WOF is Back

Words
167
Reading
1 min
Listen
Play
1y

ဒီရက်ပိုင်းထဲ Congratulations တွေ အတော်လေး လုပ်ပေးနေရ၏။ ကိုယ့်အသင်း United တော့ မပါနေခဲ့ပေ။ ရင်နာစရာပင်။ United ၏ ယခုရာသီ စွမ်းဆောင်ရည်တွေကတော့ ပြောပြနေစရာကို လိုမည် မထင်ပေ။ ဘာမှကို မပြောနိုင်တော့ပေ။ မပျော်ရတဲ့ဘဝထဲ စိတ်မချမ်းသာအောင် ထပ်ပြီး လုပ်သည့် United ပင်။ ရှိစေတော့ ချစ်မိ၊ အားပေးမိပြီးမှတော့ ဆက်ချစ်၊ ဆက်၍ အားပေးရုံသာ။

မပျော်ရသည့် အချိန်မှာ ခံသာတာလေးတခုက Freebitco ကနေ WOF tickets တွေ ပြန်လည် ရရှိခဲ့ခြင်း ဖြစ်၏။ အစပိုင်းမှာ spins လှည့်ခွင့်ပါ မပေါ်နေခဲ့ပေ။ တော်တော်ကို ကြာခဲ့ပြီ။ ဘယ်နှယ်ကြိမ် လှည့်ခွင့် ရှိပါတယ်ဆိုပြီး ပြန်ပေါ်လာခဲ့တာ ရက်ပိုင်းပဲ ရှိသေး၏။ ပေါ်လာပေမယ့် လှည့်လို့ မရနေသေးပေ။ Home page မှာ ဘယ်နှယ်ကြိမ် ဆိုပြီး ပြထားပေမယ့် ဝင်ပြီး လှည့်ရင် 0 ပဲ ပြ၏။ လှည့်စရာ မရှိ လှည့်လို့ မရဘူးပေါ့။ တရက်ကို နှစ်ကြိမ် သုံးကြိမ်လောက် အဲ့ WOF ထဲ ဝင်ဝင်ကြည့်နေမိ၏။ ရမလား ရမလားနဲ့ပေါ့။

တရက်သားမှာတော့ VPN ခံပြီး ဝင်ကြည့်တော့ရသွား၏။ လှည့်ရမယ့် အကြိမ် အရေအတွက်လည်း ပေါ်နေပြီ ဖြစ်၏။ ပျော်သွား၏။ လောလောဆယ် တရက်ကို 7 ကြိမ် ကျနော် လှည့်ခွင့်ရ၏။ ယခင်ကတော့ တကြိမ်ချင်းစီပဲ လှည့်၏။ နောက်ပိုင်းမှာတော့ Play all ပဲ ရွေးလိုက်တော့ တကြိမ်ချင်းစီကတော့ ပိုရင်ခုန်ရတာပေါ့လေ။

ခုက ကြားထဲ ပေးဖို့ ပျက်ကွက်ထားသည့် လှည့်ခွင့်တွေပါ ပေါင်းပြီး ပေးတာဆိုတော့ 224 ကြိမ် ဖြစ်၏။ Play all ပဲ ပေးလိုက်ပြီး စိမ်ပြေနပြေ ထိုင်ကြည့်နေလိုက်၏။ အကြိမ်ရေ များပေမယ့် တရက် 7 ကြိမ် လှည့်ခွင့်လောက် များများ မရသွားဘူးလို့လည်း ခံစားရ၏။ နို့ပေမယ့် မဆိုးပါဘူးကွာဟု ဖြည့်တွေးရပြန်၏။

ဒီတခါ WOF က ထပ်ပျောက်သွားဦးမှာလား တွေးပူနရပြန်၏။ တလောတုန်းကလည်း ခုလိုပဲ ပေါ်လာပြီး ပြန်ပျောက် သွားခဲ့သေးသည်ကိုး။ လောလောဆယ်မှာတော့ နောက်ထပ် နှစ်ရက်မှာလည်း WOF လှည့်ခွင့်ကို သူ့ရက် သူ့အရေအတွက်တိုင်း လှည့်ခွင့်ရနေသေး၏။ အားလုံး အဆင်ပြေပြေနဲ့ ခုလိုလေး ဆက်ပြီး လှည့်နေလို့ ရရင် ကောင်းမယ်။ BTC ဈေးက ကောင်းလွန်းနေသည် မဟုတ်လား။ ရရင် ရသလောက်တော့ စုထားရပေလိမ့်ဦးမည်။

WOF is Back | Ecency