ဒီပုံလေးကိုမြင်တော့ငယ်ငယ်က မွေးရပ်မြေ အညာကရွာမှာ မြေပဲဖော်ချိန် နှမ်းနူပ်ချိန်ကိုသွားသတိယမိတယ်ဗျာ သူ့ကို ကိုယ်ကကူ ကိုယ့်ကိုသူကကူ လုပ်အားတလှည့်စီလုပ်ကြတာ အဖွဲ့လိုက် သိမ်းကြတာဆိုတော့ပျော်စရာတအားကောင်းတာ သူ့အိမ်ကိုယ့်အိမ်ကထည့်လာတဲ့ဟင်းအပြင် တောထဲတောင်ထဲက စားရတဲ့အသီးအရွက်ကလေးတွေလဲတောထဲမှာဘဲရေဆူအိုးချက်စားကြတာ လပ်လပ်ဆပ်ဆပ် စားလို့ကောင်းသလားမမေးပါနဲ့ဗျာ ၊အခုတော့လဲ အဲ့ဒီတုန်းကအတူလုပ်ခဲ့တဲ့သူတွေ အသက်တွေလဲကြီးကုန်ပြီ
တနယ်တကျေးတွေလဲရောက်ကုန်ပြီလေ တခါတရံမှာ အဲ့လိုဘဝလေးတခါလောက်တော့ပြန်ရောက်ချင်မိတယ်လို့စိတ်ကူးမိတယ်ဗျာ ၊