Hello
Nice to meet you all. How about you. I hope and wish all both healthy and richly.
Yesterday I wrote about the revenge of New Castle United upon on Manchester United. Yes Castle did it. They win United with 0-3 at away Match. What a great performance Castle. I'm United fan but I already think that Castle can beat United because of current United situation. New Castle worth to win this Match. And they also revenge United for the last EFL Cup Final match.
Actually New Castle United beat both Manchester teams. They win Manchester City with 1-0. And then they win Manchester United with 0-3. That was really great. They meet with Chelsea at Quarter Final. Can they also beat Chelsea, really interesting.
Another match that surprise the football fans is West Ham vs Arsenal. West Ham win Arsenal with 3-1. What happening? That was the real taste of Football. All the things happen. West Ham will play with Liverpool at Quarter Final. The journey of EFL (Carabao) Cup for Arsenal and Manchester United is ended.
For United fans, there are some words about United. At Sir Alex era, you can't say the match end (United lose) before final whistle. Extra time United, 3 minutes United. But now 3 goals United (Not from United from other Teams). I think rest of 19 Teams want to play with United all 38 EPL matches.
See you again all of my friends.
ထင်မှတ်ထားခဲ့တဲ့ အတိုင်းပါပဲ။ မန်ယူတို့ နယူးကာဆယ်ကို အိမ်ကွင်းမှာ ၀-၃ နဲ့ ရှုံးနိမ့်သွားခဲ့ရပါပြီ။ တော်တော်လေး ဆိုးပါတယ်။ ရှုံးမယ်လို့တော့ ထင်ပြီးသားပါလေ။ ဒါပေမယ့် ခုလိုကြီး ဂိုးပြတ်သွားမယ်လို့တော့ မထင်ခဲ့မိရိုးပါ။ အိမ်ကွင်း မလား။
အရင် ဖာဂူဆန် လက်ထက် တုန်းကများဆို ပွဲသိမ်းခရာမှုတ်မှ ပွဲပြီးတာ၊ မန်ယူရှုံးပြီလို့ ပြောလို့ရမယ်။ အချိန်ပိုတွေမှာ ဂိုးသွင်း တတ်လွန်းလို့ ၃ မိနစ် မန်ယူဆိုပြီး အမည်တွင်ခဲ့ပေမယ့် ခုချိန်မှာတော့ ၃ ဂိုး မန်ယူ ဖြစ်နေခဲ့ရပါပြီ။ ကိုယ်က သွင်းတာတော့ မဟုတ်ပါဘူး၊ ပြိုင်ဖက် အသင်းက သွင်းတာပါ။ ကြံဖန် ပြောရရင် မန်ယူတို့ အနေနဲ့ ခြေမှန်နေတယ် ဆိုရမှာပါပဲ။ စီးတီးကိုလည်း ၃ ဂိုးပြတ်၊ နယူးကာဆယ်ကိုလည်း ၃ ဂိုးပြတ်နဲ့ ရှုံးလို့လေ။
တယောက်ထဲ ဖြစ်နေမှာစိုးလို့ ဆိုပြီး အာဆင်နယ်ကလည်း မန်ယူနောက် လိုက်လာခဲ့ပါတယ်။ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ၃-၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ရှုံးတာခြင်း တူပေမယ့် သူတို့ကတော့ တဂိုး ပြန်ရခဲ့ပါသေးတယ်လို့ ပြောရမယ့် ပုံပါပဲ။
နယူးကာဆယ်ကော၊ ဝက်စ်ဟမ်းကော အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ သူတို့ ကစားပုံက တကယ်ကို ပိုကောင်းခဲ့တာပါ။ ကွာတား အဆင့်မှာတော့ နယူးကာဆယ်က ချယ်လ်ဆီး၊ ဝက်စ်ဟမ်းက လီပါပူးနဲ့ အသီးသီး ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
မနှစ်က မန်ယူကြောင့် ကိုင်မြှောက်ခွင့်မရခဲ့တဲ့ Carabao ဖလားကို နယူးကာဆယ်တို့ ကိုင်မြှောက်ခွင့် ရသွားမလားကတော့ စောင့်ကြည့်ရပါဦးမယ်။ ယူရိုပါကွန့်ဖရင့်လိဂ်ဖလား ရယူထားနိုင်တဲ့ ဝက်စ်ဟမ်းကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီလန်ရိုက်ကို အာဆင်နယ်သို့ ရောင်းထုတ်လိုက်ပေမယ့် ဝက်စ်ဟမ်းရဲ့ ကစားပုံက အရင်အတိုင်း အရင်လို ကောင်းနေဆဲပါ။
ဖိုင်နယ်မှာ ချယ်လ်ဆီး လီပါပူး အတွဲအဖက်အစား၊ ဝက်စ်ဟမ်း နယူးကာဆယ် အတွဲအဖက် အဖြစ် မြင်ရမလားကတော့ စိတ်ဝင်စားစွာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။