ကြိုး

aungtun(25)
Published in
#ecency
Words
48
Reading
1 min
5y
Listen to this post
~1 min

img_0.8424504572036864.jpg
google

အရှေ့ကို ယိမ်းလိုက် အနောက်ကို ယိမ်းလိုက်
ဟိုယိမ်း ဒီယိမ်း ရွဲ့ရွဲ့ယိုင်နေတဲ့ ကြိုးတန်းပေါ် လှမ်းလို့ကာ လျှောက်ခဲ့ကြတယ်။
အော် တံတားတစ်ခုပေါ်မှာ ချစ်အသဲနှလုံးသားနှစ်စုံဟာ သွယ်တန်းလို့ စီးဆင်းခဲ့တာ ဒီမြစ်တစ်စင်းပေါ်မှာလေ။
လိုက်ခဲ့တော့ကွယ် သေခြင်းတို့ပွင့်ရာ ကမ်းခြေဆီ ထာဝစဉ်မငြိမ့်မယ့် မီးလျှံကိုဖြည့်ဆည်းဖို့ မေ့လျော့ခြင်း နှင်းမှုန်ဖွဲ့ဖွဲ့အောက်မှာ သံယောဇဉ်များစွာ မပျက်အောင် လက်တွဲခဲ့ကြမယ်နော်။
ချစ်ခြင်းရဲ့ မျိုးစေ့တွေ မြေမှာ နစ်မြုပ်နေပေ့မယ့် သည်ဆောင်း လွန်ခဲ့ရင်ဖြင့်
ရာသီမိုးနဲ့ အတူ သူတို့နိုးထ ပွင့်လာကြဦးမယ်။
ကျိန်စာဆူးတွေ နေရာအနှံ့ပြန့်ကျဲလို့ မုန်းစိတ်ကလည်း စိမ့်စမ်းကို အရောင်ဆိုးခဲ့လို့ တွယ်တာ ရစ်နှောင် ဒီကြိုးလေးကို မြဲမြန်အောင် တုတ်နှောင်ခဲ့တယ်။
aungtun@aungtun

ကြိုး | Ecency