Love Poems

Words
99
Reading
1 min
Listen
Play
9y

Good morning all Steemians...
I wrote this poems by the name (ခက်ဝေ).
Today, I post this poems on Steemit by using eSteem application.
image

  • စိတ္တဇ
    image

ဘယ်လို ဖြေဖျောက်ရပါမလဲ
အမှား များစွာနှင့်မို့
ရင်ဆိုင်ဖို့ စွမ်းအား
ဘယ်သူ ပေးသနားမလဲ
ထွက်ပြေး ပါရစေတော့
ရူးတယ်ပင် ထင်ထင်
ပေါတယ်ပဲ ပြောပြော
နင့်ကို ချစ်တာ...
ဘဝနှင့် ရင်းခဲ့မိပြီ
သန်းခေါင်ကျော်ရင်
မိုးလင်းပါ့မလားလို့
ငါ မတွေးတော့ဘူး
အမှောင်ထဲလည်း...
လျှောက်ရဲရမှာပေါ့
ဘဝက...
အချစ်နှင့် တည်ဆောက်မှ
ခိုင်မြဲမှာလား
ကံကြမ္မာ ကို
လက်ခုပ်ထဲ ထည့်လို့ရရင်
နင့်ကို ပျော်ရွှင်စေချင်တယ်
ခုတော့...
ငါဟာ...
ဝေဒနာ လောင်မြိုက်လို့
အမိုက်အမှောင်တိုက်မှာ
ငိုက်စိုက် ကျနေပါရောလား။ ။
...................... ခက်ဝေ ..........

  • မင်း အတွက်
    image

ချစ်ခဲ့တယ်...
ပေးဆပ်မှု အပြည့်နဲ့
ငါ့ ပိုင်ဆိုင်မှုတွေဟာ
မင်းအတွက်...
မျှော်လင့်ချက်တွေဟာ
မင်းအတွက်...
ဆန္ဒရဲ့ လိုလားချက်တိုင်းဟာ
မင်းအတွက်...
ငါ့ဘဝ ရှင်သန်နေခြင်းဟာ
မင်းအတွက်...
အရာရာတိုင်ဟာ
မင်းအတွက်...
ရည်စူး ကြိုးစားသွားမယ်။
ငါ့အတွက်
"အချစ်" ဆိုတဲ့...
ဝေါဟာရလေးကိုတော့
ပိုင်ဆိုင်ခွင့် ပေးအပ်ပါ။ ။
................ ခက်ဝေ ..........

Love Poems | Ecency