(၂)
မတြာဝက် အ-သရသံတို့၏နောက်၌ သံနူံဗျည်း ရှိလျှင် အသံမပြောင်းပါ။
ဥပမာ
ပ ထွေး ပထွေး
တ ခု လပ် တခုလပ်
အ စား အ စာ အစားအစာ
ရှေ့ကသံနူံ့ သံထင်ဖတ်လျှင် မတြာဝက်ပင်ဖြစ်သော်လည်း နောက်ကသံနူံ့ကို သံထင်ပင်ဖတ်ရသည်။
ဥပမာ
စ ပါး ဇဗား
သတင်းစာ သှဒင်းဇာ
(၃)
အခြားသော အသတ်(သို့)အခြားသော သရ တို့၏နောက်၌ သံနူံ့ဗျည်းရှိလျှင် သံထင်သို့ပြောင်းသည်။
ဥပမာ
ဆန်စက် ဆန်ဇက်
ပေတံ ပေဒံ
(၄)
စကားလုံးကို အသံထုတ်ရာ၌ အဓိပ္ပါယ်ကို လိုက်ကာ ပုဒ်တစ်ခုတည်းရည်ရွယ်ပါက တဆက်တည်း အသံထုတ်ပြီး ပုဒ်နှစ်ခုအဖြစ် ရည်ရွယ်ပါက ခြား၊နား၊ရပ်၊ဖြတ် ၍အသံထုတ်ကြသည်။တဆက်တည်း အသံထုတ်လျှင် က၊စ၊တ၊ပ-သတ် နောက်နှင့် မတြာဝက် အ-သရသံနောက်မှ မဟုတ်လျှင် သံနူံ့တို့သည် သံထင်သို့ပြောင်လေသည်။
ဥပမာ
တဆက်တည်းသံ
ထမင်းချက် ထမင်းဂျက်
စကားကျ ဇဂဂျာ့
ခြား၊နား၊ရပ်၊ဖြတ် သံ
ထမင်းချက်(သည်) ထမင်းချက်
စကားကျ(သည်) ဇဂါးကျာ့
၁မှ၎အထိ အသံပြောင်းပုံတို့သည် ရှေ့တွင်ပါသော အသံ၏လွှမ်းမိုးမှုကို ခံရခြင်းကြောင့် အနောက်တွင်ပါလာသောသံနူံ့တို့သည် သံထင်သို့ပြောင်းသွားခြင်းဖြစ်သည်။
ကိုးကား- မြန်မာအဘိဓါန် အကျဉ်းချုပ်