EPL Round 32

Words
225
Reading
1 min
Listen
Play
6M

EPL Round 32 ပွဲစဉ်များ ဒီတပတ်မှာ ပြန်လည်လို့ ကစားမည် ဖြစ်၏။ ဒီနေ့ မနက် ၁ နာရီခွဲမှာ အစောဆုံး ပွဲစဉ် အဖြစ် West Ham vs Wolves တို့ ယှဉ်ပြိုင် ကစား၏။ West Ham က ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။ ယခု နိုင်ပွဲကြောင့် Tottenham ထက် ၁ ပွဲ ပိုကစားထားပြီး တန်းဆင်းဇုန်၏ အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နေ၏။ Tottenham အနေဖြင့် နက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ Sunderland အသင်းနှင့် အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

လက်ရှိမှာ West Ham က ၁ ပွဲသာ ၃၂ မှတ်၊ Tottenham က ၁ ပွဲလျော့ ၃၀ မှတ်ဖြင့် ၂ မှတ်ကွာနေ၏။ Tottenham အနေဖြင့် Sunderland ကို သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့ပါက အဆင့် ၁၈ ဖြင့် တန်းဆင်းဇုန်ထဲ ကျရောက် သွားမည် ဖြစ်၏။ အဆင့် ၁၅ မှ Leeds က ၃၃ မှတ်၊ အဆင့် ၁၆ မှ Nottm Forest က ၃၂ မှတ် ဆိုတော့ တန်းဆင်းဇုန် ၁ နေရာ အတွက် အဆိုပါ ၄ သင်းထဲက ၁ သင်းသင်း ရရှိသွားနိုင်၏။

ချန်ပီယံ ဘယ်သူ ဆိုတာထက် ဘယ်အသင်း တန်းဆင်းသွားရမလဲက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။ ချန်ပီယံက Arsenal မဟုတ်ရင် Man City သာ ဖြစ်ဖို့ ရှိ၏။ လက်ကျန်ပွဲနှင့် လက်ရှိ ရမှတ်အရ Arsenal သာ ချန်ပီယံ ဖြစ်ဖို့ များနေခဲ့၏။ လက်ရှိမှာ Arsenal က ၁ ပွဲသာ ၇၀ မှတ်၊ City က ၁ ပွဲလျော့ ၆၁ မှတ် ရရှိထား၏။ ပွဲကျန် ၁ ပွဲကိုသာ နိုင်ခဲ့ရင် ၆၄ မှတ်ရမည် ဖြစ်ပြီး Arsenal နှင့် ၆ မှတ် ကွာမည် ဖြစ်၏။ လက်ကျန် ပွဲစဉ်တွေထဲ ၂ ပွဲ၊ ၃ ပွဲလောက် ခြေချော်သွားရင် Arsenal တို့ စည်သူလွင် ထပ်ဖြစ်သွားနိုင်၏။

ဒီနှစ်တော့ Arsenal အနေဖြင့် ထိုသို့ အဖြစ်မခံလောက်တော့ပေ။ နောက်ထပ် ကစားဖို့ ၇ ပွဲသာ ကျန်တော့သည်မို့ ထို ၇ ပွဲကို သေချာလေး အာရုံစိုက် အားထည့် ကစားလိုက်ရင် ဝေးကွာနေတာကြာပြီ ဖြစ်သည့် EPL ဖလားကြီးကို လက်ဝယ် ကိုင်ဆောင်ခွင့်ရမည် ဖြစ်၏။ Arsenal အနေဖြင့် ချန်ပီယံ ဖြစ်ဖို့ အကောင်းဆုံး ကြိုးစားမှာ ဖြစ်သလို အခွင့်အရေးရှိနေသေးသည့် City အနေဖြင့်လည်း Arsenal ကို ဆက်လက် ဖိအားပေးသွားဖို့ ရှိနေ၏။ Arsenal ခြေချော်တာကို စောင့်နေရင်း ကိုယ်တိုင် ခြေမချော်ဖို့တော့ လိုမည် ဖြစ်၏။

(photos from Premier League Page)

EPL Round 32 | Ecency