United တို့ တကယ် ပြန်လာပြီ။ မနေ့က Fulham ကို ၃-၂ ဂိုးဖြင့် အနိုင်ယူပြီး အမှတ်ပေး ဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေ၏။ ၃-၂ နှင့် နိုင်ခဲ့ပေမဲ့ ပွဲက အကြိတ်အနယ် ရှိလှ၏။ ဒရမ်မာဆန်ဆန်တွေပါ ဖြစ်သွားခဲ့၏။ United ၏ trademark ဖြစ်သည့် ပွဲသိမ်းခရာမှုတ်မှ တကယ် ပွဲပြီးတာဆိုသည့် ကိစ္စရပ် မနေ့က ဖြစ်သွားခဲ့လေ၏။ Man City, Arsenal တို့နှင့် ပွဲစဉ်တွေ တုန်းကအတိုင်း ကစားခဲ့ပေမဲ့ Fulham အသင်းနဲ့ကြ အနည်းငယ် ကစားရ ခက်နေသလိုပင်။
United တို့ ဦးဆောင်ဂိုး ၂ ဂိုး အရင် သွင်းထားခဲ့၏။ အဆိုပါ ဦးဆောင်ဂိုး ၂ ဂိုးလုံးကို Fulham က ချေပ၏။ ပထမပိုင်း ၁၉ မိနစ် နှင့် ဒုတိယပိုင်း ၅၆ မိနစ်တို့မှာ United တို့ ဦးဆောင်ဂိုးတွေ အရင်သွင်း၏။ ဒုတိယပိုင်း ၈၅ မိနစ်နှင့် ၉၀+၁ မိနစ်တို့မှာ Fulham က ချေပဂိုးတွေ ပြန်လည်လို့ သွင်းယူ၏။ ပထမချေပဂိုး အပြီးမှာတင် ပွဲက အရှိန်ပို မြင့်လာခဲ့၏။ Fulham တို့ ပိုမို ဖိကစားလာပြီး သရေဂိုး ရဖို့ ကြိုးစားခဲ့၏။ တကယ်လည်း ရသွားခဲ့၏။ United ပရိတ်သတ်တွေ ခဏတာ ငြိမ်သက်သွားကြ၏။
၂-၂ နှင့် ပွဲပြီးတော့မယ် ထင်မှတ် ထားခဲ့ပေမဲ့ ၉၀+၄ မိနစ်မှာတော့ Sesko က United အတွက် အနိုင်ဂိုးကို အသင်းခေါင်းဆောင် Fernandes ၏ ပေးပို့မှုကနေ တဆင့် သွင်းယူပေးသွားခဲ့၏။ ၃-၂ ဖြစ်သွားမှာ ပရိတ်သတ်တွေလည်း တဖန် ပြန်လည်ပြီး အသံ ထွက်နိုင်ကြလေ၏။ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် အနိမ့်အမြင့် အတက်အကျတွေနဲ့ တကယ်ကို ကြည့်လို့ ကောင်းခဲ့၏။
နည်းပြ Michael Carrick လက်ထက်မှာ United တို့ ပုံစံကောင်းတွေ နှင့်အတူ ၃ ပွဲဆက်တိတိ နိုင်ပွဲရရှိထားခဲ့လေ၏။ February 7 ရက်နေ့မှာတော့ Tottenham နှင့် အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။ Tottenham အနေဖြင့် ယခုတပတ်မှာ Man City လာမယ့် တပတ်မှာ Man United တို့နှင့် တွေ့ဆုံနေရခြင်း ဖြစ်၏။
မနေ့က City နဲ့ တွေ့ဆုံမှုမှာတော့ တဖက် ၂ ဂိုးစီ သရေကျသွားခဲ့လေ၏။ City က ပထမပိုင်းမှာတင် ဦးဆောင်ဂိုးတွေ သွင်းယူထားခဲ့ပေမဲ့ ဒုတိယပိုင်းမှာ Tottenham က ချေပဂိုးတွေ ပြန်လည်ပြီး သွင်းယူသွားခဲ့ခြင်း ဖြစ်လေ၏။ ယခုပွဲ သရေကျခဲ့ပေမဲ့ City တို့ အဆင့် ၂ နေရာမှာသာ ဆက်လက်၍ ရပ်တည်နေခဲ့၏။ အဆင့် ၃ က အမှတ်တူ Aston Villa က အိမ်ကွင်းမှာ တယောက်လျော့ Brentford ကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်သွားသောကြောင့် ဖြစ်လေ၏။
(photos from Premier League Page)