My Father is My Hero

Words
210
Reading
1 min
Listen
Play
9y

ကျွန်တော်ရဲ့ အဖေ
မိသားစု တာဝန်ကျေလွန်းတဲ့ အဖေ
ပြောစရာမရှိလောက်အောင် တာဝန်ကျေပွန်ပါတယ် အဖေ့လူမျိုး ဖြစ်အောင် သား ကြိုးစားပါ့မယ်
images.png
အမေရှိစဉ်က ပျော်စရာကောင်းတဲ့ မိသား ဘဝလေးပါ ကျွန်တော်က အရမ်းငယ်နေတော့ ပျော်စရာကောင်း တာ ၊မကောင်တာ၊အဆင်ပြေတာ ၊အဆင်ပြေတာ မသိခဲ့ပါဘူး ။စားချိန်တန်ရင် စားမယ် အိပ်ချိန်တန်ရင် အိပ်မယ်၊ လိုတာမရ ရင် ငိုမယ်
ဒါလောက်ပဲ သိတဲ့အရွယ် မှာ အမေ က မိသားစု ကနေ ထွက်ခွါသွားခဲ့ပါတယ်
ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့လမ်းကို အမေ တစ်ယောက်တည်း ထွက်သွားခဲ့လေပြီ၊
အဖေ ဘယ်လို ခံစားရမလဲ ဘယ်လောက်ထိ ကြေကွဲ ခဲ့မလဲ ဆိုတာကျွန်တော် အခု ပြန်ခံစားလို့ ရနေပါပြီ
အမေ မရှိတဲ့နောက် ကျွန်တော် နှင့် ကျွန်တော့် အစ်ကို အဒေါ်များရဲ့ အလို လိုက် ချစ်ခင် ကြ၊ လိုချင်တာတွေ ဝယ်ပေးကြ၊ စားချင်တာ တွေ ကျွေးကြ
ဝိုင်းချစ်ကြလို့  အမေ့ ကို တစ်ခဏ မေ့ခဲ့ပါတယ် အဖေနဲ့သာ ကျွန်တော်တို့  ပျော်နေခဲ့တာပါ
အစ်ကိုကတော့ သိတတ်နေပြီမို့ ကျွန်တော် လိုတာ သူလုပ်ပေး ပါတယ်
images(5).jpeg
တတိယ တန်း ရောက်ချိန်မှာ အမေ တစ်ယောက်ရဲ့ တန်ဖိုး သိခဲ့လေပြီ
အဖေရဲ့  အားပေး မှု နှင့် သာ ရှေ့ ဆက်ခဲ့ရတာပါ ။
သူငယ်ချင်း အမေ ကို ကြည့်ရင်း အားငယ်တတ်လေပြီ ကြိတ်ငိုခဲ့ရတာ လဲ မနည်းပါဘူး
ဒါပေမဲ့ စတုတ္ထတန်း ရောက်တော့ အမေ တစ်ယောက် အစား ရခဲ့ပါတယ် အမေနှင့် ညီအစ်မ အရင်းတွေ ဖြစ်လို့  အရမ်းကောင်းပါတယ် အမေ အရင်းလိုပါပဲ လူကြီး တွေ ကကျွန်တော် ညီအစ်ကို နှစ်ယောက် နှင့် အဖေ ကို အဆင်အောင် ပြုလုပ်ပေးခဲ့တာပါ
ဒါကြောင့်လဲ အလယ်တန်း၊ အထက်တန်း ပညာ ရပ်တွေ ကို သင်ယူနိုင်ခဲ့ပါ။
အခုဆို ဘွဲ့ လဲ ရခဲ့ပြီ အလုပ်တစ်ခု နှင့် အဆင်ပြေနေပါပြီ ။
ဘဝ က ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော် အဖေနှင့်အတူ အိမ်မှာနေရင်း
ပညာ မတတ်ပဲ အိမ်အလုပ် နှင့်သာ အသက်မွေး ရမှာပါ
images(6).jpeg
အဖေ့အမျှော်အမြင် ကြီးမားမှုကြောင့် ငါ့သားသမီးတွေ ငါ့လို ပင်ပန်းတဲ့ အလုပ်မလုပ်ရအောင် ပညာတတ်တွေဖြစ်အောင် ကျောင်းထားပေးခဲ့လို့ သာ ကျွန်တော်ဘွဲ့ရခဲ့တာပါ အရမ်းကျေးဇူးတင်ပါတယ်
ကျေးဇူးပြန်ဆပ်ခွင့်ရပါစေလို့  ဆုတောင်းပါတယ် ။
အဖေ ဟာ ကျွန်တော့် အတွက် မရှိမဖြစ်ပါ။
ကျွန်တော့်ကို အဘက်ဘက် ကထောက်ပံ့ပေးခဲ့ကြတဲ့ အစ်ကို၊အဒေါ် (အမေ) တို့ကိုလဲ ပြန်လယ် ကျေးဇူးဆပ်ခွင့်ရ ရ ပါလို ၏။
FB_IMG_1505066687650.jpg

Steemit Myanmar မှ သူငယ်ချင်းများလဲ မိဘ ကျေးဇူးဆပ်ခွင့်ရတဲ့ ပုဂ္ဂိုလ်ထူး များ ဖြစ်ကြပါစေ။
Good Luck

Credit:google image
Author:AungSannLwin

My Father is My Hero | Ecency