သရက်ပင်စိုက်သလို သဘောထားကြစို့

Words
278
Reading
2 min
Listen
Play
8y

Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ အခုဆိုရင် Steem ဈေးတွေကလည်းတရိပ်ရိပ်နှင့် ပြန်တက်လာခဲ့ပြီဖြစ်တာကြောင့် ကျွန်တော်အပါအဝင် စာဖတ်သူ စာရေးသူများလည်း ပျော်နေကြလောက်ရောပေါ့ဗျာ။ ဈေးတက်ရင် ကိုရေးထားတဲ့စာမှာ သူများလာဘုတ်ပေးရင် ပိုက်ဆံပိုရတယ်လေ။
ဈေးတွေကျတုန်းကတော့ စိတ်ပျက်ခဲ့ကြမှာ အမှန်ပဲ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်လဲ အဲ့လိုခံစားရလို့ဆိုပါတော့။
How-Do-I-Feel-2.jpg
Image source

ဈေးတွေကျတုန်းက စာတောင်သိပ်မရေးချင်သလိုပဲ ခံစားမှုက ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ ဘယ်လောက်ဈေးကျကျ တစ်ရက်တစ်ပုဒ်နှုန်းနီးနီးလောက်မပျက်ကွက်အောင် ရေးလာခဲ့ပါတယ်။ အဲဒီမှာ တစ်ချို့လူများရဲ့ စိတ်ခံစားမှုအခြေနေကို နည်းနည်းသုံးသပ်ကြည့်ရရင် ဈေးကျတုန်းက စိတ်ပျက်ပြီး စာမရေးကြပေမဲ့ ဈေးတွေတက်လာပြန်တော့လည်း ပြန်ကျလာမှာစိုးပြီး တက်တုန်းရောင်းချင်ကြတာပါပဲ။ အသုံးလိုလို့ ပါဝါတွေဒေါင်းပြီးရောင်းချင်လာကြတယ်ပေါ့နော်။ ပါဝါဒေါင်းတာမဒေါင်းတာနှင့် ရောင်းတာဝယ်တာဟာ ကိုယ့်ရဲ့ အကောင့်ကို ကိုယ်ကြိုက်သလို လုပ်ကြတာမို့ ကျွန်တော်တို့ အနေနှင့် ဘာမှမပြောလိုပါဘူးခင်ဗျာ။ သို့သော် steemit အပေါ်ထားတဲ့ သဘောထားလေးကို အမြင်တစ်မျိုးလေး ထားနိုင်ရင် အဆင်ပြေကြမယ် စိတ်သက်သာရာ ရကြမယ်ထင်ပြီး ဒီစာကို ရေးတာပါပဲ။
aed09849dc12981cd348297dd974a107.jpg
Image source
အမြင်တစ်မျိုးလေးထားကြမယ်။ ဘယ်လိုထားမလဲ။ ဟုတ်ကဲ့ပြောပြပါ့မယ်။ ကျွန်တော်တို့ မူလတန်းမှာတုန်းက သင်ခဲ့ရတဲ့ စာလေးတစ်ပုဒ် မှတ်မိကြမယ် ထင်ပါတယ်။ အိမ်ရှေ့ မင်းသားရယ် အဖိုးကြီးတစ်ယောက်ရယ် သရက်ပင်ရယ်လေ။ အိမ်ရှေ့မင်းသားက မြင်းတစ်ကောင်စီးပြီးခရီးထွက်လာတုန်း အဖိုးအို သရက်ပင်စိုက်နေတဲ့ ခြံရှေ့ရောက်လာပါတယ်။ အဖိုးအိုက ခဏနားနေဖို့ နေရာပေးပြီး သူ့ခြံထဲက ထွက်တဲ့ သရက်သီးကို ခွဲကြွေးပါတယ်။ အိမ်ရှေ့မင်းသားကလည်း သရက်သီး သုံးဆောင်ရင်း အဖိုးအိုနှင့် စကားစမြီပြောဖြစ်ကြတယ်လေ။
education-gateway-classroom-courses-english-conversation-level-2.png
Image source
အိမ်ရှေ့မင်းသားက အဖိုးအိုကိုမေးတယ်။ အဖိုးအနေနဲ့အသက်ကလည်းကြီးလှပြီပေါ့။ အဖိုးအခုစိုက်နေတဲ့ သရက်ပင်ကအသီးကို အဖိုးစားရမယ်လို့ ထင်ပါသလား မေးတယ်။ အဖိုးအိုက ပြုံးတယ်။ သူအခုစိုက်နေတဲ့ သရက်ပင်က အသီးကို သူစားရမယ်လို့ မထင်ပါဘူးလို့ အိမ်ရှေ့မင်းသားကို ပြန်ဖြေလိုက်တယ်။ အိမ်ရှေ့မင်းသားက အဖိုးအခုစိုက်နေတဲ့ သရက်ပင်က အသီးကို အဖိုးကိုယ်တိုင် စားရမယ်မထင်ပါပဲနဲ့ ဘာဖြစ်လို့ အပင်ပန်းခံပြီး စိုက်နေသေးလဲ မေးတယ်။

အဖိုးအိုက သရက်ခြံထဲမှာ ရှိတဲ့ အကြီးဆုံးသရက်ပင်ကြီးကို လက်ညိုးထိုးပြပြီးတော့ ဒီသရက်ပင်က သူစိုက်ထားတာမဟုတ်ပဲ သူရဲ့ဘိုးဘေး တွေစိုက်ထားခဲ့တဲ့အကြောင်းပြောပြတယ်။ ဘိုးဘေးတွေ စိုက်ထားခဲ့တဲ့အတွက် သူစားနေရကြောင်း။ အခုသူစိုက်နေတဲ့ အပင်ကလည်း သူစားဖို့ အတွက်မဟုတ်ပဲ နောင်လာနောက်သားတွေ စားဖို့ စိုက်တာသာဖြစ်ကြောင်း ရှင်းပြလိုက်တော့ အိမ်ရှေ့ မင်းသားသဘောပေါက်သွားတယ်ပေါ့ဗျာ။
37501368-understood-vector-word-on-red-concrete-wall.jpg
Image source
အခုပြောတဲ့အကြောင်းအရာက အားလုံးသိပြီးသားဟာလေးပါ။ ထင်သာမြင်သာရှိအောင် ဥပမာပေးလိုက်တာပါ။ ကျွန်တော်တို့တွေ steemit ဆိုတာကို မသိခင်ကာလက တစ်ခြားဆိုရှယ်မီဒီယာတွေပေါ်မှာပဲ အချိန်တွေ ပိုက်ဆံတွေ အကုန်ခံပြီး ဖြုန်းခဲ့ကြသေးတာပဲလေ။ steemit မှာကြတော့ အချိန်ကုန်ရကျိုး ဘေကုန်ရကျိုးနပ်တယ်လေ။ ကိုယ်က စာရေးတင်ရင် ပိုက်ဆံရသလို ကိုယ်ကကြိုက်လို့ ဘုတ်ပေးရင်လည်း သူရောကိုရော အကျိုးရှိတဲ့ မီဒီယာဆိုတာ အားလုံးသိကြပြီးသားပဲ။
steemit.jpg
Image source
အဲဒီတော့ တစ်ခြားဆိုရှယ်မီဒီယာသုံးနေရင်လည်း ဘေကုန်မှာအတူတူ steemit သုံးတာက အကျိုးရှိတယ်လေ။ ဈေးတက်ခြင်းကျခြင်းနှင့် စိုးရိမ်သောက ကင်းဝေးအောင် အဖိုးအို သရက်ပင်စိုက်သလို သဘောထားကြရင် အဆင်ပြေမလား တွေးကြည့်တာပေါ့ဗျာ။ အခု steemit သုံးနေတာကို ကိုယ့်အတွက်လို့ သဘောမထားပဲ ငါ့သား ငါ့သမီးလေးကြီးလာရင် သူ့ကိုပေးလို့ရမဲ့ အမွေတစ်ခုလို့ သဘောထားလိုက်ရင် ဈေးကျကျတက်တက် သောကသိပ်မရှိနိုင်တော့သလို တစ်ချိန်မှာ ကိုယ့်မျိုးဆက်အတွက် စုဆောင်းထားပြီးသားလည်း ဖြစ်သွားမယ်လေ။
85549182-boy-and-girl-collect-fruit-harvest-vector-illustration-with-children-that-collect-apples-and-pears-i.jpg
Image source
ဒီကြားထဲမှာ ဈေးတွေမတရားတက်လာခဲ့ရင်လည်း ကိုယ်စိုက်ထားတဲ့ အပင်လေးက သီးတဲ့အသီးကို ကိုယ်တိုင်ခံစားခွင့်ရမှာ ဖြစ်သလို ကိုယ်မခံစားရတောင် ကိုယ့်သားသမီးအတွက် ကျန်ခဲ့မဲ့ အမွေလို့ သဘောထားလိုက်ရင် ဈေးတက်ခြင်း ကျခြင်းအပေါ်မှာ တုန်လုပ်မှု မရှိနိုင်တော့တဲ့အပြင် steemit သုံးနေတဲ့ ရည်ရွယ်ချက်ကိုက အနှစ်သာရသိပ်ရှိသွားနိုင်ပါတယ်။
250px-Clue_TV_series_logo.jpg
Image source
ဆိုတော့ကား ကျွန်တော်တို့ အခု steemit မှာ စာရေးခြင်းအလုပ်ကို လုပ်နေကြတာကို အဖိုးအို သရက်ပင်စိုက်သလို နောင်လာနောက်သားတွေအတွက်လို့ ပြောင်းလဲ သဘောထားလိုက်ကြရင် သားသမီးကို ပေးနိုင်မဲ့အမွေအနှစ် တစ်ခုလို့ သဘောထားနိုင်ကြရင် သုံးရတာအတော်ကို တန်ပါပြီဗျာ။ ဒါကြောင့်မို့ သရက်ပင်စိုက်သလိုသာ သဘောထားကြပါစို့ လို့တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်ဗျာ။

ယခုအကြောင်းအရာနှင့် ဆင်တူတဲ့ ဆောင်းပါမျိုးကို " စိုက်သည့်အတိုင်းပြန်လည်ရိတ်သိမ်းရမည် " ဆိုတဲ့အမည်နှင့် ကျွန်တော်ရေးထားဖူးပါတယ်။ စိတ်ဝင်စားရင်တော့ ဒီမှာ နှိပ်ပြီးဖတ်လို့ရပါတယ်။ လွန်ခဲ့သော ခုနစ်လကရေးထားတဲ့ဆောင်းပါးလေးပေါ့ဗျာ။ steemit တွင်စာရေးသားသောမြန်မာများ အောင်မြင်ကြသူများ ဖြစ်ကြပါစေဗျာ။

Author>>>aungzawhtwe@aungzawhtwe

MSC : 014

သရက်ပင်စိုက်သလို သဘောထားကြစို့ | Ecency