Origami Fish Photo Frames, How to Make them

Words
78
Reading
1 min
Listen
Play
2y

ဒီနေ့ ငါးပုံစံ paper photo frames နှစ်ခုကိုစက္ကူခေါက်၍ပြုလုပ်ထားပါတယ်။ ထိုတစ်ခုစီအတွက် စက္ကူပုံစံနှစ်မျိုးခေါက်ရမှာပါ။ ဦးခေါင်းပိုင်းနဲ့ အမြှီးအတွက်ပါ။ စက္ကူခေါက်ရတာက အရမ်းမခက်ခဲပါဘူး။ ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံနဲ့ပေတံ စသဖြင့်ပါ။

ပထမအဆင့်မှာ စက္ကူရဲ့အလျားနဲ့အနံကို 21cm စီတိုင်းတာ၍ ဖြတ်ပါတယ်။ ထိုစက္ကူကို တစ်ဝက်စီ နှစ်ကြိမ်ခေါက်၍ အလယ်မှတ်တစ်ခုကိုပြုလုပ်ပြီး ထောင့်လေးခုကို ထိုအမှတ်သို့ခေါက်ပါတယ်။ ထိုထောင့်တစ်ခုစီကို တစ်ဝက်ထပ်မံခေါက်၍ သူတို့ကို အတွင်းသို့ခေါက်ရမှာပါ။ လေးထောင့်ပုံစံ အဖြူရောင်စက္ကူကို အလယ်မှာထား၍ ထိုစက္ကူကို တစ်ဘက်သို့လှည့်ပြီး ထောင့်လေးခုကို အလယ်မှတ်သို့ ထပ်မံခေါက်ပါတယ်။ ထိုခေါက်ထားတဲ့နေရာတွေကို ကော်ကပ်ရမှာပါ။ အပေါ်နဲ့အောက်အစွန်းနှစ်ခုကိုလည်း ခေါက်ပါတယ်။

အမြှီးအတွက်စက္ကူကို 10.5cm ဖြင့်ဖြတ်၍ တစ်ဝက်ခေါက်ပါတယ်။ အခြားအစွန်းတစ်ဘက်ကိုလည်းခေါက်၍ အနားနှစ်ဘက်ကို အလယ်သို့ထပ်မံခေါက်ပြီး ဒါကိုတစ်ဝက်ပြန်ခေါက်ပါတယ်။ နောက်တစ်ဆင့်မှာ အမြှီးပုံစံရရန်ဖြန့်၍ ဦးခေါင်းပိုင်းနဲ့အတူတကွကော်ကပ်ပါတယ်။

အပြာနဲ့အဝါရောင်စက္ကူဖြင့် နောက်ထပ် photo frame တစ်ခုကိုလည်းပြုလုပ်ထားပါတယ်။

သူတို့ကတကယ့်ကိုလှပြီး အသုံးဝင်တာကြောင့် အရမ်းနှစ်သက်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

August 1, 2024
Written by asterkame@asterkame
By my photo & made by me

Origami Fish Photo Frames, How to Make them | Ecency