Home (Chapter 1)

donjaun(70)
Published in
MSC
Words
176
Reading
1 min
Listen
Play
7y

IMG_4862-01.jpeg

29 ရက်နေ့ မတိုင်ခင်ကတည်းက အိမ်ရွှေ့ဖို့ ပြောင်းဖို့ကို ပြင်ဆင်နေပြီ ဖြစ်၏။ အစီအစဉ် ချသည့် အဆင့်ပေါ့။ (၂၉) နှင့် (၁) ရက်နေ့မှသာ တကယ် လုပ်ဖြစ်တော့၏။ (၂) ရက်နေ့မှာတော့ ရသလောက် ပြီး သလောက် ရွှေ့မည် ဖြစ်၏။ အကုန်လုံး ရွှေ့နိုင် မရွှေ့နိုင်ကိုတော့ ရွှေ့ကြည့်မှ သိမည် ဖြစ်၏။ တကယ်တမ်း နေရာ ပြောင်းရသည့် အလုပ်က မလွယ်လှပေ။ တနေရာမှ တနေရာ ပြောင်းရလျှင် ပျော်ရွှင်ခြင်းက နောက်မှ စိတ်ညစ်၊ စိတ်ရှုပ်မှုက အရင်လာ၏။

နေရာသစ်မှာ နေရာချထားနိုင်ဖို့က နောက်မှ၊ လက်ရှိနေရာဟောင်းမှာ သိမ်းရ ဆည်းရနှင့် တော်တော်လေး အလုပ်ရှုပ်ရ၏။ ကျနော် လူမှန်း သိတတ်စကလည်းက ကျနော်တို့ (၃) နေရာ တိတိ ပြောင်းခဲ့၏။ ဒါတောင် ကျနော် မမွေးခင်၊ ကျနော် လသားအရွယ်လောက်မှာ ပြောင်းသည့် အကြိမ်အရေအတွက်တွေ ရှိသေး၏။ အိမ်ငှား ဘဝနှင့် အနေများခဲ့ပြီး အမတွေ အစိုးရ ဝန်ထမ်း လုပ်တော့ ဝန်ထမ်း အိမ်ယာ ရ၏။ လက်ရှိ ဝန်ထမ်း အိမ်ယာမှာ နေလာခဲ့တာ (၁၀) နှစ်ပင် ကျော်လာခဲ့ပြီ ဖြစ်၏။

IMG_20200301_234111.jpg

နေတာ ကြာလာခဲ့တော့ ဒီနေရာလေးကနေ ပြောင်းရမှာတောင် မပြောင်းချင်ချင်ပေ။ သို့သော် မပြောင်းလို့က မရပေ။ နောက်ပြောင်းလာသည့် ဝန်ထမ်းများကို နေရာ ချထားပေးရန် အမကို (၂) ရက်နေ့ နောက်ဆုံးထား ပြောင်းပေးဖို့ လူကြီးများက ပြောထား၏။ အမက ဒီဘက် ရုံးက အလုပ်များကို (၂၈) ရက်နေ့မှ လက်စသတ်လို့ ပြီးခြင်း ဖြစ်၏။ ခု (၂) ရက်နေ့ အပြီး ပြောင်းပေးရမည် ဆိုတော့ ကျနော်တို့မှာ (၃) ရက်ကျော်၊ (၄) ရက်လောက်သာ အချိန်ရ၏။

(၄) ရက်အတွင်း အပြီး ပြောင်းခြင်းသည် တကယ်တမ်းတော့ မလွယ်လှပေ။ တကယ့်ကို မလွယ်ကူခြင်း ဖြစ်၏။ အိမ်မှာ ပစ္စည်း များများ စားစား မရှိသော်လည်း တော်တော်နှင့် သိမ်းလို့ မပြီးပေ။ အဓိကက ဘယ်ကနေ စသိမ်းရမှန်း မသိခြင်း ဖြစ်၏။ အမှန်တော့ ကျနော့်မှာ ပစ္စည်း သိမ်းခြင်းကို အရင် မလုပ်ရသေးခင်မှာ အိမ်အသစ်မှာ ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ရသေး၏။ ကျနော် ငယ်ငယ်လေးကတည်းက အမေ မြေကွက် ကြိုဝယ်ထားလို့ တော်သေးသည် ပြောရမည်။ ထိုစဉ်က (၅၀၀၀၀) ကျပ်လောက်နှင့် (၈၀)၊ (၆၀) မြေကွက် တကွက် ရနိုင်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Home (Chapter 1) | Ecency