ASEAN Championship Hyundai Cup

Words
170
Reading
1 min
3M
Listen to this post
~1 min

လက်ရှိမှာ ASEAN Championship Hyundai Cup ပြိုင်ပွဲ ကျင်းပနေ၏။ မြန်မာအသင်းက Group B မှာ ပါဝင်နေ၏။ Group B မှာ ထိုင်း၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအို တို့ ပါဝင်နေ၏။ မြန်မာ အသင်း အနေဖြင့် 25 ရက်နေ့က မလေးရှား အသင်းနှင့် အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့၏။ ဦးဆောင်ဂိုးကို ပထမပိုင်း 10 မိနစ်မှာ သွင်းယူနိုင်ခဲ့ပေမဲ့ 52 နှင့် 57 မိနစ်တွေမှာ ချေပဂိုးနှင့် အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရ၏။

အုပ်စု အဖွင့်ပွဲကို အရှုံးနဲ့ ရင်ဆိုင်သွားရ၏။ မလေးရှားက ကောင်းလွန်းနေ၍ မဟုတ် ကိုယ်တွေက ဂိုးကံခေနေသောကြောင့် ဖြစ်၏။ မြန်မာပွဲတွေက မကြည့်ဖြစ်တာ ကြာခဲ့ပါပြီ။ ကန်တိုင်း ရှုံးနေတာရယ်၊ ပြီး ဘဘကြီး လက်ထပ်အသင်း ဖြစ်နေတာကြောင့် ထက်ထက်သန်သန် ထဲထဲဝင်ဝင်တော့ အားမပေး ဖြစ်နေပေ။ သို့ပေမဲ့ မြန်မာ ဆိုတဲ့ အသံလေးကြားရင် ခေါင်းလေးတော့ စောင်းငဲ့ ကြည့်မိနေသေးသား။

မလေးရှားကို ရှုံးနိမ့်သွားတာမို့ နောက်ထပ် ပွဲစဉ်တွေကို သေချာလေး ဂရုစိုက်ဖို့ လိုပေမည်။ အုပ်စု ပထမနှင့် ဒုတိယသာ နောက်တဆင့် တက်မှာဆိုတော့ လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုမည်။ ထိုင်း အသင်းနဲ့က အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် ကစားရမည် ဖြစ်၏။ နက်ဖြန်မှာ ဖိလစ်ပိုင် နဲ့ ကစားရမည် ဖြစ်ပြီး ဩဂုတ်လ 4 ရက်နေ့မှာ လာအိုအသင်းနဲ့ ကစားရမည် ဖြစ်၏။

ဟိုးအရင်လို ထိုင်းနဲ့ မလေးရှားကိုသာ အဓိက ယှဉ်ပြိုင်ဖို့ လိုတာမျိုး မဟုတ်တော့ပေ။ ကျန် အသင်းတွေကလည်း တိုးတက်လို့ လာနေ၏။ ကိုယ်တွေ ရွှေမြန်မာသာ ဒုံရင်း ဒုံရင်း ဖြစ်နေခဲ့၏။ ASEAN Championship မှာ အအောင်မြင်ဆုံးအသင်းက ထိုင်းအသင်း ဖြစ်၏။

မြန်မာအသင်း အနေဖြင့် ဗိုလ်လုပွဲ အဆင့်ထိ တက်ရောက်နိုင်ထားခြင်း မရှိသေးပေ။ အမြင့်ဆုံး အနေဖြင့် 2016 မှာ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်း ထားနိုင်ခဲ့၏။ ဆီမီးဖိုင်နယ်မှာ ထိုင်းကို နှစ်ကျော့ပေါင်း ၀-၆ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ အဆိုပါနှစ်မှာ ထိုင်းအသင်း ချန်ပီယံ ဖြစ်သွားခဲ့၏။ မြန်မာ အသင်း အနေဖြင့် လိုအပ်ချက်တွေ ရှိနေပေမဲ့ အကောင်းဆုံး ပြင်ဆင်ပြီး နောက်တဆင့်သို့ တက်လှမ်းသွားနိုင်ဖို့ မျှော်လင့်မိပါ၏။

(photos from Myanmar Football Association page)

ASEAN Championship Hyundai Cup | Ecency