ဒီတစ်ခါPro Postတင်မယ်ဆိုပြီး
စဉ်းစားလိုက်တော့ ကိုယ်တိုင်နေ့စဉ်
ကြုံတွေ့ရတဲ့ဒဿနလေးတွေကို
ရေးပြမယ်လို့စိတ်ကူးမိတယ်။
ဟိုနေ့ကFacebookမှာဦးကျော်သူ
ရဲ့ဇနီးဒေါ်ရွှေဇီးကွက်ပြောသွားတဲ့
ပရဟိတသမားတွေ ထားရှိမဲ့အချက်
လေးတွေကိုသဘောကျမိပါတယ်။
သူကဘာပြောလဲဆိုတော့
"မင်းသမီးတောင် လူကြမ်းရိုက်တာခံ
ရမှအကယ်ဒီရတာ၊ ကျွန်မတို့ပရဟိတသမားတွေလည်း
ပတ်ဝန်းကျင်ကကြိုက်တဲ့သူရှိသလို
ဝေဖန်ပြစ်တင်ပြောဆိုတာမျိုးလည်း
ရှိမှာပါ။ဒါတွေကိုဥပေက္ခာပြုနိုင်ရမှာ"
ဆိုပြီးပေါ့။
ဒါကလည်းတကယ်တမ်းလက်တွေ့
မှာပရဟိတလုပ်တဲ့သူတိုင်းကြုံတွေ့
ကြရတာပဲ။ပရဟိတလုပ်တဲ့သူတိုင်း
မှာ"ငါကကောင်းတာလုပ်တာပဲ
ဒါကိုတခြားလူတွေက
ဘာလို့မထောက်ခံရတာလဲ၊
အားမပေးရတာလဲ၊
ဝေဖန်ပြစ်တင်ပြောဆိုနေရတာလဲ၊
စသဖြင့်……"တွေးဖူးကြပါလိမ့်မယ်။
ဒါကလည်းပရဟိတလုပ်တဲ့သူအချင်း
ချင်းသာနားလည်နိုင်မှာပါ။
တချို့ပရဟိတလုပ်တယ်ဆိုတာက
Poppinတစ်ခုအနေနဲ့ပါ။
မိမိအကျိုးစီးပွားတိုးတက်အောင်
မြင်ဖို့ ဒါမှမဟုတ် မိမိရဲ့ဂုဏ်သတင်း
ကျော်ဇောစေဖို့လုပ်တာမျိုးတွေပေါ့။
တချို့ကလည်း ပရဟိတသမားဆိုတာ
ကိုCoverယူထားပြီးနောက်ကွယ်မှာ
ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်မျိုး
တွေကိုလုပ်ကြတယ်။
တချို့ကျလည်းလှုပ်ရှားမှုကို
Social Mediaတွေမှာဖော်ပြချင်လို့
(ဥပမာ-ရေလွှမ်းတဲ့နေရာတွေကို
သွားရောက်လှူဒါန်းတာမျိုးပေါ့)
ဒီနေရာကျွန်တော်ပြောချင်တာ
တကယ်လိုအပ်တဲ့နေရာတွေ
အခက်အခဲဖြစ်နေတဲ့နေရာတွေကို
သွားရောက်လှူဒါန်းတာမျိုးကို
ဖြစ်စေချင်တာပါ။တချို့ရွာတွေဆိုရင်
နှစ်စဉ်နှစ်တိုင်းရေတက်ပါတယ်။
အိမ်တွေဆိုရင်ခြေတံရှည်အိမ်တွေ
ပါ။ရေတက်ပြီးရေပြန်ကျသွားတဲ့အခါ
မှသီးနှံစိုက်ပျိုးလို့ရတာပါ။
ဒီလိုရွာမျိုးတွေကိုသွားပြီးလှူဒါန်း
နေရင်တော့ တကယ်လိုအပ်တဲ့ရွာ
တွေကျမရတော့ပါဘူး။
လှူတယ်ဆိုတာကဒါနကုသိုလ်ဖြစ်
လို့ဘယ်သူ့ကိုပဲလှူလှူစေတနာသုံး
တန်နဲ့သာလှူရင်အကျိုးထူးရရှိပါတယ်။
ဒါပေမဲ့လည်း ခုနကပြောခဲ့သလို
ပတ်ဝန်းကျင်ကပြစ်တင်ဝေဖန်ပြော
ဆိုတာမှာ အနည်းနှင့်အများဆိုတာ
ရှိမှာပါ။အဲ့ဒါကလည်းကိုယ်လုပ်တဲ့
ပရဟိတအလုပ်ရဲ့ထိရောက်မှု
ရှိ/မရှိပေါ်မူတည်သွားတာပါ။
ပရဟိတသမားဆိုတာက
ဗြဟ္မာဝိဟာရ(ဝါ)ဗြဟ္မာစိုရ်တရား
လေးပါးကိုလက်ကိုင်ကျင့်သုံးရမှာ
ဖြစ်ပါတယ်။
ဗြဟ္မာဝိဟာရ(ဝါ)ဗြဟ္မာစိုရ်တရား
လေးပါးကတော့ မေတ္တာ၊ကရုဏာ၊
မုဒိတာ၊ဥပေက္ခာ တို့ဘဲဖြစ်ကြပါတယ်။
ဤဗြဟ္မာဝိဟာရလေးပါးကို
ကျင့်သုံးမယ့်သူဟာဖြောင့်မတ်ခြင်း၊
နူးညံ့သိမ်မွေ့ခြင်း၊ရောင့်ရဲလွယ်ခြင်း၊
တည်ငြိမ်ခြင်းစတဲ့အချက်တွေနဲ့
ပြည့်စုံဖို့လည်းလိုပါတယ်။
မေတ္တာတရားအနေနဲ့ကတော့
မိမိလက်လှမ်းမိသလောက်ထားရမှာ
ဖြစ်ပါတယ်။ကာယကံမေတ္တာ၊
ဝစီကံမေတ္တာနှင့်မနောကံမေတ္တာ
တို့ဆိုပြီးသုံးမျိုးရှိရာ၌ မနောကံ
မေတ္တာအနေနဲ့မိမိကိုယ်ကိုမှစပြီး
သက်ရှိသတ္တဝါအပေါင်းကို
"ကျန်းမာ ချမ်းသာကြပါစေ"ဟူ၍
ပွားများရမှာဖြစ်ပါတယ်။
ကိုယ်စိတ်နှစ်ပါးစလုံးဆင်းရဲနေသူ
များအပေါ်မှာတော့ကရုဏာတရား
ထားရှိရန်လိုအပ်လှပါတယ်။
မုဒိတာတရားထားခြင်းဆိုသည်မှာ
သူတစ်ပါးတို့၏ကြီးပွားချမ်းသားခြင်း
အပေါ်ကောင်းချီးပေးကာ
ဝမ်းမြောက်ဝမ်းသာပြုရပါ့မယ်။
များသောအားဖြင့်လူတွေဟာ
မနာလိုစိတ်အားကြီးတတ်ကြသော
ကြောင့်မုဒိတာတရားကိုကျင့်သုံးရန်
မှာ မေတ္တာတရားနှင့်ကရုဏာတရား
တို့ကိုကျင့်သုံးရန်ထက်ပို၍ခက်ယဉ်း
ပါတယ်။
နောက်ဆုံးအချက်ဖြစ်တဲ့
ဥပေက္ခာတရားကတော့ ချစ်ခြင်း၊
မုန်းခြင်းမရှိဘဲအညီအမျှသဘောထားတာ အသင့်အတင့်နှလုံးသွင်း
တာကိုဆိုလိုပါတယ်။ဒီနေရာမှာ
သတိထားရမှာကဥပေက္ခာပြုတာနှင့်
လျစ်လျူရှုတာမတူပါဘူး။
တချို့ကမုန်းရန်လျစ်လျူရှုလိုက်ကြ
တာမျိုးရှိလို့ပါ။
ရန်သူ၊မိတ်ဆွေမခွဲခြားဘဲတန်းတူ
ထားပြီးဥပေက္ခာပွားများနိုင်ဖို့က
တော့စိတ်ဓာတ်မြင့်မြတ်ကြံခိုင်သူတွေ
ပဲလုပ်လို့ရတာပါ။
ဒီတော့လူတိုင်းလူတိုင်းဟာ
ဗြဟ္မဝိဟာရတရား(ဝါ)ဗြဟ္မစိုရ်
တရားလေးပါးကိုသာလိုက်နာကျင့်
သုံးမယ်ဆိုရင် မြတ်မြတ်သောအကျင့်
ကိုကျင့်ကြံတယ်လို့ပြောနိုင်ပါတယ်။
အထူးသဖြင့်တော့ပရဟိတလုပ်မယ့်
သူတွေပိုပြီးလိုက်နာကျင့်သုံးရမှာ
ဖြစ်ပါတယ်။
စာဖတ်သူတို့ရဲ့ဘဝမှာလည်း
စိတ်ဓာတ်မြင့်မြတ်ကြံခိုင်သူတွေ
ဖြစ်လာစေဖို့ဒီPostလေးနဲ့
တိုက်တွန်းရေးသားလိုက်ပါတော့
တယ်။
Written by:Aung Thar Kyaw
MSC-138