Home Stay (Chapter 203)

Words
185
Reading
1 min
Listen
Play
6y

FB_IMG_1599214068459.jpg

ထို အခြေအနေမှာ အရင် စိတ်နှင့်ဆို မယူဘူးကွာဆိုပြီး ထားခဲ့လိုက်မည်။ ထားခဲ့လိုက်မည် ဆိုသည်မှာ ပိုက်ဆံ ပေးပြီး ထားပေးခဲ့လိုက်မည်ကို ဆိုလိုခြင်း ဖြစ်၏။ ထို ပစ္စည်းကို ကြည့်ပြီး ကျနော် စိတ်မဆင်းရဲနေချင်ပေ။ ဟုတ်၏။ သီချင်းနားထောင်ဖို့ နားကြပ်ထုတ်မည် ကြံတိုင်း အဆိုပါ case ကို မြင်နေရမည်ကိုး။ အဖုံးက အဝါရောင်လေး ဖြစ်နေတာက လွဲလို့ ဘာအရုပ်မှ မပါပေ။ နားကြပ်လေး လူကြားထဲ သယ်သွားသည့်အခါ pica chu ရုပ်လေးနှင့် လူလုံးပြမည် တွေးထားတဲ့ အတွေး စိတ်ကူးများက ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားတော့၏။

ခုက လူလုံး ပြလို့ မရသေးသည့် အခြေအနေမှာလည်း ကိုယ့်ကို သီချင်း နားထောင်သည့် အခါ အဆိုပါ အဖုံးလေး အရုပ်လေး ပုံလေးကို ကြည့်ပြီး ပျော်ရ ဝမ်းသာလို့ ရသည် မဟုတ်လား။ ခုတော့။ ကျနော် ဘာစကားမှ မပြောနိုင်တော့ပေ။ ဒီလောက်လေးနှင့် ဖြစ်ရာလားဟု မိတ်ဆွေ အနေနှင့် မေးချင်စရာ ရှိ၏။ မှန်ပါသည် ဘဝနှင့် ချီသွားသည် ကိစ္စမျိုးတော့ မဟုတ်ပေ။ သို့ပေမယ့် လောလောဆယ် တဒင်္ဂမှာတော့ ကျနော် ဝမ်းနည်းသွားရ၏။ ကြုံဖူးသူတွေကတော့ ကျနော့်ကို ကိုယ်ချင်းစာမည် ထင်၏။

IMG_20201029_213433.jpg

received_1236896030038135.jpeg

ဟုတ်၏။ မမြင်ရသည့် အရာကို မှာလိုက်ခြင်းလည်း မဟုတ်၊ သေသေချာချာလည်း ပြောပြီးပြီ။ ရောက်လာတော့ တခု မပါဘူးတဲ့ ဟုတ်ပြီ ရတယ် လက်ခံတယ်။ တကယ်လက်ထဲရောက်တော့ တခုထဲ မဟုတ် နှစ်ခုလုံး မပါပေ။ ကဲ အဲ့ case က pica chu အရုပ်လေး၊ တံဆိပ်လေးနှင့် case ပါလို့ ကျနော် ဘယ်လို လက်ခံရမည် နည်း။ ပြီး အပြင်တွေ ဘာတွေ ထွက်လို့် သယ်သွားပါပြီတဲ့ သူများက မေးမယ် အဝါရောင်လေးနော်ဆို ဟုတ်တယ် အဲ့တာ Pica chu လေးလေဟု ကျနော်က ပြန်ဖြေရမည်လား။

စိတ်ညစ်စရာကား မဖိတ်ခေါ်ပဲ ရောက်လာတတ်တာကို ကျနော် သိပါ၏။ ကြုံလည်း ကြုံခဲ့ဖူးပြီးပြီ။ ခုလို ပိုက်ဆံပေးဝယ်ရသည့် စိတ်ညစ်စရာမျိုးကတော့ အတော့်ကို ဆိုးလှ၏။ သူငယ်ချင်းကို အားနည်သည်နှင့်ပဲ သူလျော့ပေးသည့် ဈေးနှင့် ယူလာခဲ့လိုက်ရ၏။ ဈေးလျော့ပေးတာက အဓိက မဟုတ်ဘူးလေ ဆိုပြီးတော့လည်း ပြောတော့ ပြောခဲ့သေး၏။ ကျနော် ဆိုလို ချင်တာကို သူ သဘောပေါက်မည်လို့တော့ ထင်ပါ၏။ ခုထိုတော့ အဆိုပါ case အဝါရောင်လေးကို မြင်ရတာ အသားမကျသေးပေ။ သူ့ကို မြင်လိုက်တိုင်း ဓါတ်ပုံထဲမှာ ပါသည့် pica chu ရုပ်လေးက ကျနော့်ကို Pica pica chu ဆိုပြီး ပြောင်ပြ လှောင်ပြနေသလိုလိုပင်။

Don Jaun