Beautiful Lavender Paper Flowers

Words
87
Reading
1 min
Listen
Play
2y

ဒီနေ့ lavender paper flowers ကိုပြုလုပ်ထားပါတယ်။ သူတို့ကို အရောင်နှစ်မျိုးဖြင့် ပြုလုပ်ထားပြီး၊ စက္ကူအလိပ်များနဲ့ သစ်ရွက်များလည်း ပြုလုပ်ရမှာပါ။ သူတို့ကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့်အဆင့်ဆင့် ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ ခဲတံနဲ့ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ အပြာနဲ့ပန်းရောင်စက္ကူ အပိုင်းနှစ်ခုကိုဖြတ်၍ အတူတကွ ကော်ကပ်ပါတယ်။ ဒါကိုတစ်ဝက်ခေါက်၍ အနားတစ်ဘက်မှာ အပိုင်းငယ်များဖြတ်ပါတယ်။ ထိုနည်းအတိုင်း နောက်ထပ်တစ်ခုကို ဖြတ်ရမှာပါ။ အစိမ်းရောင် စက္ကူအလိပ်တစ်ခုကိုခေါက်၍ ထိုစက္ကူအလိပ်မှာ ပြုလုပ်ပြီးတဲ့စက္ကူအပိုင်းနှစ်ခုကို ကော်ကပ်ပြီး lavender ပန်းပုံစံ ပြုလုပ်ပါတယ်။ နောက်ထပ်နှစ်ခုကိုလည်း ပြုလုပ်ပါတယ်။

ဒီအဆင့်မှာ အစိမ်းရောင်စက္ကူကို 7cm ဖြင့် အလျားအနံတူညီစွာဖြတ်၍ ပုံအတိုင်း အဆင့်ဆင့် ခေါက်ပါတယ်။ ထိုအပေါ်မှာ ပုံအတိုင်းပုံဆွဲ၍ ဖြတ်ပြီး ပန်းပုံစံကဲ့သို့ ပြုလုပ်ပါတယ်။ ဒါကိုတစ်ဝက်ထပ်မံဖြတ်၍ ထိုတစ်ခုစီရဲ့ အနားနှစ်ဘက်ကို အတူတကွကော်ကပ်ပါတယ်။ အောက်ခြေအစွန်းကို အနည်းငယ်ဖြတ်၍ flower stick နဲ့ ကော်ကပ်၍ဆက်ပါတယ်။

အခြားသစ်ရွက်ပုံစံခြောက်ခုကိုဖြတ်ပြီးနောက် flower stick တစ်ခုစီမှာ သစ်ရွက်နှစ်ရွက်စီကို ကော်ကပ်ပါတယ်။

ထိုပန်းတွေကအရမ်းလှပြီး တကယ့်ကို နှစ်သက်စရာကောင်းတယ်လို့ ထင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

December 13, 2024
Written by asterkame@asterkame
By my photos & made by me

Beautiful Lavender Paper Flowers | Ecency