ဒီစာအုပ်ကိုလူတိုင်းနီးပါးဖတ်ပီးကြဖို့မျော်လင့်ပါတယ်။မဖတ်ရသေးလျင်လဲဖတ်ကြဖို့တိုက်တွန်းလိုပါတယ်။ဤစာအုပ်ကို စာရေးဆရာကြီးဦးထင်လင်းက ဘာသာပြန်ဆိုထားတာပါ။မူရင်းစာရေးဆရာမအယ်လီနာပေါ်တာ(Eleanor H.Porter) ၏အဂ်လိပ်ဝတ္တူ Pollyanna ကိုမြန်မာဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ကချင်ဘာသာဖြင့်ပြန်ထားသည်လဲရှိသည်ဟု စာရေးဆရာကမိတ်ဆက်မှာထည့်သွင်းဖော်ပြထားသည့်အတွက် ကချင်လူမျိုးများအတွက်လဲ ဝမ်းသာစရာပင်။ဤစာအုပ်ရဲ့ပေးချင်တဲ့ message က စိတ်သဘောထားကောင်းဖို့ positive vibes တိုးပွါးစေဖို့လို့ထင်မြင်မိပါတယ်။ဆရာကြီးဟာဤစာအုပ်ကိုခေါင်းစဉ်တတ်ရာတွင် မေတ္တာဝါဒကိုအသုံးပြုလက်ကိုင်ထားသည့် ပေါ်လီယာနာလေးအား မေတ္တာရှင်မလေးဟုတင်စားကာ ဝတ္ထုစာအုပ်၏ခေါင်းစဉ်ကို ရိုးရှင်းစွာဖြင့် “မေတ္တာရှင်မလေး ပေါ်လီယာနာ”ဖြင့်သာ ဘာသာပြန်ဆိုခဲ့ပါသည်။
Photo from google
ဤစာအုပ်ကိုဖတ်မိတာကတော့ tik tokမှာ အသက်၂၅မပြည့်ခင်ဖတ်သင့်သည့်စာအုပ်များဟူသောခေါင်းစဉ်အောက်ကစာအုပ်ဖြစ်နေခဲ့သည်ကတကြောင်း စာအုပ်၏အမည်ပေါ်လီယာနာဆိုသည်မှာ ထူးဆန်းနေသည်ကတကြောင်း စာအုပ်မျက်နာဖုံးမှာ စိတ်ဝင်စားဖို့ကောင်းသည်ကတကြောင်း ဤသို့စိတ်ဝင်စားစရာအချက်များကြောင့်ဝယ်ဖတ်မိခဲ့တာပါ။သို့သော် ကျွန်မသွားရောက်ဝယ်ယူချိန်တွင် နဝမကြိမ်မြောက်ထုတ်ဝေထားသောပေါ်လီယာနာဝတ္ထုမှာ စာအုပ်အဖုံးပြောင်းသွားခဲ့ပြီဖြစ်သည်။ကောင်တာကအမကိုတောင် ပေါ်လီယာနာနော်အမဆိုတော့ သူက”ဟုတ်တယ်အဖုံးပြောင်းသွားတာ”ဟုဆိုတော့ ရင်နာမိသေးသည်။ဆွဲဆောင်ခဲ့သည်မာဤအဖုံးမှမဟုတ်ပဲ။သို့သော် အဖုံးကြည့်မှာမှမဟုတ် အထဲကစာဖတ်မာကိုး ဝယ်ခဲ့သည်။ဖတ်ခဲ့သည်။
စာအုပ်လေးကရိုးရှင်းပါတယ် အဓိကဇာတ်ကောင်ဖြစ်တဲ့ ကလေးမလေး ပေါ်လီယာနာ ရဲ့ဘဝဟာခက်ခဲကြမ်းတမ်းနေပေမဲ့ သူ့ရဲ့ချစ်လှစွာသောဖခင်သင်ကြားပေးခဲ့တဲ့ ဝမ်းသာတဲ့ကစားနည်း (the glad game)လေးကိုသာဆော့ကစားပြီး ဒုက္ခတွေကိုကျော်ဖြတ်ခဲ့တာပါ။ဒါပေမဲ့သူဟာ ဒီကစားနည်းကိုသူတစ်ယောက်ထဲကစားခဲ့သည်မဟုတ်ပဲ သူရောက်နေသည်ဒေသတခုလုံးကလူတေနဲ့ဆော့ကစားခဲ့တာပါ တစ်ဦးတစ်ယောက်ကလွဲလို့ပေါ့။
Photo from google
ဤထင်ရှားကျော်ကြားလှသည့် ပေါ်လီယာနာဝတ္ထုအား ရုပ်ရှင်ပြန်ရိုက်ထားကြသည်လဲရှိသည်။ကျွန်မတော့မကြည့်ရသေး။
ဒီစာအုပ်ဖတ်ပီးတဲ့အချိန်မာတော့သူ့လိုပဲ လုပ်နိုင်အောင်ကြိုးစားချင်ခဲ့ပါတယ်။ဖတ်ပီးတာတော့ကြာလှပါပြီ။သို့ပေမဲ့ခုချိန်ထိအကောင်ထည်မဖော်နိုင်သေး။positive vibe နည်းတာတော့မဟုတ်ပေမဲ့ လောကဓံရဲ့ ဆိုးကွက်တေခံရတဲ့အခါမာ သူ့လို ကောင်းကွက်ကိုရှာမကြည့်နိုင်သေးတာပါ။အနီးနားဉပမာ ပြရလျင် လွန်ခဲ့တဲ့၂ရက်၃ရက်က ကျွန်မအသက် ၂၁နှစ်ပြည့်ခဲ့သည်ကို လူအများက ၂၃ပြည့်သည်ဟုထင်ကြသည်။ရုတ်တရက်ဝမ်းနည်း၍ငါဒီလောက်တောင်ရုပ်ကရင့်နေတာလားဟုတွေးနေမိပါသည်။ပေါ်လီယာနာသာဆိုရင်ဖြင့် ၂၅ပြည့်တယ်လို့အထင်မခံရတာဝမ်းသာစရာဟုပြောလိမ့်မည်ဟု ထင်မိပါသည်။ကျွန်မလဲ ဤဝမ်းသာတဲ့ကစားနည်းလေးကိုကစားပါဦးမည်။ဤစာအုပ်က ငှါးလိုကလဲ ငှါးပါ့မည်။