Understanding and managing stress
"စိတ်ဖိစီးမှုကို သိနားလည်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း"
It is hardly surprising today that in the so-called highly advanced societies, in the west as well as the east, which are dominated by greed, fear, and hatred, an increasing number of people experience restlessness, frustration, jealousy, and enmity. To many, especially the youths who are brought up in the environment of affluence and luxury, life is meaningless. In anger and out of frustration, they join movements protesting against just about everything.
အလွန် တိုးတက်ပါတယ်ဆိုတဲ့ ယနေ့ခေတ်တွင် အနောက်တိုင်းရော၊ အရှေ့တိုင်းက လူ့အဖွဲ့အစည်း အတွင်းမှာပါ လောဘကြီးမှု၊ စိုးရိမ်မှု၊ အမုန်းပွားမှုတွေ စိုးမိုးခြယ်လှယ် ခံနေရပြီး ဂနာမငြိမ်ဖြစ်သူ၊ အားမလို အားမရဖြစ်သူ၊ မနာလိုသူ၊ ရန်လိုသူတွေ တိုးပွားလာနေပါတယ်။ ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဥစ္စာဓနပေါများပြီး ဇိမ်ကျကျပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ လူငယ် အများပြားဟာ ဘဝကို အဓိပ္ပါယ်မဖော်နိုင် ဖြစ်နေကြပါတယ်။
They challenge the conventional ways of doing things by the 'Establishment' and foster the process of bringing about the loss of moral standards, disintegration of family life, and the intrusion of psychotic cults in art, dances, and fashions. Amidst the change and affluence, people are lonely and bored.
သူတို့ဟာ ဒေါသထွက်ကာ အားမလို အားမရနှင့် အရာရာကို ဆန့်ကျင် ကန့်ကွက်သည့် လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ကြတယ်။ ရှေးရိုးစွဲဝါဒီများ ဆောင်ရွက်နေတဲ့ သမရိုးကျ အစဉ်လာနည်းတွေကို စောဒကတက်ပြီး ကိုယ်ကျင့်တရား စံနှုန်းများ ပျောက်ဆုံးကာ မိသားစုဘဝ ပြိုကွဲစေတဲ့ နည်းစနစ်ကို အားပေးလာတယ်။ အနုပညာပိုင်းတွင် စိတ်ဝေဒနာဖိဆီးမှုကြောင့်ဖြစ်တဲ့ အစွဲလမ်းများ၊ ကခုန်မှုများ၊ ဝတ်စားဆင်ယင်မှုများ ဝင်ရောက်လာတာကို အားပေးကြတယ်။
အခြေနေ ပြောင်းလဲမှုနှင့် ကြွယ်ဝချမ်းသာမှု အကြားမှာ လူတွေဟာ အထီကျန်ခြင်း၊ ငြီးငွေ့ခြင်းများ ခံစားနေရပါတယ်။
Is it not a paradox that in the world filled with six billion inhabitants, people can still be lonely? To a certain extent, this is true. But being alone does not necessarily mean that one will feel lonely. A meditator may be alone in the forest, but he is fully occupied with the cultivation of his mind. A man can be in the middle of a big crowd, and yet be completely overcome by an intense feeling of loneliness, despite the crowd.
လူသန်းပေါင်း ခြောက်ထောင် နေထိုင်လျက်ရှိတဲ့ ကမ္ဘာကြီးထဲမှာ လူသားတွေ အထီးကျန်နေတယ်ဆိုတာဟာ ဝိရောဓိဖြစ်စရာ မဟုတ်ပါလား။ ဒါဟာ အတိုင်းအတာ တစ်ခုထိ မှန်ပါတယ်။ ဒီနေရာမှာ တစ်ဦးတည်း ရှိနေခြင်းဟာ လူကို အထီးကျန်မှု ခံစားရစေတယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး။ တရားထိုင်သူဟာ တောထဲမှာ တစ်ယောက်တည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်ကို ပြုစုပျိုးထောင်ခြင်းနှင့်အတူ အချိန်ပြည့် မအားမလပ်ရှိနေပါမယ်။ အခြားတစ်ယောက်ဟာ လူအုပ်စုအလယ်မှာ ရှိနေနိုင်ပါတယ်။ လူစုလူဝေးနဲ့ ရှိနေပေမယ့် ပြင်းထန်တဲ့ အထီးကျန်ခံစားမှုနဲ့ လုံးဝ မွှန်ထူနေနိုင်ပါတယ်။
As one person puts it: 'When alone, I'm not lonely, since I'm free to act as I wish. It is only when I'm with others in society that I experience loneliness, feeling out of place and suspicious of the discrimination, formalities and traditions which society is so full of. 'Increasingly people see their lives as being empty, filled with routine work and lacking a sense of purpose. They try to overcome their loneliness by doing outrageous things, dressing stylish clothes and shocking hairdos.
"တစ်ယောက်ထဲရှိချိန်မှာ ကျွန်တော် အထီးကျန်မခံစားရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဆန္ဒရှိတာကို လုပ်ဆောင်ရာမှာ လွတ်လွတ်လပ်လပ် ရှိတာကြောင့်ပါ။ အဖွဲ့အစည်းအတွင်း အခြားသူတွေနဲ့ အတူရှိနေချိန်မှာသာ နေရာမရှိသလို ခံစားရခြင်း၊ ခွဲခြားဆက်ဆံခံရသလို သံသယစိတ်ဝင်ခြင်း၊ လူ့အဖွဲ့အစည်းမှာ ပြည့်နှက်နေတဲ့ ဟန်ကြီးပန်ကြီးလုပ်ခြင်းများ၊ ဓလေ့ထုံးစံများကြောင့် အထီးကျန်ခံစားရတယ်" ဟု လူတစ်ယောက် ရေးသားထားသလိုပါပဲ။ ပုံမှန် အလုပ်ထဲမှာ နစ်နေပြီး စိတ်ကျေနပ်မှုခံစားချက် ကင်းမဲ့နေသူတွေဟာ သူတို့ဘဝကို အဓိပ္ပါယ်မဲ့သလို ပိုမြင်လာကြတယ်။ သူတို့ဟာ ကိုးရိုးကားရား အလုပ်တွေကို လုပ်ခြင်း၊ ခေတ်ဆန်အဝတ်စားများ ဝတ်ဆင်ခြင်း၊ ဆံပင် ဖုတ်သိုက်ပုံစံများထားခြင်းဖြင့် အထီးကျန်မှုကို ဖြေဖျောက်ရန် ကြိုးစားကြပါတယ်။
They gamble, get involved in petty thefts or fights, just to create some excitement in their lives. But so long as they are engrossed in themselves and their insatiable desires instead of turning their efforts to the betterment of their fellowman, their loneliness will continue to remain. People turn to alcohol either as a means towards socialization or as a way to drown and wash away their loneliness. But alcohol can never wash away one's troubles: it only worsens them, like feeding more fuel to a fire.
သူတို့ဟာ ဘဝမှာ စိတ်လှုပ်ရှားမှုအချို့ ခံစားရရန် လောင်းကစားလုပ်ကြတယ်။ အသေးအဖွဲ ခိုးမှုတွေ ဒါမှမဟုတ် တိုက်ခိုက်မှုတွေမှာ ပါဝင်ကြတယ်။ ဒါပေမယ့် အခြားသူတွေ တိုးတက် ကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်ပေးရမည့်အစား ကိုယ့်ကိုယ်ကိုနှင့် ကိုယ့်ရဲ့ မတင်းတိမ်နိုင်တဲ့ အလိုဆန္ဒတွေကိုသာ စိတ်ဝင်းစားနေသမျှ အထီးကျန်မှု ဆက်လက်ခံစားနေရပါလိမ့်မယ်။ လူတွေဟာ ပတ်ဝန်းကျင်မှာ ဝင်ဆံ့စေရန် နည်းလမ်းတစ်ရပ်အနေနှင့် သို့မဟုတ် စိတ်ညစ်၍ မေ့အောင် မူးအောင် သောက်သည့်အနေနှင့် ဒါမှမဟုတ် အထီးကျန်မှုကို ဆေးကျောသည့်အနေနှင့် အရက်သေစာဆီ ခြေဦးလှည့်ကြတယ်။ ဒါပေမယ့် အရက်က လူတစ်ဦးရဲ့ ပြဿနာများကို ဆေးကျောမပေးနိုင်တဲ့အပြင် မီးတောက်ကို လောင်စာဖြည့်ပေးသလို ပြဿနာကို ပိုဆိုးသွားစေပါတယ်။
Stress is a disease of civilization
စိတ်ဖိစီးမှုသည် လူ့အဖွဲ့အစည်း၏ အနာရောဂါတစ်မျိုးဖြစ်၏
Stress is a term adopted by psychology and medicine from engineering science. Simply defined, stress in engineering means force upon an area. As so many forces are working upon us in the modern age, and we find it extremely difficult to cope under so much pressure, stress is called the 'disease of civilization.' Philip Zimbardo in his Psychology and Life traces four interrelated levels at which we react to the pressures exerted upon us from our environment.
Stress ဟာ စက်မှုသိပ္ပံလာ ဝေါဟာရကို စိတ်ပညာနှင့် ဆေးပညာမှ မွေးယူထားတာဖြစ်ပါတယ်။ လွယ်လွယ် အဓိပ္ပါယ်ဖွင့်ရရင် စက်မှုသိပ္ပံတွင် Stress ဆိုတာ တစ်နေရာအပေါ် သက်ရောက်တဲ့ ဖိအားဖြစ်ပါတယ်။ မျက်မှောက်ခေတ်တွင် ဖိအားများစွာ ကျွန်တော်တို့အပေါ် ကျရောက်နေပါတယ်။ ကျွန်တော်တို့ဟာ ဖိအားများစွာအောက်မှ လွတ်မြောက်ရန် ခက်ခဲတယ်ဆိုတာ တွေ့ရပါတယ်။ စိတ်ဖိစီးမှုကို လူ့အဖွဲ့အစည်း၏ အနာရောဂါတစ်မျိုးလို့ ခေါ်ပါတယ်။ Philip Zimbardo က စိတ်ပညာနှင့်ဘဝ စာအုပ်တွင် ပတ်ဝန်းကျင်က ကျွန်တော်တို့အပေါ် ကျရောက်တဲ့ ဖိအားများကို ကျွန်တော်တို့က တုန့်ပြန်ပုံ အပြန်လှန်ဆက်နွှယ်သည့် အဆင့်လေးဆင့်ကို ခြေရာကောက်ပြထားပါတယ်။
The four are: the emotional level, the behavioral level, the physiological level, and the cognitive level. The emotional responses to stress are sadness, depression, anger, irritation, and frustration. The behavioral responses are poor concentration, forgetfulness, poor interpersonal relations, and lowered productivity. The physiological responses consist of bodily tensions, which may lead to headaches, backaches, stomach ulcers, high blood pressure, and even killer diseases. At the cognitive level one may lose self- esteem and self-confidence, which leads to feelings of helplessness and hopelessness. At worst such a person may even end up committing suicide.
အဆင့်လေးဆင့်မှာ စိတ်ခံစားမှုနှင့် ဆိုင်သော အဆင့်၊ အပြုအမူနှင့် ဆိုင်သော အဆင့်၊ ဇီဝကမ္မနှင့် ဆိုင်သော အဆင့်၊ သိမြင်မှုနှင့် ဆိုင်သော အဆင့်တို့ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို စိတ်ခံစားမှုနှင့် တုန့်ပြန်ပုံများကတော့ ဝမ်းနည်းခြင်း၊ စိတ်အားငယ်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်တိုခြင်း၊ ခံပြင်းခြင်းတို့ ဖြစ်ပါတယ်။ အပြုအမူနှင့် တုန့်ပြန်ပုံများကတော့ အာရုံစူးစိုက် နိုင်စွမ်းအားနည်းခြင်း၊ မေ့တတ်ခြင်း၊ လူမှုဆက်ဆံရေး ညံ့ဖျင်းခြင်း၊ လုပ်ကိုင်နိုင်စွမ်းအား ကျဆင်းခြင်းတို့ ဖြစ်ပါတယ်။ ဇီဝကမ္မဆိုင်ရာ တုန့်ပြန်ပုံများတွင် ခေါင်းကိုက်ခြင်း၊ ကျောအောင့်ခြင်း၊ ဗိုက်နာခြင်း၊ သွေးပေါင်မြင့်တက်ခြင်းအပြင် သေစေနိုင်သည့် ရောဂါများပင် ဖြစ်စေနိုင်တဲ့ ကိုယ်ခန္ဓာပင်ပန်းမှုတို့ ပါဝင်ပါတယ်။ သိမြင်မှုဆိုင်ရာ အဆင့်တွင် အကူညီမဲ့တဲ့ ခံစားချက်၊ မျှော်လင့်ချက်မဲ့တဲ့ ခံစားချက်များ ဖြစ်စေနိုင်သည့် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု။ ကိုယ့်ကိုယ်ကို ယုံကြည်မှုများ ပျောက်ဆုံးနိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီလို စိတ်ဖိစီးမှုခံရသူဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး ဘဝကို အဆုံးသတ်သွားနိုင်ပါတယ်။
In order to understand stress, let us consider the various environmental factors which exert pressure on modern man. In this atomic age the very survival of the species is threatened. Nuclear war threatens every single human being on earth, irrespective of whether one lives in a country with nuclear weapons or not. Population explosion threatens man with severe food shortages; at present even a large segment of human population is undernourished while still others are dying of starvation and malnutrition. Environmental pollution causes severe health hazards and mental and physical retardation.
စိတ်ဖိစီးမှုသဘောကို နားလည်ရန် မျက်မှောက်ခေတ် လူသားများအပေါ် ဖိအားကျရောက်စေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်း အမျိုးမျိုးကို စဉ်းစားကြည့်ရအောင်။ ယခုလို အနုမြူခေတ်တွင် မျိုးစိတ်များ အသက်ရှင်သန်ရေးသည်ပင် ခြိမ်းခြောက်ခံနေရပါတယ်။ အနုမြူပိုင်ဆိုင်တဲ့ နိုင်ငံမှာ နေထိုင်သူ မနေထိုင်သူလို့ ရွေးစရာမလို ကမ္ဘာမှာရှိသမျှ လူတိုင်းကို အနုမြူ စစ်ပွဲက ခြိမ်းခြောက်နေတာပါ။ လူဦးရေ တစ်ဟုန်ထိုး တိုးပွားခြင်းက အစာရေစာ ကြီးကြီးမားမား ပြတ်လပ်မှုနှင့် လူသားတွေကို ခြိမ်းခြောက်ပါတယ်။ လတ်တလောမှာပင် လူအရေတွက် အတော်များများ အဟာရချို့တဲ့နေပြီး အခြား အစာရေစာ ငတ်ပြတ်၍ သေဆုံးသူများ၊ အာဟာရ ချို့တဲ့၍ သေဆုံးသူများလည်း ရှိနေပါတယ်။ သဘာဝပတ်ဝန်ကျင် ညစ်ညမ်းခြင်းကလည်း ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းခြင်းကို ဖြစ်စေပါတယ်။
Unemployment among the skilled is a growing global problem. The pace of life has become so hectic that man is rushing from one task to another without any relaxation. This is really paradoxical in an age when labor-saving devices are freely available and are in use to an unprecedented degree. Competition for educational and employment opportunities is so severe that it has contributed greatly increase the rate of suicide.
ပညာတတ်များအကြား အလုပ်လက်မဲ့ လူဦးရေဟာ ကမ္ဘာလုံးအတိုင်းအတာနှင့် တိုးပွားလာနေပါတယ်။ လူတွေမှာ အနားမရဘဲ အလုပ်တစ်ခုပြီး တစ်ခု ပြေးလွှားလုပ်ကိုင်နေရသည်အထိ ဘဝအရှိန်ဟာ အလွန် ကသီလင်တနိုင်လှပါတယ်။ ဒါဟာ လုပ်အားချွေတာရေး ကိရိယာများ အလွယ်တကူ ရနိုင်ပြီး၊ မကြုံစဖူး အတိုင်းအတာအထိ အသုံးပြုနေသည့် ကာလရောက်နေတဲ့ ခေတ်နဲ့ အလွန် ဝိရောဓိဖြစ်နေပါတယ်။ ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြိုင်ဆိုင်မှုဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနူန်း လွန်လွန်ကဲကဲ တိုးပွားလာစေသည်အထိ အလွန် ပြင်းထန်နေပါတယ်။
Enjoyment of sense pleasures has grown so deeply that it has become like drinking salt water to quench thirst. Constant stimulation of the senses is considered a necessity today, and thus pocket radios with earphones and cosmetics are marketed everywhere. Sense stimulation goes on developing but satisfaction is never achieved. It is no wonder that man, caught up in all this, is terribly confused and frustrated, and his life is intolerably stressful. This is the situation the Buddha describes 'people are enmeshed in tangles.'
အာရုံခံစားမှုဆိုင်ရာ အပျော်အပါးလိုက်ခြင်းဟာ ရေငတ်ပြေအောင် ဆားငံရေ သောက်သလို ဖြစ်လာသည်အထိ အလွန့် အလွန် တိုးများလာပါတယ်။ အာရုံများအား အဆက်မပြတ် နှိုးဆွပေးခြင်းကို ယနေ့ခေတ်ရဲ့ လိုအပ်ချက်လို့ ထည့်သွင်းစဉ်းစားလာပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ နားကြပ်ပါ အိပ်ဆောင် ရေဒီယိုများနဲ့ အလှပြင်ပစ္စည်းများကို ရောင်းချနေကြပါတယ်။ အာရုံနှိုးဆွပေးမှု တိုးလာပေမယ့် ဘယ်တော့မှ အားရကျေနပ်မှု မရကြပါဘူး။ အရာရာကို စိတ်ဝင်စားနေတဲ့အတွက် လူတွေ အလွန် စိတ်ရှုပ်ထွေးပြီး မချင့်မရဲဖြစ်ကာ မခံနိုင်လောက်အောင် စိတ်ဖိစီးခံရတာဟာ အံသြစရာတော့ မဟုတ်ပါဘူး။ 'လူတွေဟာ အရှုပ်အထွေးများထဲက ရုန်းမထွက်သာအောင် တွယ်ငြိနေကြတယ်' လို့ မြတ်ဗုဒ္ဓမိန့်ကြားသည့် အခြေနေမျိုးဖြစ်ပါတယ်။