Are you remember me?

Words
42
Reading
1 min
Listen
Play
9y

image

သတိရသေးရဲ့လား
တစ်ချိန်က
နင်နဲ့ ခွဲခွာခါနီး မျက်ရည်လေးတစမ်းစမ်းနဲ့
အစစရာရာ ဂရုစိုက်ဖို့ အမြဲမှာတတ်တဲ့
ကောင်မလေးတစ်ယောက်ကို

သတိရသေးရဲ့လား
တစ်ချိန်က
နင် မျက်နှာတစ်ချက်ညိုးမှာကို စိတ်ပူလို့ နင့်အရိပ်အခြေကို
အမြဲဂရုတစိုက် လိုက်ကြည့်တတ်တဲ့
ကောင်မလေး တစ်ယောက်ကို

သတိရသေးရဲ့လား
တစ်ချိန်က
နင် မချစ်တော့မှာကြောက်လို့
နင်လိုအပ်သမျှ ဖြည့်ဆည်းရင်း
ချစ်သေးရဲ့လားလို့ အမြဲမေးတတ်တဲ့
ကောင်မလေးတစ်ယောက်ကို

သတိရသေးရဲ့လား
တစ်ချိန်က
နင်ထားခဲ့မှာကြောက်လို့
ခွဲမသွားပါနဲ့နော်ဆိုပြီး အားကိုးတကြီး
မျက်လုံးတွေနဲ့ အမြဲကြည့်တတ်ခဲ့တဲ့
ကောင်မလေးတစ်ယောက်ကို

သတိရသေးရဲ့လား
အခုချိန် နင်ကိုလွမ်းတဲ့စိတ်နဲ့
တိတ်တိတ်လေး ကြိတ်ငိုနေမယ့်
ကောင်မလေးတစ်ယောက်ကို

Are you remember me? | Ecency