About my university life 2

Words
177
Reading
1 min
Listen
Play
5y

ကျွန်မတို့ကျောင်းအကြောင်းကိုအပိုင်း ၂ အဖြစ်ပြောရမယ်ဆိုရင်ဖြင့် ထင်သာမြင်သာရှိစေရန် ကျောင်း၏အနေအထားတည်နေရာကနေစပြောပါရစေ။ဒီတခေါက်တော့ပုံတေအနည်းငယ်များသည့်အတွက်သီးခံကြည့်ရှုပေးပါ။ကျောင်းဝင်းကြီးက အများအမြင်မှာရင်သတ်ရှုမောဖွယ်ပေမဲ့ အခြားတက္ကသိုလ်များကဲ့သို့ ကျယ်ပြန့်သောမြေအနေအထားတော့မရှိပေ။မေဂျာလိုက်ကျောင်းဆောင်များခွဲထားပီး ပင်မအဆောက်အဦးကြီး ၃ခုရှိသည်။

img_7551.png

img_7552.jpg

ထို့နောက် မဟာတန်းနှင့် စာကြည့်တိုက်အတွက်ကျောင်းဆောင်သတ်သတ်ရှိသည်။နောက်ဖက်တွင် ပါမောက္ခ ဆရာဆရာမများနေသည့်အဆောင်၊ကျွန်မတို့ကျောင်းမာ ကျောင်းသားများအတွက်အစိုးရအဆောင်ရှိသောလည်း နိုင်ငံခြားမှလာသော နိုင်ငံခြားသားများဦးစားပေးရသဖြင့် ကျွန်မတို့ကတော့ အစိုးရဆောင်မရပေ။မြန်မာစာလာရောက်သင်ယူကြသည့် နိုင်ငံခြားသားများအား ထိုအဆောင်တွင်ထားသည်။ကျောင်းတွင်း ရေကန်လဲရှိသည်။ကန်ဘေးပတ်ပတ်လည်တွင်တော့ ပုံထဲကအတိုင်းခုံတန်းများရှိပီး ကျောင်းသားများ အတန်းလစ်ပီဆိုလျင်ထိုနေရာတွင်သာ အများဆုံးတွေ့ရသည်။😂😂

img_7519.jpg

ကန်ဘောင်ဘေးတွင် ကန်တင်းကြီးရှိသည်။သိုသော် တစ်ခုတည်းသောကန်တင်းဖြစ်သည်🥴။

img_7459.jpg
Source [https://m.facebook.com/Mandalay-University-Of-Foreign-Languages-MUFL-2418270264851592/]
ထိုဘေးတွင်တော့ မြေကွက်လပ်ကြီးရှိသည်။ထိုမြေကွက်လပ်တွင် ရှေးဟောင်း ဂျစ်ကားကြီးများရပ်ထားပီး ကျောင်းတွင်းထမနဲထိုးပွဲကျင်းပရာနေရာဖြစ်သည်။

img_7539.jpg

img_7553.png
ဥယျာဉ်တွင်း ပဲများနေသည့်ကျွန်မ

img_7520.jpg

img_7536.jpg

ကျောင်း၏ပရဝဏ်မျက်နာစာရှေ့တွင်တော့ မေဂျာပေါင်းစုံ၏ အထိန်းအမှတ်ဉယျာဉ်ငယ်ကလေးရှိသည်။ကျောင်းတွင်း ကျောင်းသားကျောင်းသူများ အဆင်ပြေစေရန် AYA,KBZ atm စက်များလဲထားရှိပေးထားသည်။ကျောင်း၏အသွင်အပြင်ကတော့ပြည့်စုံလောက်ပီထင်၏။

စည်းကမ်းကတော့အထက်တန်းကျောင်းအလားပင်။နိုင်ငံခြားဘာသာတက္ကသိုလ်ဖြစ်သည်ကတကြောင်း နိုင်ငံခြားသားများ လာရောက်သင်ကြား၊သင်ယူနေသည်က တကြောင်း ကျောင်းတွင် ဆံပင်အရောင်ဆိုးခွင့်မရှိပါ။အမဲ၊အညိုသာဖြစ်ရမည်။ ၁၀တန်းပီးကာစ ဆံပင်လေး high light ဖောက်ကာ အရောင်လှလှလေးဆိုးထားသည့်ကျွန်မအဖို့ အိမ်မက်ဆိုးအလား ကျောင်းမတက်ခင်တရက်အလို မဲဆေးပြန်ဆိုးခဲ့ရသည်😢။

img_7524.jpg

နောက်တချက်က ကျောင်းတွင် ဘောင်းဘီဝတ်ခွင်မရှိ ထဘီ၊လေးလွာတို့ဖြင့်သာ ကျောင်းတက်ရသည်။ သုံးလွှာတောင်ဝတ်ခွင့်မရှိ။ခိုးဝတ်လို့မရဘူးလားဆိုသောအမေးအတွက် ကျောင်းဂိတ်ပေါက်ဝတွင် မေဂျာပေါင်းစုံမှဌာနမှူးများ ပထမချိန်စသော ၉နာရီမှ ၁၀နာရီထိစောင့်သည်။မယုံမရှိပါနဲ့ အမှန်တရားတေပါ။အနီးအနားမှာ MUFL ကျောင်းသူများရှိလျင်မေးကြည့်ပါ။ဒုတိယချိန်မှစစသွားရင်တော့မသိ🤭။အကျီလဲ ချိုင်းပြတ်ဝတ်၍မရ၊ဟိုပေါ်ဒီပေါ်များလဲမရပါ။ဝတ်သွားတော့ဘာတတ်နိုင်မလဲဆိုလျင်လဲ မရပါ ကျောင်းဝင်သို့လုံးဝပေးမဝင်ပါ။ဂိတ်ပေါက်ဝမှပြန်လဲခိုင်းသည်။ဘယ်မေဂျာကကျောင်းသူလဲမှတ်၍ ထိုမေဂျာဌာနမှူးဆီမှုကောင်း”ဆုံးမခံရလိမ့်မည်။တခါက ကျွန်မ ကျောင်းထဲအဝင် ကျောင်းထဲသို့ဘောင်းဘီဖြင့်ဆိုင်ကယ်စီးဝင်လာသော မိတ္တူဆိုင်မှအမကြောင့်ကျောင်းဝင်းအတွင်း ရုတ်ရုတ်သဲသဲတောင်ဖြစ်သွားသည်။ကျောင်းသူမဟုတ်တောင်မှ ဘောင်းဘီဝတ်ခွင့်မရှိပါ။ဘောင်းဘီဝတ်ခွင့်ရှိသူများကတော့ အခြားမဟုတ်မြန်မာစာလာရောက်သင်ယူနေကြသော တရုတ်မများကိုရီးယားမများကတော့ဝတ်ခွင့်ရှိသည်။ထို့အပြင် ယောကျ်ားလေးများလည်းဝတ်ခွင့်ရှိသည်။ကျောင်းသားကတ်လဲဆွဲမှဖြစ်မည်။ဂိတ်ပေါက်ဝတွင်မဆွဲလျင် ကျောင်းထဲပေးမဝင်။ကျောင်းခန်းထဲမဆွဲလျင် ဒဏ်ငွေဆောင်ရသည်။ထိုဒဏ်ငွေများကိုကျောင်းကထိန်တွင်ပြန်သုံးသည်။

img_7527.jpg

ကျောင်းတက်ချိန်၇၅%မပြည့်လျင်လဲ တစ်လတစ်လ ရုံးခန်းတွင်လက်မှတ်ထိုးရသည်။တနှစ်လုံးစာအတွက် ၇၅%မပြည့်လျင် စာမေးပွဲပေးမဖြေပါ🥴။
ကျွန်မတို့ကျောင်းသည် စည်းကမ်းကြပ်သလောက်အလွန်ပျော်ပွဲရွှင်ပွဲများသောကျောင်းဖြစ်သည်။ကျောင်းတွင်း၁၂လရာသီပွဲများသာမက မေဂျာပေါင်းစုံမှ နိုင်ငံပေါင်းစုံ၏အထင်ကရပွဲများလဲကျင်းပကြသည်။တွေးသာကြည့်လိုက်ကြပါတော့ ဘလောက်များတဲ့ ပွဲတေလဲဆိုတာ။
ကျောင်းစစတက်ချင်းကြုံရသည့်ပွဲကတော့ မောင်မယ်သစ်လွင်ကြိုဆိုပွဲပါပဲ။ထိုကြိုဆိုပွဲကို ကျောင်းကလည်းလုပ်ပေးသလို မေဂျာမှလဲကျင်းပပေးသည်။

img_7522.jpg

ကျောင်းကလုပ်ပေးသည့် ကြိုဆိုပွဲတွင် club ပေါင်းစုံမှ စီနီယာများက မဲဆွယ်ခေါ်ယူကြသည်။music club၊ပန်းချီ club၊literature club အစရှိသဖြင့်ဘဂျူနီယာများကိုနွေးထွေးစွာကြိုဆိုကြသည်။မေဂျာကပြုလုပ်ပေးသည့် fresher welcomeတွင်တော့ထုံးစံအတိုင်း မေဂျာ king queen ရွေးကြသည်ပေါ့။ထို့နောက်ဝါဆိုသင်္ကန်းကိုမေဂျာပေါင်းစုံမှ စုပေါင်းလှူဒါန်းကပ်လှူကြသည်။

img_7526.jpg

ထို့နောက် MUFLတွင်ကျင်းပလေ့ရှိသည့် မေဂျာပေါင်းစုံစျေးရောင်းပွဲမှာ အထူးကျော်ကြားလှသည်။မေဂျာပေါင်းစုံမှာ သူတို့ပြုလုပ်နိုင်သည့်မုန့်အမျိုးမျိုးကို ရောင်းချကြသည်။မေဂျာကိုယ်စားပြု ၂ယောက်က နိုင်ငံဝတ်စုံကိုဝတ်၍ရှေ့တွင် အလှပြရသည်။

img_7531.jpg

img_7546.jpg

img_7547.jpg

img_7545.jpg

img_7544.jpg

Source [https://m.facebook.com/Mandalay-University-Of-Foreign-Languages-MUFL-2418270264851592/]

စာပေဟောပြောပွဲများစွာလဲရှိသည်။

img_7550.jpg

img_7549.jpg
မေဂျာပေါင်းစုံထမနဲထိုးပွဲမှာလဲ အကြိတ်အနယ်
ဉယျာဉ်ပြိုင်ပွဲရှိသေးသည်။ကြားထဲ သနပ်ခါး campaign လဲရှိသေး။ထိုသနပ်ခါး campaign သို့လာသော camera man များမှာ ဒုနဲ့တေး။

img_7559.jpg

ဒါကတော့ကျောင်းယူနီဖောင်းပါ

img_0707.heic

img_7534.jpg

MUFL၏အားကစားပွဲများနှင့် မယ်ပြိုင်ပွဲများမှာလဲ ကျော်ကြားလျက်ရှိသည်။

img_7530.jpg

img_7529.jpg

ဘောလုံဝါသနာပါသည့်ကျွန်မကတော့ ထိုင်းမေဂျာ၏မိန်းကလေးဘောလုံးအသင်းမာပါဝင်ခဲ့ပါတယ်။

img_0496.jpg

img_0393.heic

MUFL ၏နာမည်အကြီးဆုံးပွဲကတော့ ကျောင်းပိတ်ခါနီးတွင်ကျင်းပလေ့ရှိသည့် သကြ်န်ပွဲတော်ဖြစ်သည်။

img_7473.jpg

img_7560.jpg
Source [https://www.facebook.com/media/set/?set=a.823074584713274&type=3]

img_7561.png

MUFL သို့မဟုတ် မိန်းမလှကျွန်း ဟုခေါ်သည်မာ အလကားမဟုတ်။MUFL မှ မိန်းကလေးများကတယ်လှကြသကိုး။အခြားကျောင်းမှ ကျောင်းသားများဤပွဲကိုအလွန်လာချင်ကြသည်။ဤသို့ပွဲတော်များကိုတော့ဆရာဆရာမများကမကြီးကြပ်။ကျောင်းသားကြီးများကကြီးကြပ်ပေးသည်။ကျောင်းသားကပ်ပါမှသာဝင်ခွင့်ရသောကျောင်းဖြစ်သည့်အတွက် အခြားကျောင်းမှကျောင်းသားများအဖို့တော့ ဤကျောင်းသကြ်န်ကာလအတွင်းကျောင်းသားကတ်များငှါးရရှာပါတော့သည်။
ပွဲများအားလုံး၏ပိတ်ပွဲကတော့ စာမေးပွဲပင်။ပွဲတော်အလွန်များသော်လည်း တနေ့စာတနေ့သေချာလိုက်လုပ်မှရသည်။၁၀တန်းလောက်တော့စာမများ၊သို့သော်ချသည်။ကျတတ်သည့်အတွက်စာလုပ်ကိုလုပ်ရသည်။

img_7562.jpg

ကိုဗစ်ကြောင့်ကျောင်းများပိတ်ထားခဲ့သော်လဲ ယခုကျောင်းသားများ တော်လှန်ရေးတွင်ပါဝင်နေကြသည်မှာ MUFLler ဖြစ်ရသည့်အတွက်ဂုဏ်ယူစရာပါ။

About my university life 2 | Ecency