ရွာလည်ခြင်း

Words
92
Reading
1 min
Listen
Play
5y

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီနေ့ Splinterlands က Daily Quest ပေးတာက Sneak Quest တဲ့... အဲ့ဒါက ဘာကတ်တွေနဲ့တိုက်မှ Quest ပြီးမယ်မှန်းမသိတော့ တောင်လုပ် မြောက်လုပ်နဲ့ ရှိသမျှ Rating လေးတွေ ကုန်သလောက်ဖြစ်ပါလေရောလားဗျာ... ဘာလုပ်ရမှန်းမသိ ရွာလည်နေခဲ့တာပေါ့ဗျာ... ကိုယ်ကမှနားမလည်လေတော့ နေ့စဉ် အဲဒီ Quest တွေနဲ့ အတော်တော့ ဉီးနှောက်ခြောက်သေကိုး... ဆိုးတော့မဆိုးပေဘူးဗျ... ဒီနေ့ SPS Token လေးကလည်း Claim တော့ 45.395 SPS ပဲရလိုက်တယ်(အဟဲ_ဒါကတော့ ကြွားစရာမရှိ ရှိတာလေးကြွားတာပေါ့ ☺)


sps.png


sneak_quest.png!


ဘာမှန်းမသိ ညာမှန်းမသိ ရမ်းသမ်းဆော်နေရတော့ကာ ရတာအမြတ်ပဲလို့ တွက်ရတာပဲလေ... ဟုတ်ဖူးလား... Splinterlands ကို စကစား ကတည်းက ယဉ်သကိုဆိုသလိုပါပဲ... ဘယ်ကတ်က ဘာလုပ်ရတဲ့ကတ်မှန်းမသိ ရမ်းသမ်း ဆော်နေတာဆိုတော့ကာ Daily Quest ကြီးနဲ့ ဘယ်လို တိုက်ရမှန်းမသိ နေ့စဉ်ရွာလည်နေခဲ့တာ‌ပေါ့ဗျာ... အဆိုးဆုံးကတော့ ဒီနေ့ Sneak Quest ပါပဲ... Rating လေးတွေကုန်ကာမှ "အော် ဒီလိုလား" သဘောနည်းနည်းပေါက်သွားလို့သာ အဲဒီ Sneak Quest အောင်ခဲ့တာပါပဲ... ရှုံးချက်ကတော့ သမိုင်းတွင်လောက်ပါပေတယ်ဗျာ ☺ ဘာမှတွေးထားတာမရှိသလို ဘာမှ ရေးထားတာမရှိလို့ ဒါလေးပဲ တင်လိုက်ပါတယ်ဗျာ...

အားလုံးကို လေးစားလျှက် -

ansoe@ansoe


ansoe_logo_leo.png

ရွာလည်ခြင်း | Ecency