Reward

Words
224
Reading
1 min
4y
Listen to this post
~1 min

Hello Managers

Season 105 is ended. I got 0.177 Hive for seasonal reward. Thanks Rabona. Season is ended and Stadium upgrade is also ended. All of my stadium parts have been reached maximum level 15. Sound great, right!

After season ended, I check my Team immediately. I renewal the contract of players. I scout new young players. I release some players from Team, I wish them good luck and get successful at new Team. Now my Team has 20 players. 3 Goal Keeper, 6 Defenders, 8 Midfielders and 3 Attackers. Team overall skill is 71 points. OS increase 1 point because last season my Team OS is 70.

Let prepare for new Season 106.

Good luck Managers
See you next post

မင်္ဂလာပါ မန်နေဂျာတို့

ရာသီ 105 ကတော့ ပြီးသွားခဲ့လို့ ရာသီ 106 စတင်နေပါပြီ။ ရာသီ 105 reward အဖြစ် 0.177 Hive ရရှိပါတယ်။ ရာသီ သစ် အတွက် ပြင်ဆင်ရပါတော့မယ်။ မနေ့က ရာသီ ပြီးလျှင် ပြီးချင်း အသင်းက ကစားသမားတွေကို သွား စစ်ဆေး ဖြစ်ပါတယ်။

စာချုပ် သက်တမ်း တိုးသင့်တဲ့ ကစားသမားတွေကို တိုးပြီး ထွက်ခွာခွင့် ပြုရမယ့် ကစားသမားတွေကို ထွက်ခွာခွင့် ပြုခဲ့ပါတယ်။ ကင်းထောက် ကနေ တဆင့် လူငယ် ကစားသမားလေးတွေလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။ လက်ရှိ အသင်းမှာ ကစားသမား ၂၀ ယောက် ရှိပါတယ်။ ဂိုးသမား ၃ ယောက်၊ နောက်တန်း ၆ ယောက်၊ အလယ်တန်း ၈ ယောက်နဲ့ တိုက်စစ် ၃ ယောက်ပဲ ဖြစ်ပါတယ်။

ကျနော် ကိုယ်တိုင်လည်း ကစားသမား ရှာဖွေမှုမှာ ကင်းထောက်လုပ်ခြင်း ကနေပဲ ခေါ်ယူတာ များနေပါတယ်။ လစာ သက်သာတာကိုး။ ဒါပေမယ့် ဒါကလည်း ပထမဆုံး စာချုပ် ချုပ်ချိန်မလို့ပါ။ နောက်ထပ် စာချုပ် ထပ်ချုပ် ဖြစ်တဲ့အခါမှာတော့ လစာက အဆများစွာ ခုန်တက်သွားလေ့ ရှိပါတယ်။

Stadium တွေ အားလုံး upgrade လုပ်ပြီးသွားခဲ့ပြီမို့ ကစားသမားပိုင်းဖက်ကို ပိုပြီး အာရုံစိုက်လို့ ရပြီပေါ့။ ကဲ ရာသီ သစ် အတွက် ကြိုးစား လိုက်ရအောင်။

အားလုံးပဲ ကံကောင်းကြပါစေ
နောက်ပိုစ့်တွေမှာ တွေ့ကြတာပေါ့

Reward | Ecency