Home Stay (Chapter 147)

Words
200
Reading
1 min
6y
Listen to this post
~1 min

IMG_4862-01.jpeg

(၂၄) နာရီ နီးပါးလောက် လိုင်း ပြတ်ပြီး သကာလမှာတော့ welink လိုင်း ပြန်လည်ပြီး ရရှိလို့ လာခဲ့၏။ ထို (၂၄) နာရီစာလေးက ဘာလုပ်လို့ လုပ်ရမှန်းကို မသိပေ။ phone data ကလည်း သုံးလို့ အဆင်မပြေပေ။ internet သုံးမှရယ် မဟုတ်၊ ဒီအတိုင်း ရိုးရိုး phone ပြောတာတောင် အဆင်မပြေပေ။ လိုင်းက ထစ်လိုက်၊ မကြားလိုက်နှင့် တကယ့်ကို အဆင်မပြေပေ။ ဒီလိုင်းနှင့် facebook တောင် ကောင်းကောင်း သုံးလို့ မရပေ။ ဂိမ်းဆော့ဖို့ဆို ဝေလာဝေးပေါ့။ ထို့ကြောင့် ကျနော့်မှာ တရက်နီးပါးလောက် ဂိမ်းမဆော့လိုက်ရပေ။ နေ့တိုင်း ဆော့ကစားနေကြဆိုတော့ ခုလိုမျိုး ဂိမ်းမကစားရတော့ ဘာလိုလို့ လိုနေမှန်းကို မသိပေ။

Phone လိုင်းသာ ကောင်းမည် ဆိုနေက ခုလို internet လိုင်း ပြတ်တာကို မငြိုငြင် အပြစ်မတင်လိုပေ။ တရက်တလေလောက်ကတော့ phone data နှင့် သည်းခံလို့ရ၏။ သို့ပေမယ့် လက်ရှိ နေနေရသည့် နေရာက fiber internet ကိုသာ အားကိုးနေရ၏။ ထို အားကိုးရာ တခုထဲက လိုင်းမရတော့ ဘာမှ လုပ်လို့ကို မရတော့ပေ။ hive မှာ ပိုစ့်တင်လို့ ရနေသေးလို့သာ တော်သေး၏။ တခါတလေတော့လည်း Internet မပေါ်ခင်တုန်းက အချိန်တွေကို ပြန်လွမ်းမိသား။ internet မရှိခင်တုန်းကလည်း ကျနော်တို့ ရှင်သန်နေထိုင်နိုင်ခဲ့သားပဲ မဟုတ်လား။

WiFi-hotspot.gif

ခု internet မရှိလို့လည်း သေတော့ မသေသွားနိုင်ပေ။ ရှင်သန်နေထိုင် နိုင်၏။ သို့ပေမယ့် နေ့စဉ် ဖြတ်သန်းမှုမှာတော့ အဆင်မပြေ အဖုအထစ်လေးတွေ ရှိလာခဲ့တော့၏။ တခါတလေကျတော့လည်း တချို့ လိုအပ်ချက်တွေက တကယ် လိုအပ်တာ မဟုတ်ဘဲ ကျနော်တို့၏ အပိုဆန္ဒတွေကြောင့် လိုအပ်ချက် တခု အဖြစ်သို့ ရောက်ရှိသွားခဲ့ခြင်းမျိုးလည်း ရှိ၏။ internet ကို အခြေခံပြီးမှ အလုပ်လုပ်နေရသူများအဖို့တော့ internet က မရှိမဖြစ် လိုအပ်ချက် တခု ဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ ကျနော်ကား Internet ကို အခြေခံပြီး အလုပ် လုပ်နေရသူ မဟုတ်သေးသဖြင့် မရှိ မဖြစ် အခြေအနေမျိုးတော့ မဟုတ်ပေ။

နု့ိ ဒါဖြင့် မရှိရင်ကော ရလားဆိုတော့ မရပြန်ပေ။ ရှုပ်သွားသလား မိတ်ဆွေ။ Internet မရှိလျှင်လည်း နေထိုင် ရှင်သန်နိုင်၏။ သို့ပေမယ့် နေ့စဉ် ဖြတ်သန်းမှုမှာတော့ တော်တော်လေး အဆင်မပြေ ဖြစ်သွားနိုင်၏။ ဂိမ်း ဆော့၊ ကစားခြင်းထက် hive မှာ ပိုစ့်တင်၊ စာရေးဖို့ကား internet ရှိနေမှ ရမည် မဟုတ်လား။ တရက်လောက်ပဲ လိုင်းပျက်သွားလို့ တော်သေး၏။ ရက်သာ ဆက်၊ ရက်သာ ရှည်သွားလျှင် ခက်ရချည်ရဲ့။ ပုံမှန် စာရေး၊ ပိုစ့်တင်နိုင်မှ reward ပြန်ရမည် မဟုတ်လား။ reward ရမှ power စုနိုင်မည်၊ power များမှပဲ ဟန်နိုင်မည် မဟုတ်ပါလား။

Don Jaun

Home Stay (Chapter 147) | Ecency