About Myanmar Literature  (3)

Words
39
Reading
1 min
Listen
Play
9y

ကိုးလုံးသောဗျည်းဖြစ်သော က၊ခ၊စ၊ဆ၊တ၊ထ၊ပ၊ဖ၊သ တို့သည်ခပ်ပေါ့ပေါ့အသံထုပ်ရသည်။ထွက်လာသောအသံမှာခပ်ဖော့ဖော့သာ အားထုတ်ရသောကြောင့်ထင်ထင်ရှားရှားမဟုတ်ပါ။ထိုအရာကို သံနူံ့ ဟုခေါ်သည်။ခပ်ပြင်းပြင်း ခပ်တင်းတင်း အားထုပ်ရသဖြင့် ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာသော အက္ခရာ ဂ၊ဇ၊ဒ၊ဗ၊ တို့ကို သံထင်ဟုခေါ်ပါသည်။သံနူံ့မှသံထင်သို့ပြောင်းခြင်းများလည်းရှိပါသည်။

က-သတ်၊စ-သတ်၊တ-သတ်၊ပ-သတ်တို့သည် သံနူံ့ဗျည်းတို့၏ရှေ့တွင်ရှိလျှင်အသံမပြောင်းပါ၊

ဥပမာ- သတ် ပုံ သတ်ပုန်
တပ် ကြပ် တတ်ကျတ်
ထုပ်ဆီး တိုး ထုတ်ဆီးတိုး

သို့သော် အသတ်ရှေ့တွင်မူလသံထင်ရှိလျှင် မူလသံထင်အတိုင်းပင်ထွက်သည်။

ဥပမာ- သစ် ကြံပိုး သစ်ဂျပိုး
စက် ခေါင်း စက်ဂေါင်း

ကိုးကား-မြန်မာအဘိဓာန် အကျဉ်းချုပ်

ayenanda@ayenanda

About Myanmar Literature  (3) | Ecency