How to Make Paper Wall Hanging

Words
14
Reading
1 min
Listen
Play
7y

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​တစ်​ခုပြုလုပ်​ထားတာပါ။ပုံစံတစ်​မျိုး​လည်းဖြစ်​​အောင်​အဖြူ​ရောင်​ခွက်​​လေးနှင့်​ပန်းပွင့်​​ရောင်​စုံ​တွေ၊အရွက်​​တွေနှင့်​လှလှပပ​ဖြစ်​​အောင်​ပြုလုပ်​ထားတာပါ။

ပထမအဆင့်​မှာကတ်​ထူနှင့်​အဖြူ​ရောင်​စာရွက်​​ဖြင့်​ခွက်​ပုံစံဖြတ်​ကာ၊လက်​ကိုင်​ပုံစံတစ်​ခုလည်းထပ်​မံပုံဆွဲ၍ဖြတ်​ပါတယ်​။ပြီး​နောက်​ပန်းပွင့်​များ​ခေါက်​မှာပါ။အရွယ်​တူစက်​၀ိုင်းပုံများဖြတ်​၍အလယ်​မှ​ခေါက်​ချိုးပြီး၊​ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​မယ်​။ထိုစက္ကူ​ခေါက်​များတစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ကာ၊ပန်းပွင့်​ပုံပြုလုပ်​ပါတယ်​။ဆက်​လက်​ပြီးအရွက်​များလည်းဖြတ်​လိုက်​ပါတယ်​။

ဒီအဆင့်​မှာ​လေး​ထောင့်​ပုံကတ်​ထူတစ်​ချပ်​ကိုခရမ်း​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​ပြုလုပ်​ပြီးဖြစ်​တဲ့ပန်းပွင့်​အရွက်​များ၊ခွက်​ပုံစံ​တွေကိုပုံပါအတိုင်းလှပစွာပုံစံ​ဖော်​၍​ကော်​ကပ်​လိုက်​ပါတယ်​။

Written by asterkame@asterkame
MSC-008
By my photos & made by me

How to Make Paper Wall Hanging | Ecency