တလောက ကိုဟင် internet အကြောင်းနှင့် ပတ်သက်ပြီး ပိုစ့်တင်ထားတာကို ဖတ်မိ၏။ တကယ်လည်း ယနေ့ခေတ် လူအများစု အဆိုပါ ရောဂါ ရနေကြ၏။ အားလုံး နီးပါးတော့ မဆိုလိုပေ။ မီးပျက်သည့် ရက်တွေဆို ကျနော်လည်း ငေါင်တောင်တောင်နှင့် ဘာလုပ်လို့ လုပ်ရမယ်မှန်းကို မသိတော့ပေ။ ဒါတောင် ကျနော်က မီးပျက်တောင် internet သုံးလို့ရအောင် votage ပြောင်းပေးသည့် ကြိုးနှင့် power bank ကို ချိတ်ပြီး internet သုံးသေး၏။ ယခု အိမ်အသစ်မှာက phone လိုင်း မကောင်းပေ။ internet (wifi) လိုင်းကိုသာ အားကိုးနေရ၏။
Phone က ရိုးရိုး စကားပြောဖို့တောင် နေရာက စကားပြော၏။ လိုင်း မကောင်းသည့် နေရာမှာ ပြောမိလျှင် ထစ်ထစ်နေတော့၏။ ကြားလိုက် မကြားလိုက်နှင့် အတော်လေး ဒုက္ခများရ၏။ ထို့ကြောင့် phone ပြောချင်လျှင် အိမ်ရှေ့ လမ်းမပေါ် တက်ပြီး ပြောရ၏။ ကျနော်တို့ အိမ်ရှေ့လမ်းက တဖက်ပိတ် လမ်းကြားလေး ဖြစ်နေလို့သာ တော်သေး၏။ ကားအသွားအလာ မရှိလို့ လွတ်လွတ်လပ်လပ် ပြောလို့ ရ၏။ ထို့ကြောင့် phone ကောင်းကောင်း ပြောချင်လျှင် လမ်းပြင် ထွက်ပြောနေရ၏။
ထို လိုင်းနှင့် ဂိမ်းဆော့မည်ဆို စဉ်းသာ စဉ်းစား ကြည့်ပေတော့ မိတ်ဆွေ၊ ဒီဘက်အိမ် ပြောင်းစတုန်းက internet နေရာမပြောင်းရသေးခင်တုန်းက phone data နှင့် ဂိမ်းဆော့ကြည့်သေး၏။ ကိုယ့် hero က နေရာ မရွေ့တော့ပေ။ တနေရာထဲမှာပဲ ရပ်နေတော့၏။ လိုင်း နည်းနည်းကောင်းလျှင် ပြန်ရွေ့သွားလိုက်နှင့် တော်တော်ကြာ ရပ်ပြီး ပြန်တက်လာသည့်အခါမှာတော့ ကိုယ့် hero က သေနေခဲ့ပြီ ဖြစ်၏။ ထို phone လိုင်းကြောင့်ပင် repot တွေလည်း အတော်လေး ထိခဲ့၏။
internet နေရာပြောင်း တက်နိုင်ပြီးမှပဲ အဆိုပါ ဒုက္ခ ကနေ ကင်းဝေးခဲ့ရ၏။ စာရေး ပိုစ့်တင်နှင့် အခြား အရာများအတွက် internet က အရေးပါ အရေးကြီးလှ၏။ Internet မသုံးရသည့် နေ့ဆိုလျှင် ကျနော့်မှာ ကြောင်တောင်တောင်နှင့် စာအုပ်ပဲ ကောက်ကိုင်ရမလိုလို TV ပဲ ကြည့်ရမလိုလိုနှင့်။ TV ကလည်း ကိုယ့်အလှည့် မရောက်ပေ။ တူလေးနှင့် တူမလေးက အပိုင် ယူထား၏။ သူတို့ လက်ထဲက remote control ကို သူတို့ အိပ်မှ ကျနော် ကိုင်ခွင့် ရ၏။ သူတို့ အိပ်သည့် အချိန်ကလည်း ည (၁၀) နာရီက အစောဆုံး ဆိုတော့ ဘာပြောရမည်နည်း။
ဒီနေ့တော့ ကျနော် ယူထားသည့် welink က မကျစဖူး လိုင်းကျနေ၏။ phone firmware update ပေးထားလို့ down ပါမယ်ဆိုမှ ကိုယ်ရွှေလိုင်းက မငြိမ်နေပေ။ ကျနေသည်က များ၏။ နေ့လည်ကဆိုလုံး၀ browser ကို ခေါ်မရပေ။ ညနေစောင်းလောက်မှ လိုင်းက နည်းနည်း တက်၏။ ညနေ (၄) နာရီလောက်က ဆွဲထားသည့် firmware က ခုချိန်ထိ (ည ၇ နာရီ) မရသေးပေ။ 27% တဲ့ ကျနော့်ကို လှောင်ရယ်နေသလိုပင်။ ဘယ်တတ်နိုင်မလဲ။ internet ဒုက္ခကလည်း မသေးလှပေ။