မမြင်ဖူးတဲ့သူငယ်ချင်းတွေကိုပြလိုက်အုံးမယ်
ဒါက တောရွာတွေမှာချက်တဲ့အရက်ချက်စက်ရုံပေါ့ ဟဲ ဟဲ တပိုင်တနိုင်မိသားစုချက်တာပေါ့
ထန်လျှက်ကိုအရည်ဖျော် မြေအိုးကြီးထဲထည့် မီးဖိုပေါ်တင်တဲ့အခါအငွေ့ထွက်လာတယ်
အဲ့ဒီအငွေ့ကို ခံဖို့ သံဒယ်ထဲရေအေးထည်ပြီးအပေါ်ကတင်ထားတယ်
အငွေ့တွေဟာ ရေအေးထည့်ထားတဲ့သံဒယ်ရဲ့ဖင်နဲ့တွေ့တဲ့အခါရေအဖြစ်ပြောင်းပြီးသံဒယ်ရဲဖင်ခြေဆီစုလာပါတယ်
အဲ့ဒါကို ထန်းလျှက်အရည်ဖျော်ထဲမကျအောင်ခွက်တခုခုနဲ့ခံပြီး အဲဒီခွက်ကိုပိုက်နဲအပြင်ကိုမြေအိုးဖောက်ပြီးထုပ်ထားတယ်၊
အဲ့ဒီအရေကိုပုလင်းနဲ့ခံထားရတယ် အဲ့ဒါ ကျွန်တော်တို့တောရွာအရပ်မှာချက်တဲ့တောအရက်ပေါ့
သူကပြင်းတယ်ဗျ နဲနဲသောက်လဲမူးတာပဲခင်ဗျ