Freebit magic wheel က လက်ရှိမှာ ၄ ကြိမ် လှည့်ခွင့်ရထားပြီး ဖြစ်၏။ Fun tokens ဝယ်ပြီး premium member လျှောက်စဥ်က ၄ ကြိမ်လား၊ ၆ ကြိမ်လား မမှတ်ထားမိပေ။ သူက ချက်ချင်း ၄ ကြိမ် တန်းပေးခြင်းမျိုး မဟုတ်ပေ။ အချိန် ကြာလာပြီးမှ တဆင့်ချင်းစီ တိုးပေးခြင်း ဖြစ်၏။ Freebit ၏ premium member section မှာ ကြည့်နိုင်ပါ၏။
လက်ရှိမှာတော့ Fun tokens 3000 ကျော်ကို hold (lock) လုပ်ထား၏။ သူ ပြထားသည့် graph အရတော့ ကျနော့် wheel လှည့်ခွင့်က ၄ ကြိမ်သာ ဖြစ်ဖို့ များ၏။ 5000 ဆိုလျှင် ၆ ကြိမ် ရမည် ပြောထား၏။ အင်း 5000 ပြည့်အောင်ပဲ ထပ်ဝယ်ရမလားပေါ့။ Fun tokens က စျေးတက်လာနေသည်ဟုတော့ ပြောလို့ရ၏။ ကျနော် ဝယ်စဥ်က 1 Fun ကို 0.002$ သာ ပေါက်သော်လည်း ခုအခါ 1 Fun ကို 0.007$ ပေါက်နေ၏။ ထိုအချိန် ဝယ်တာကလည်း မိမိ 1 နာရီ တခါ claim ပြီး စုထားသည့် btc တွေနှင့်သာ ဝယ်လိုက်ခြင်း ဖြစ်၏။ ခုလည်း ထပ်ဝယ်ရင် ကောင်းမလားဟုတော့ တွေးနေမိ၏။ Fun 5000 ပြည့်အောင်ပေါ့။ Wheel လှည့်ခွင့် ၄ ကြိမ်ကနေ ၂ ကြိမ်တိုးပြီး ၆ ကြိမ် ဖြစ်သွား နိုင်သည်ကိုး။
Fun နဲ့ ပတ်သက်ပြီး နည်းနည်းတော့ လိုက်ရှာ ဖတ်ဦးမှရယ်။ Hold (lock) ထားပါက APR (APY) အနေဖြင့် 25% အတိုးနှုန်းပေး၏။ မဆိုးဟု ပြောလို့ရ၏။ 10000 lock လုပ်ပါက အပို အတိုးနှုန်းတွေလည်း ထပ်ရနိုင်၏။ 10000 အောက်ကတော့ အပို အတိုးနှုန်းတွေ ဘာတွေ မရှိနေပေ။ အမှန်တော့ အတိအကျ ပြောရလျှင် 12500 ဖြစ်၏။ ထို ပမာဏ ရောက်ဖို့ကတော့ ကြာဦးမည် ထင်၏။ အပြင်ကနေ Deposit ထပ်ထည့်လျှင်တော့ မြန်သွား မပေါ့။ ဒါပေမယ့် free claim လို့ ရတာကနေပဲ ဝယ်ဖို့ တွေးထား၏။ စောင့်ချင် စောင့်ရပါစေပေါ့။
btc ကလည်း အတိုး ပေးပေမယ့် သူ့ APR က အတော်နည်း၏။ အေးလေ စျေးကကြီးတော့ အတိုးလည်း နည်းမပေါ့။ 4% သာ။ ထို့ကြောင့် btc ထက် စာလျှင် fun ဖက်သာ လှည့်လိုက်က ပို အဆင်ပြေမလားပေါ့။ သူလည်း တဖြည်းဖြည်းတော့ စျေးတက်လာနိုင်၏။ တခုရှိတာက btc တွေနဲ့ ဝယ်ပစ်ရမှာ ဖြစ်သဖြင့် btc ကနေ ပြန်ရသည့် daily interest ကတော့ နည်းသွားနိုင်၏။ တခုကို ရွေးက တခုကိုတော့ စွန့်လွှတ်ရပေမည်။
Magic wheel လေး လှည့်ခြင်းကနေ လိုနေသည့် amount ခပ်မြန်မြန်လေး ပြည့်လာဖို့ မျှော်လင့်နေမိ၏။