Home Stay (Chapter 146)

Words
200
Reading
1 min
6y
Listen to this post
~1 min

IMG_4862-01.jpeg

တရက်သားက wifi (internet) အကြောင်း ရေးမိလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ လိုင်း ပျက်၏။ ဒါပါနဲ့ဆို လိုင်းပျက်တာ (၃) ကြိမ် ကြုံရပြီ ဖြစ်၏။ အိမ်ဟောင်းမှာတုန်းက တကြိမ်၊ ခု အိမ်သစ်မှာ နှစ်ကြိမ် ကြုံရခြင်း ဖြစ်၏။ ရှေ့ အကြိမ်တွေ တုန်းက ကျနော့် internet လိုင်းကြိုး ပြတ်သွားခြင်း ဖြစ်၏။ ခု အကြိမ်ကတော့ သူတို့ fiber လိုင်း ကြိုးပြတ်သွားခြင်း ဖြစ်၏။ ကောင်းရော၊ မနေ့ ညကတည်းက ပြတ်သွားခြင်း ဖြစ်၏။ ဒီနေ့ နေ့လည် ခုစာရေး နေချိန် (၃) နာရီအထိ ပြန်မရသေးပေ။ အတော်လေး ကြာ၏။

Fiber ကြိုးလိုင်း ဆိုသည့် အမျိုးက ပြတ်တတ်မှန်းကို ကျနော် နားလည်၏။ သံမဏိကြိုးတွေမှ မဟုတ်ဘဲ။ ဒါပေမယ့် time ဖြစ်၏။ အချိန်က ရွှေ၊ အချိန်က ငွေပင် မဟုတ်လား။ မိမိဆီက Internet ယူသုံးသူတွေကို ကိုယ်က အလကား ပေးထားခြင်း မဟုတ်ပေ။ သုံးဆွဲသူတွေက အခကြေးငွေ ပေးပြီး အသုံးပြုကြရခြင်း ဖြစ်၏။ စင်းလုံးချော အဆင်ပြေနေဖု့ိ မဖြစ်နိုင်ပေမယ့် တတ်နိုင်သလောက် အဆင်ပြေအောင် လုပ်ပေးနိုင်ဖို့ ဖြေရှင်းပေးနိုင်ဖို့ လို၏။ အခက်အခဲ အဆင်မပြေမှု တစုံတရာ ဖြစ်သွားသည် ဟုတ်ပြီ ထို အခက်အခဲ အဆင်မပြေမှုကို အမြန်ဆုံး အဆင်ပြေအောင် လုပ်ဆောင် ပေးမည်ဆိုပြီး တာဝန်ယူ တာဝန်ခံမှု ရှိဖို့ လို၏။

WiFi-hotspot.gif

သုံးစွဲ အများစုက တဖက်က အခက်အခဲကို နားလည် လက်ခံပေးဖို့ရာ ခက်ခဲလွန်းလှ၏။ ဒါကလည်း ဖြစ်လေ့ ဖြစ်ထ ရှိသည့် သဘောသဘာဝပဲ မဟုတ်လား။ ဒါကို နားလည် လက်ခံနိုင်ဖို့ လို၏။ နားလည် လက်ခံပေးပြီးသည့်အပြင် ထိုသူတွေ စိတ်ကျေနပ်အောင် ဖန်တီး ပေးနိုင်ဖို့ လို၏။ ဝန်ဆောင်မှု ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ဖို့ လို၏။ ဝန်ဆောင်မှု ကောင်းတယ်၊ ဝန်ဆောင်မှု ကောင်းတယ် ဆိုသည့် စကားက ကိုယ်ကပြောနေလို့ တန်ဖိုး မရှိပေ။ အသုံးပြုသူ သုံးစွဲသူတွေ ဖက်က ပြောလာမှ တန်ဖိုး ရှိ၏။

သုံးစွဲသူတွေ ထံက feedback က ကိုယ့်အတွက် တန်ဖိုးထားစရာ၊ အလေးထားစရာ ဖြစ်၏။ ယခု နောက်ပိုင်း သုံးစွဲသူတွေက စဉ်းစားဉာဏ် ပိုပြီးတော့ ကောင်းလာကြပြီ ဖြစ်၏။ တစုံတခုကို ရွေးချယ်တော့မည် ဆိုလျှင် custom care နှင့် user feedback က ဘယ်လိုနေလဲကို အရင်ဆုံး ကြည့်ကြတော့၏။ Brand တခု တည်ဆောက်ဖို့က တကယ်တမ်း မခက်လှပေ။ ဒါပေမယ့် ထို brand တည်မြဲနေအောင် လုပ်နိုင်ဖို့က ခက်ခဲလှ၏။ လူတော်တော်များများက brand ကို ကြိုက်ကြ၊ လက်ခံကြ၏။ ဒါကလည်း လက်ခံနိုင်စရာ လက်ခံသင့်သည့် အချက်အလက်တွေကြောင့်ပင် ဖြစ်၏။

Don Jaun