(၅)
မည်သည့်အသံ လွှမ်းမိုးမှုမပါပဲမူလ အစတည်ဗျည်းတို့ သံနူံ့မှသံထင်သို့ ပြောင်းသည်မှာအများအပြားပင်
ဥပမာ
ခေါင်းရှုပ် ဂေါင်းယှုတ်
ထိုး ဒိုး
ပုံ ဗုံ
ပြော ဗျော
(၆)
မတြာဝက် အ-သရသံ အစချီသောစကားလုံးများတွင် နောက်မှ သံထင်၏လွှမ်းမိုးမှုကြောင့် ရှေ့မှသံနူံ့တို့သည် သံထင်သို့ပြောင်ကြသည်လည်းရှိသည်။
ဥပမာ
စကား ဇဂါး
သပြေ သှဗျေ
တကောင် ဒဂေါင်
(၇)
နှာသံဗျည်းဖြစ်သော င၊ည၊န၊မ တို့သည်တချို့သော ဗျည်းတို့ကို ရွတ်ဆိုစဉ်တွင် ဗျည်းသံမပြောင်းသော်လည်း ဟထိုးသံ နှင့် ယပင့်သံ ပိုလာခြင်း၊လျော့လာခြင်းတို့ကိုတွေ့ရသည်။
ဥပမာ
ဟထိုးသံပိုလာခြင်း
ကြေးမုံ ကျေးမှုန်
မင်အိုး မှင်အိုး
ဟထိုးသံလျော့သွားခြင်း
ကိုယ်စားလှယ် ကိုဇလယ်
မှုးမတ် မူးမတ်
ယပင့်သံပိုလာခြင်း
ပညာ ပျင်ညာ
ပစ္စည်း ပျစ်စီး
မေတ္တာ မျစ်တာ
ယပင့်သံလျော့သွားခြင်း
နက်ဖြန် နက်ဖန်
မြွေ မွေ
စသည်တို့ဖြစ်ပါသည်။
ကိုးကား-မြန်မာအဘိဓါန်အကျဉ်းချုပ်