ဒါကတော့မြန်မာ့ရိုးရာစားစရာ ဗူးသီးကြော်ပါ
အကြော်ကောင်းရင်အလွန်စားကောင်းပါတယ် ဗူးသီးကြော်မကြိုက်တဲ့ မြန်မာဆိုတာမရှိပါဘူး တခါတလေ
ဗူးသီးမရတဲ့အခါ ဂေါ်ရခါးသီးကိုကြော်ကြပါတယ်။အဓိက ကတော့ ဆန်ကြမ်းမှူံ့ရယ် ကုလားပဲမှူံ့ရယ်
ဆော်တာမှူံ့လေးရယ်သူ့အချိုးအစားနဲ့သူထည့်ရေလေးနဲ့ဖျော် ဖျော်ပြီးသားအနှစ်ထဲကို ဗူးသီးစိတ်ကလေးတွေနှစ်ပြီး ဆီထဲကိုထည့်ကျော်ကြတာပါ၊တချို့ကတော့ ကောက်ညှင်းဆန်မှူံ့ သို့မဟုပ် အကြော်မှူံ့ဆိုပြီး သီးသန့်လာတာလေးတွေထည့်ကြော်ကြပါတယ် မနက်ပိုင်းအိပ်ယာနိုးပြီဆို အကြော်ဆိုင်ကိုပြေးရတာမနက်တိုင်းပါ့ တခါတလေ ပါဆယ်ထုပ်ဝယ်လာပြီးအိမ်မှာထမင်းကြော်နဲ့ရေနွေးနဲ့မိသားစုလိုက်ပျော်ပျော်ပါးပါးစားကြသောက်ကြတာပေါ့ဗျာ