
50
Reading
1 min
Listen
Play
2y

မတ်မတ်အိတို့ရန်ကုန်တွင်သာမက တနိုင်ငံလုံးဂယက်တခု
ဖြစ်နေသည်။မိမိမှာအိမ်ထောင်မရှိအပျိုကြီးဖြစ်သော်
လည်း တပည့်များ၊ ဆွေမျိုးများနှင့်သက်ဆိုင်ပေသည်။
စိတ်တွေမငြိမ်မသက်ဖြစ်နေကြသည်ဟုဆိုရပေမည်။
ကျန်းမာရေးအခြေအနေမှာလည်း ရာသီဥတုအပြောင်းအလဲကြောင့် အဖျားဝင်နေပြီးစိတ်ရှူပ်နေပေသည်။
ထို့ကြောင့်စာရေးရာတွင်လည်း Englishလိုရေးရေ့း မြန်
မာလိုရေးရေးစိတ်ကမကြည်ပေ။ဝယ်ထားသည့်trx coin
မှာတလောကလုံးရှိ Coinများဈေးတက်သော်လည်း
တက်မလာပဲဝယ်ဈေးထပ်ကျနေ၍ ရူံှးနေပေသည်။
ထို့ကြောင့်မရောင်းပဲဆက်holdထားရသည်။စီးပွားရေးမှာ
လည်း ထမင်းစားနိုင်ရုံအဆင့်သာရှိပြီးအစစအရာရာ
ချွေတာနေရသည်။လိုင်းကားခမှာ တက်လိုက်သည်နှင့်
၄၀၀ကျပ်ဖြစ်နေ၍ မလိုအပ်ပဲဘယ်မှမသွားနိုင်ပေ။
လွန်ခဲ့သော၎နှစ်ခန့်က နီးနီးကလေးဈေးသွားသည်ကိုပင်
taxiဌားစီးခဲ့သူက လိုင်းကားခကိုကုန်မည်စိုး၍ ချွေတာ
နေရသည်။
မိမိတို့နိုင်ငံအတွင်းရှိလူများသည်လည်း စီးပွားရေးဂယက် ကုန်ဈေးနှူန်းဂယက် အလုပ်အကိုင်ရှားပါးမှူဂယက် သားသမီးအပူဂယက် အစသဖြင့်ဂယက်ပေါင်းစုံ၏ရိုက်
ခတ်မှူဒဏ်ကိုခံနေရပေသည်။မိမိလည်းအသက်အရွယ်
ကြီးနေသော်လည်း ရေကြည်ရာမြက်နုရာနေရာတခုသို့
ရွေ့ပြောင်းနေရင်ကောင်းမလားဟု ဂယက်များကိုစိတ်ကုန်
နေပြီး စဉ်းစားနေပါသည်။
ဂယက်များကြားထဲမှာဤစာကိုရေးတင်လိုက်ရပါသည်။
Photo credited from google

ဂယက် | Ecency