ယနေ့သည် ကမ္ဘာ့တနင်္ဂနွေနေ့ဖြစ်ရာ ကျွန်တော်အနေဖြင့် တင်နေကျအတိုင်း ဓာတ်ပုံလေးများကိုသာတင်ပေးလိုက်ပါသည်။ ဓာတ်ပုံဆရာ စစ်စစ်မဟုတ်သည်ကတစ်ကြောင်း၊ ဓာတ်ပုံတို့၏ သဘောတရားကို ကောင်းစွာ နားလည်ခြင်းမရှိသောကြောင့်လည်းကောင်း၊ စိတ်ကူးတည့်ရာကိုလျောက်ရိုက်ထားသောပုံများဖြစ်သောကြောင့်လည်းကောင်း ပုံကောင်းများမဟုတ်နိုင်ပါ။ လိုအပ်ချက်များစွာ ဖြစ်ပေါ်နိုင်ပါသည်။ ဓာတ်ပုံဆရာအဖြစ် မရည်မှန်းသော်လည်း အမှားပြင်ပေးနိုင်လျှင်ကျေးဇူးတင်ပါသည်။
စစ်ကိုင်းမြို့မှာက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပေါပါတယ်။ နယ်တကာမှာ နာမည်ရနေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကတော့ နည်းမယ်ထင်ပါတယ်။ အဲဒီအထဲကမှ စစ်ကိုင်း IBEC ထိုက်သင့်သလောက်တော့ နာမည်ရနေပါပြီ။ အခုတင်ပေးလိုက်တဲ့ ဓာတ်ပုံတွေကတော့ စစ်ကိုင်း IBEC မှာ လူငယ် လူရွယ်တွေအတွက် ဖွင့်လှစ်ပေးခဲ့တဲ့ Buddha Youth Capacity Building Forum (၁၀) ရက်သင်တန်းက အချို့သော ပုံရိပ်များသာဖြစ်ပါတယ်။ ဘယ်မှလည်း ခရီးမထွက်နိုင်လေတော့ အနီးအနားကပုံတွေကိုပဲ ရိုက်တင်ပေးနိုင်ပါတယ်ဗျာ။
ယခု ဓာတ်ပုံများအားလုံးသည် အချို့ကို Sony Auto Camera လေးဖြင့်လည်းကောင်း၊ အချို့ကို Smart Phone ဖြင့်လည်းကောင်း ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ကိုယ်တိုင်ရိုက်ကူးသောပုံများ ဖြစ်ပါတယ်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ဓာတ်ပုံ(Photo) _
3-June-2018 တနင်္ဂနွေနေ့(Sunday)