Home Stay (Chapter 143)

Words
220
Reading
1 min
6y
Listen to this post
~1 min

IMG_4862-01.jpeg

(1500) ကျော်ကျော်လောက် ရှိသည့် steem power လေးကို စတင် power down ဖို့ ပြင်ဆင်ရတော့၏။ တခါသားမှ power မ down ဖူးတော့ power down ရမှာ နှမြောတော့ နှမြောမိသားရယ်။ သို့ပေမယ့် လက်ရှိ အခြေအနေအရ power က down မှကို ဖြစ်ပေလိမ့်မည်။ ထို့ပြင် ကျနော် ကိုယ်တိုင်လည်း steemit မှာ စာလည်း မရေး ဖြစ်တော့ဘူးကိုး။ လက်ရှိက hive မှာ ရေးနေသည့်အပြင် ကျနော်တို့ မြန်မာတွေ အားလုံး နီးပါးက hive platform မှာပဲ ရေးသား နေကြပြီ မဟုတ်လား။ ထို့ကြောင့် steem power ကို power down လိုက်ဖို့သာ ရှိ၏။

ကိုဟင်ကို လှမ်းမေးတော့ သူကတောင် ဟ ကဒွန် power မ down ရသေးဘူးလားဆိုပြီး ပြောလေတော့၏။ steemit account ထဲမှာထားပြီး အတိုးမှ မရနိုင်တာ။ power down လိုက်၊ ပြီး ငွေသား ပြောင်းချင်ပြောင်း၊ မပြောင်းချင် hive ပြောင်းပြီး power up လိုက်ပေ့ါဟု ဆို၏။ သို့နှင့် ကျနော်လည်း မဲတော့ ရပြီဟုဆိုကာ အားရဝမ်းသာ power down လေတော့၏။ အားရ ဝမ်းသာဆိုပေမယ့် သိသည့်အတိုင်း power down က ကန့်သတ်ချက်တွေနှင့် မလား။ (၇) ရက်မှ တကြိမ် down လို့ ရ၏။ down လျှင်လည်း အကုန်လုံး down လို့ မရပြန်ပေ။

IMG_20200830_143703.jpg

တကြိမ်မှာ သတ်မှတ်ထားသည့် ပမာဏသာ down ယူလို့ ရမည် ဖြစ်၏။ ရှိစေတော့။ ခုအတိုင်း ဆို ကျနော့် ရှိသည့် steem power အားလုံး down နိုင်ဖို့ တလတော့ ကြာမည် ဖြစ်၏။ ဒီလို အချိန်မှာ ဟိုးယခင်က steem ဈေးလေးကို ပြန်ပြီး တမ်းတ လွမ်းဆွတ်မိ၏။ ခုချိန်များ ယခင် steem ဈေး 1 steem ကို 5 USD ဆိုလို့ကတော့ ထများ ကမိမည်များ မသိပေ။ 5 USD မဟုတ်တောင် 1 steem 1 usd လောက်လေးဆိုလည်း မဆိုးလှပေ။ ဖြစ်ချင်တာ ပြောမိတာပါလေ။ မတော်တဆ ပြောကောင်း ပြောကောင်း ကျနော် power အားလုံး down ပြီးချိန် steem ဈေးများ ပြန်တက်လာခဲ့မည် ဆိုလျှင်…

Power တော့ စ down ထားလိုက်ပြီ။ လုပ်စရာ ရှိတာ ဆက်လုပ်ဖို့သာ ကျန်တော့၏။ စာတွေ ဆက်ရေး၊ ဂိမ်းတွေ ဆက်ဆော့၊ ဆက်ကစားပေါ့။ သင်တန်းကတော့ ရှိသည့် ဖွင့်နေသေးသည့် သင်တန်းလေးတွေ သွားသင်ပေ့ါ။ ယခင်လောက် မများတော့သည့် ရှိစုမယ့်စု သင်တန်းလေးတွေနှင့် ကျားကန်ထားရပေလိမ့်ဦးမည်။ တချိန်မှာ ပြန်ဦးမော့နိုင်ဖို့ ခုချိန်မှာ အားယူ အားမွေး သင်ယူထားရပေလိမ့်မည်။ covid ကာလ အထုအထောင်းများ ခံယူပြီး သန်မာအောင် လေ့ကျင့်ယူရပေလိမ့်ဦးမည်။ ယုံကြည်မှုနှင့် ဆက်လက် ရှေ့ဆက်နေပါဦးမည်။

Don Jaun

Home Stay (Chapter 143) | Ecency