After Match Week 10

Words
207
Reading
1 min
16m
Listen to this post
~1 min

EPL Round 10 အပြီးမှာ အမှတ်ပေးဇယား ရပ်တည်မှု အပြောင်းအလဲလေးတွေ ဖြစ်ပေါ်ခဲ့၏။ အဆင့် ၁ နေရာကတော့ အပြောင်းအလဲ မရှိပေ။ ရှေ့တပတ် City ၏ ခြေချော်မှုကနေ Arsenal တို့ အဆင့် ၁ နေရာသို့ တက်လှမ်းခဲ့တာ သိကြပြီး ဖြစ်၏။ အမှတ် မပြတ်အောင် City တို့ အနေနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ ဒီတပတ်မှာလည်း ရှုံးပွဲတွေ့သွားခဲ့ရ၏။ အမှတ်အားဖြင့်လည်း ၆ မှတ်ကွာဟ သွားခဲ့ရ၏။ မှတ်မှတ်ရရ Real Madrid ကို ရှုံးပြီးနောက်မှာ City တို့ ခြေစွမ်း ယိမ်းယိုင်မှုတွေ ဖြစ်လာခဲ့သည်ဟု ဆိုရမည်။

City တို့ ခြေချော်နေပေမဲ့ ခြေစွာနေတာကတော့ Brighton ဖြစ်၏။ ခုချိန်ထိ တွေ့သမျှ အသင်းကြီးတွေကို အနိုင်ယူထား၏။ ၂၆ ဂိုး သွင်းယူထားသည့် တိုက်စစ်က အံ့မခန်းပင်။ သူတို့က သွင်းဂိုး အများဆုံး ဖြစ်၏။ သွင်းဂိုးများသလို ပေးဂိုးကော များနေမလားဆို မဟုတ်ပေ။ အဆင့် ၁ က Arsenal ပြီးရင် ဒုတိယပေးဂိုး အနည်းဆုံး အသင်း ဖြစ်၏။ တိုက်စစ်ပိုင်း ကောင်းမွန်သလို ခံစစ်လည်း လုံခြုံသည်ဟု ဆိုရပေလိမ့်မည်။

ထုံးစံအတိုင်း Arsenal ကတော့ ခြေလှမ်းမှန်မှန်နဲ့ ခရီးဆက်နေဆဲပင်။ နည်းပြ အပြောင်းအလဲကြောင့် အသင်းကြီး အများစု အခြေကျဖို့ ရုန်းကန်နေကြရ၏။ ဥပမာ City, Liverpool, Chelsea တို့ပေါ့။ Man United ကိုတော့ ထည့် မပြောနေတော့ပေ။ နည်းပြ အပြောင်းအလဲ မရှိဘဲ တိုင်ပတ်နေသည် မဟုတ်လား။ ယာယီ နည်းပြ Michael Carrick ဘဝ ကနေ အမြဲတမ်း နည်းပြ ဖြစ်ခါမှ ဘာတွေ ဖြစ်နေမှန်း မသိတော့ပေ။

၁၀ ပွဲကစားပြီး ၈ မှတ်သာ ရကာ အဆင့် ၁၈ နဲ့ တန်းဆင်းဇုန်ထဲ ရောက်လို့နေခဲ့၏။ ကောင်းရော။ Michael Carrick လက်ထက်မှာ စံချိန်တခု ရသွားခဲ့သည်ပေါ့။ ဒါတောင် Aston Villa ကို နောက်ဆုံး မိနစ် ဂိုးတွေနဲ့ သရေ ကစားနိုင်ခဲ့လို့သာပေါ့။ ရှုံးများ ရှုံးသွားရင် ၇ မှတ်နဲ့ ဆက်လက် စခန်းသွားနေရမယ့် အဖြစ်၏။ United အကြောင်းကတော့ မပြောချင်တော့ပါလေ။ ပြောလည်း ထူးမှ မထူးဘဲ။ ဒီအတိုင်းလေး မဆိုင်သလိုပဲ နေပါတော့မည်။ ယခင်လောက် စိတ်မနှစ်တော့ဘဲ မသိမသာလေးပဲ အားပေးပါတော့မယ်။

Sir Alex ထွက်ခွာ သွားပြီး ကတည်းက ကိုယ်‌တွေရဲ့ အပျော်က ပျောက်သွားခဲ့ပါပြီ။ Arsenal ခေတ်ကို Mikel Arteta က ပြန်လည် ဖော်ဆောင်ပေးနိုင်ခဲ့ပေမဲ့ United ရဲ့ ခေတ်ကို ဘယ်သူက ပြန်လည် ယူဆောင် ပေးမည်နည်း။ ဒီတပတ်တော့ စိတ်သက်သာရာ ရကြမှာပါ။ နိုင်ငံအသင်း ပွဲစဉ်တွေ ကစားမှာမို့ ဒီတပတ် လိပ်ပွဲစဉ်တွေ မရှိပေ။

(photos from JJ101 & Man United pages)

After Match Week 10 | Ecency